တစ်ထပ်တိုက်ကလေးနဲ့ နေချင်တယ်ဆိုတဲ့ ဆုမြတ်နိုးဦး - Celebrity Interview on Property from iMyanmarHouse.com
2636 ကြိမ် ကြည့်ရှု့ပြီး

တစ်ထပ်တိုက်ကလေးနဲ့ နေချင်တယ်ဆိုတဲ့ ဆုမြတ်နိုးဦး

Posted by နန္ဒာယမင်း (iMyanmarHouse.com)

မြတ်နိုးရဲ့ အနုပညာလှုပ်ရှားမှုကို ပထမဆုံးသိခွင့်ရချင်ပါတယ်။


အခုလက်ရှိ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖို့ရှိပါတယ်။ ဒါရိုက်တာ ဦးညီညီထွန်းလွင်ပါ။ သရုပ်ဆောင်တွေက ကိုဇေရဲထက်၊ မအိချောပိုတို့နဲ့တွဲပြီး ရိုက်မှာပါ။ ဇာတ်ကားနာမည်က “ထမီ ကျွတ်၍ လွှတ်လိုက်သည်”ပါအစ်မ။





မြတ်နိုးအတွက် ဇာတ်ကားရိုက်တဲ့အခါ ဘယ်လိုကာရိုက်တာမျိုး အခက်အခဲဆုံးလဲ။


မြတ်နိုးက ဇာတ်ကားရိုက်လာတဲ့ အတွေ့အကြုံက လေးနှစ် လောက်ရှိလာပြီဆိုတော့ ဘယ်လိုကာရိုက်တာမျိုးဖြစ်ဖြစ် နည်း နည်းတော့ ကောင်းအောင်လုပ်နိုင်ပါပြီလို့ ကိုယ့်ကိုယ်ယုံကြည် ပါတယ်။ သင်ယူရမှာတော့ အများကြီးရှိပါသေးတယ်။ ရိုက်ခဲ့ ပြီးသလောက်တော့ ပညာတွေ အများကြီး ရနေပါပြီအစ်မ။





မြတ်နိုးအနေနဲ့ ထူးထူးခြားခြားသရုပ်ဆောင်ချင်တဲ့ စရိုက်များ ရှိရင် ပြောပြပေးပါလား။


ဟုတ်ကဲ့အစ်မ မြတ်နိုးက ဂျစ်ကန်ကန် မိုက်တိမိုက်ကန်း ပုံစံမျိုး ပိုပြီးသရုပ်ဆောင်ချင်ပါတယ်။ ဒါပေမဲ့ ကိုယ်နဲ့လိုက်မယ့် စရိုက်မျိုးဆိုရိုက်ဖြစ်ပါတယ်။





မြတ်နိုးအနေနဲ့ မိသားစုအတွက် ဘယ်လိုအချိန်ပေးဖြစ်လဲ။


မြတ်နိုးတို့ မိသားစု တနင်္သာရီတိုင်းကနေ ရန်ကုန်လာနေ တာပါ။ ဒီမှာက မေမေရယ်၊ မြတ်နိုးရယ်၊ မောင်လေးရယ် သုံးဦးပါပဲ။ ဖေဖေကတော့ နယ်မှာနေပါတယ်။ မိသားစုသုံးယောက် ဆုံဖြစ်တဲ့အချိန်ကတော့ ညပိုင်းပဲရှိပါတယ်။ နေ့ပိုင်းတော့ မောင်လေးကလည်း သင်တန်းသွား မြတ်နိုးကလည်း အလုပ် ကိစ်္စနဲ့အပြင်သွားနေရတော့ နေ့ပိုင်းတော့ မဆုံဖြစ်ကြဘူးလေ၊ မိသားစုကလည်း နည်းတော့ ဆုံတဲ့အချိန်မှာ အားလုံးချစ်ချစ် ခင်ခင်စုစုစည်းစည်းပါပဲ။





မြတ်နိုးအနေနဲ့ အိမ်ဆိုတာ ဘယ်လိုတည်ဆောက်သင့်တယ်လို့ ခံယူထားပါသလဲ။


အိမ်ဆိုတာ တစ်နေ့တာလုပ်ငန်းခွင်ဝင်ရာက ပြန်လာပြီး အပန်းဖြေအနားယူတဲ့နေရာဆိုတော့ အိမ်ရောက်ရင် စိတ်ပင်ပန်း၊ လူပင်ပန်းမှုတွေကို ပြေလျော့စေမယ့် ကြည်လင်ရှင်းသန့်တဲ့ ပုံစံမျိုးဖြစ်ဖို့ လိုတယ်လို့ ယူဆပါတယ်။





မြတ်နိုးရဲ့ စိတ်ကူးအိပ်မက်ထဲက အိမ်လေးများရှိရင် ပြောပြ ပေးပါလား။


မြတ်နိုးစိတ်ကူးအိပ်မက်ထဲက အိမ်ကလေးဟာ ခြံဝန်းကလေး ထဲက တစ်ထပ်တိုက်ကလေးမှာ မိသားစုစုံစုံလင်လင်နဲ့ နေချင် ပါတယ်။ ခြံဝန်းကလေးနဲ့ဆိုတော့ ပန်းပင်လေးတွေ စိုက်နိုင် တယ်။ သစ်ပင်ပန်းပင်တွေက လူရဲ့ စိတ်ကို ကြည်နူးသာယာစေ တယ်လေ။ ဒါပေမဲ့ မိသားစုစုံစုံလင်လင်နဲ့ ပျော်ရွှင်စွာ နေရမယ် ဆိုရင် ဘယ်နေရာမှာမဆို မြတ်နိုးနှစ်သက်ပါတယ်။





မအားလပ်တဲ့ကြားက အခုလို အချိန်ပေးတာ ကျေးဇူးတင်ပါ တယ်။





နန္ဒာယမင်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com
တစ်ထပ်တိုက်ကလေးနဲ့ နေချင်တယ်ဆိုတဲ့ ဆုမြတ်နိုးဦး - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)