အရေးကြီးဆုံးလို့ ထင်မှတ်တဲ့အရာထဲမှာ အိမ်ဆိုတာပါတယ်ဆိုတဲ့ ဖူးစုံ - Celebrity Interview on Property from iMyanmarHouse.com
3154 ကြိမ် ကြည့်ရှု့ပြီး

အရေးကြီးဆုံးလို့ ထင်မှတ်တဲ့အရာထဲမှာ အိမ်ဆိုတာပါတယ်ဆိုတဲ့ ဖူးစုံ

Posted by နန္ဒာယမင်း (iMyanmarHouse.com)

ပရိသတ်များရဲ့ ရင်ကို အနုပညာ ရသမျိုးစုံနဲ့ နှစ်အတော်ကြာ အနုပညာ လောကမှာ ရပ်တည်နေပြီး မိမိဘ၀ အတွက် အရေးကြီးဆုံး အရာထဲမှာ အိမ် ဆိုတာက ထိပ်ဆုံးကပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ မေမေနဲ့ ဖေဖေရှိတဲ့




နေရာလေးဖြစ်လို့ပါပဲဆိုတဲ့ ရုပ်ရှင်သရုပ် ဆောင် ဖူးစုံနှင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။









အခုလတ်တလော အနုပညာလှုပ်ရှား မှုအနေနဲ့က အစ်မက နိုင်ငံခြားခရီးစဉ် သွားရတာများတယ်။ ရန်ပုံငွေပွဲတွေ အတွက်သွားတာ အလှူငွေတွေကလည်း ကျပ်၁၅၀၀၀ ကျော်လောက်ရခဲ့တယ်။ အားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ပြီးသွား တယ်။ အခုလက်ရှိကတော့ အနုပညာ ဆည်းဆာရိပ်အတွက် ပြဇာတ်တိုက်နေ တယ်။ သင်္ကြန်လည်းနီးတော့ သင်္ကြန် ဖက်ရှင်အနေနဲ့ ကြိုက်တဲ့ Fashion မရှိပါဘူး။ သင်္ကြန်ဖက်ရှင်ဆိုပြီးတော့ အသစ်တွေ ထွက်နေတာ တွေ့တော့တွေ့တယ်။









ဧည့်ခန်း









ပြီးခဲ့တဲ့လတုန်းကတော့ အိမ်ကို ပြင်ဆင်မှုလုပ်တယ်။ ဒါပေမဲ့ အကြီးစား ပြင်ဆင်မှုမျိုးကြီးတော့ မဟုတ်ဘူး။ နည်း နည်းလေးအပြောင်းအလဲဖြစ်သွားအောင် ဧည့်သည်တွေလာတဲ့အခါ စိတ်ကြည်နူး မှုလေးရှိအောင်တော့ ပြင်ဆင်ထားတယ်။ ရေချိုးခန်း၊ ထမင်းစားခန်းပြင်ထားတယ်။ အဲလောက်ပါပဲ။









အိပ်ခန်း









အစ်မက အဖြူရောင် အရမ်းကြိုက် တော့ အခန်းကို အဖြူရောင်လေးသုတ် ထားတယ်။ အခန်းထဲမှာတော့ နေဖြစ်ပါ တယ်။ ကိုယ်ပိုင်နေရာလေးလည်းဖြစ်တော့ နေရတာ လွတ်လွတ်လပ်လပ်စွာနေလို့ရ တယ်လို့ ပြောလို့ရတဲ့နေရာလေးပေါ့။









ဘုရားခန်း









ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်တယ်။ ယုံယုံကြည်ကြည်ဘုရား မှန်မှန်ရှိခိုးတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ တတ်နိုင်သမျှ အလှူအတန်းတွေလုပ်ဖြစ် တယ်။ ပရဟိတ အလုပ်တွေ လုပ်ဖြစ်ပါ တယ်။









လက်ရှိနေတဲ့အိမ်ကို သိပ်မကြိုက်ဘူး။ အစ်မကြိုက်တဲ့စိတ်ကူးထဲက အိမ်ကလူ တွေနဲ့ ခပ်ဝေးဝေးသစ်ပင်များများနဲ့ တိတ်တိတ်ဆိတ်ဆိတ် အိမ်ပါသူများအတွက် တော့ အဲ့လိုအိမ်မျိုးက ပျင်းစရာဖြစ်ချင် ဖြစ်မယ်။ အစ်မကတော့ အရမ်းကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မိဘ တွေရှိနေကြ သေးရင် ပိုလို့တောင် ကျေနပ် စရာဖြစ်ဦးမယ်၊ အိမ်ကြီးတာသေးတာ ကိစ္စမရှိဘူး။









ရှေ့ဆက်လုပ်မယ့် အနုပညာလှုပ်ရှား မှုပြောရမယ်ဆိုရင် Tv series တွေရိုက်ဖို့ ရှိတယ်။ အခုရိုက်လက်စ Series က လေးလ ပိုင်း ၁ ရက်နေ့ MRTV မှာ ကပြပါ မယ်။ ပရိသတ်ကြီး ကျန်းမာချမ်းသာကြပါစေ။ ဖူးစုံကလည်း အမြဲကြိုးစားနေပါ တယ်လို့။










နန္ဒာယမင်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com
အရေးကြီးဆုံးလို့ ထင်မှတ်တဲ့အရာထဲမှာ အိမ်ဆိုတာပါတယ်ဆိုတဲ့ ဖူးစုံ - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)