ပရိသတ်ချစ်တဲ့ အနုပညာရှင် နန်းဆုရတီစိုး အိမ်သို့ အလည်တစ်ခေါက် ရောက်သွားခြင်း (အပိုင်း-၄) - Celebrity Interview on Property from iMyanmarHouse.com
2003 ကြိမ် ကြည့်ရှု့ပြီး

ပရိသတ်ချစ်တဲ့ အနုပညာရှင် နန်းဆုရတီစိုး အိမ်သို့ အလည်တစ်ခေါက် ရောက်သွားခြင်း (အပိုင်း-၄)

Posted by မေသက်နှင်း (iMyanmarHouse.com)

အရင်အိမ်မှာထဲက နောက်အိမ်ပြောင်းရွေ့ရင် ဘုရားခန်းကို ကြီးကြီးနဲ့ ကျယ်ကျယ်ဝန်းဝန်းရပါစေလို့ ဆုတောင်းတစ်ခုရှိကြောင်း၊ ထို့ကြောင့် ဘုရားခန်းကိုခုလိုမျိုး ကျယ်ကျယ်ထားဖြစ်ကြောင်း ပြောသွားပါတယ်။



ဘုရားခန်းကို ကျယ်ကျယ်ထားဖြစ်ရတဲ့ အကြောင်း ကတော့ ရဟန်း သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဆွမ်းကပ်တာတို့ဆိုရင် ဘုရားခန်းထဲမှာပင် ပြုလုပ်နိုင်မည်၊ တရားနာရင်လည်း အဆင်ပြေတယ်လို့ သိရပါတယ်။



ဘုရားခန်းကို အိမ်ရဲ့ အပေါ်ဆုံးထပ် လေဝင်လေထွက် ကောင်းတဲ့ ထောင့်စွန်း အခန်းမှာ ထားရှိပါတယ်။ တရားထိုင်တာပဲဖြစ်ဖြစ်၊ ဘုရားရှိခိုးတာပဲ ဖြစ်ဖြစ်၊ အေးချမ်းမှု အပြည့်ရနိုင်ပါတယ်။ ဝန်ရန်တာမှာချိတ်ဆွဲထားတဲ့ ဆည်းလည်းသံလေးတွေ၊ ငှက်သံလေးတွေလည်းကြားနိုင်ပါတယ်။



ဘုရားခန်း မျက်နှာစာကို ထွက်လိုက်တာနဲ့ ဘုန်းကြီးကျောင်းနဲ့ စေတီပုထိုးတွေကို ဖူးမျှော်နိုင်ပါတယ်။ သူမက မိဘတွေ ဗုဒ္ဓ္ဓဘာသာကိုးကွယ်လို့ ဒီဘာသာကို ကိုးကွယ်တာ မဟုတ်ပါဘူး။ နှလုံးသားထဲကနေပြီး ဗုဒ္ဓ္ဓရဲ့ အဆုံးအမတွေ တရားတော်၊ ပဌာန်း၊ ပရိတ်တော်တွေကို ယုံကြည်လို့ ကိုးကွယ်တာပါ။ နေ့စဉ်နေတိုင်းလည်း ပန်း၊ ဆီမီးထွန်း ပူဖော်ပါတယ်လို့ ပြောပြသွားခဲ့ပါတယ်။
ပရိသတ်ချစ်တဲ့ အနုပညာရှင် နန်းဆုရတီစိုး အိမ်သို့ အလည်တစ်ခေါက် ရောက်သွားခြင်း (အပိုင်း-၄) - Celebrity Interview on Property from iMyanmarHouse.com
ပရိသတ်ချစ်တဲ့ အနုပညာရှင် နန်းဆုရတီစိုး အိမ်သို့ အလည်တစ်ခေါက် ရောက်သွားခြင်း (အပိုင်း-၄) - Celebrity Interview on Property from iMyanmarHouse.com
ပရိသတ်ချစ်တဲ့ အနုပညာရှင် နန်းဆုရတီစိုး အိမ်သို့ အလည်တစ်ခေါက် ရောက်သွားခြင်း (အပိုင်း-၄) - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)