Miss Myanmar World 2014 , အိမ်မက်ဆုံရာ season(4) ၏ 2nd Runner Up ဆုရှင် Wyne Lay ၏ ရိုးရှင်းမှုကို ကြိုက်နှစ်သက်သော နေအိမ်လေးနှင့် ပတ်သတ်ပြီး တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၃) - Celebrity Interview on Property from iMyanmarHouse.com
2046 ကြိမ် ကြည့်ရှု့ပြီး

Miss Myanmar World 2014 , အိမ်မက်ဆုံရာ season(4) ၏ 2nd Runner Up ဆုရှင် Wyne Lay ၏ ရိုးရှင်းမှုကို ကြိုက်နှစ်သက်သော နေအိမ်လေးနှင့် ပတ်သတ်ပြီး တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၃)

Posted by ပန်စုစုထွန်း (iMyanmarHouse.com)

ဝိုင်းလေးအနေဖြင့် ဘယ်လောက်အလုပ်ရှုပ်ရှုပ် တစ်နေ့တစ်ကြိမ် မိုးလင်းတိုင်း ဘုရားရှိခိုး ဆီမီးရေချမ်း ကပ်လှူဖြစ်ကြောင်း၊ ဘုရားပန်းများလဲဖြစ်ကြောင်း ပြောပြပေးခဲ့ပါသည်။ စိတ်ပင်ပန်းချိန်တိုင်း အပြင် လျှောက်သွားတာထက် ဘုရားခန်းထဲတွင် ထိုင်နေလိုက်လျှင်ပင် စိတ်ချမ်းသာမှုများ ရရှိကြောင်း ပြောပြပေးခဲ့ပါသည်။





ဆရာတော်များ၏ အဓိဋ္ဌာန်များကိုလည်း ယုံယုံကြည်ကြည်ဖြင့် ပူဇော်ဖြစ်ကြောင်း ပြောပြပေးခဲ့ပါသည်။ ဆွမ်းကပ်လျှင်လည်း ဆရာတော်တစ်ပါးကို ဆွမ်းကပ်လှူသည့်အတိုင်း ဆွမ်းခဲဖွယ် အစုံအလင်ဖြင့် ကပ်လှူပူဇော် ဖြစ်ကြောင်း ပြောပြပေးခဲ့ပါသည်။





ဝိုင်းလေးအနေဖြင့် ငယ်စဉ်ကတည်းမှ သူငယ်ချင်းများနှင့် လျှောက်လည် ရခြင်းထက် မိသားစုများဖြင့်သာ မိမိ၏ကိုယ်ပိုင် အချိန်များကို ကုန်ဆုံးလေ့ရှိကြောင်းနှင့် အိမ်ထဲတွင် မိမိ၏တူရိယာ ပစ္စည်းများကို တီးခတ်အပန်းဖြေခြင်းကို ပိုမိုနှစ်သက်ကြောင်း ပြောပြခဲ့ပါသည်။


ဝိုင်းလေး၏ Computer ခန်းလေးမှာလည်း ဝိုင်းလေးအတွက် အပန်းဖြေနေရာလေး တစ်နေရာဖြစ်ကြောင်း သိရှိရပါသည်။





Computer လေးဖြင့် ကိုယ်ပိုင်သံစဉ်များကို တီထွင်တီးခတ် လေ့ရှိေ ကြာင်း ပြောပြခဲ့ပါသည်။ Computer လေးဖြင့် သီချင်းတီးခတ်နေရလျှင် အချိန်ကုန်မှန်းမသိ ကုန်ဆုံးသွားလေ့ရှိကြောင်း ပြောပြပေးခဲ့ပါသည်။





နောက်ဆုံးအနေဖြင့် ဝိုင်းလေးမှာ လက်ရှိတွင် သူမ၏တစ်ကိုယ်တော် တေး စီးရီးဖြစ်သော Selfie အခွေ၏ DVD ကိုအားစိုက်ကာ ရိုက်ကူးလျှက်ရှိကြောင်း သိရှိရပါသည်။ ၃ပုဒ်လောက် ရိုက်ကူးပြီးစီးပြီ ဖြစ်ကြောင်း သိရှိရပါသည်။ နယ်ရှိုးများကိုလည်း အချိန်ပေးကာ သွားရောက်ဖျော်ဖြေ ဖြစ်နေကြောင်း ပြော ပပေးခဲ့ပါသည်။

ပန်စုစုထွန်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com
Miss Myanmar World 2014 , အိမ်မက်ဆုံရာ season(4) ၏ 2nd Runner Up ဆုရှင် Wyne Lay ၏ ရိုးရှင်းမှုကို ကြိုက်နှစ်သက်သော နေအိမ်လေးနှင့် ပတ်သတ်ပြီး တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၃) - Celebrity Interview on Property from iMyanmarHouse.com
Miss Myanmar World 2014 , အိမ်မက်ဆုံရာ season(4) ၏ 2nd Runner Up ဆုရှင် Wyne Lay ၏ ရိုးရှင်းမှုကို ကြိုက်နှစ်သက်သော နေအိမ်လေးနှင့် ပတ်သတ်ပြီး တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၃) - Celebrity Interview on Property from iMyanmarHouse.com
Miss Myanmar World 2014 , အိမ်မက်ဆုံရာ season(4) ၏ 2nd Runner Up ဆုရှင် Wyne Lay ၏ ရိုးရှင်းမှုကို ကြိုက်နှစ်သက်သော နေအိမ်လေးနှင့် ပတ်သတ်ပြီး တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၃) - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)