ပရိသတ်ချစ်တဲ့ အနုပညာရှင် နန်းဆုရတီစိုး အိမ်သို့ အလည်တစ်ခေါက်ရောက်သွားခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
1831 ကြိမ် ကြည့်ရှု့ပြီး

ပရိသတ်ချစ်တဲ့ အနုပညာရှင် နန်းဆုရတီစိုး အိမ်သို့ အလည်တစ်ခေါက်ရောက်သွားခြင်း (အပိုင်း-၂)

Posted by မေသက်နှင်း (iMyanmarHouse.com)

နန်းဆု ရဲ့ အိပ်ခန်းမှာ လေးထောင့် ပုံသဏ္ဍန်ဖြစ်သကဲ့သို့ အခန်းတွင်း အသုံးပြုထားသော ပစ္စည်း အများစုမှာ လေးထောင့်ပုံစံ အများဆုံး ဖြစ်ကြောင်း၊ လေးထောင့်ပုံစံ ပစ္စည်းများမှာ နေရာချထားရတွင် အဆင်ပြေပြီး နေရာယူမှု မရှိသောကြောင့် ကြိုက်နှစ်သက်ကြောင်း ပြောသွားပါသည်။



ရေချိုးခန်း ကို သေသေချာချာ သပ်သပ်ရပ်ရပ် နှင့် သန့်ရှင်းတာကို သဘောကျကြောင်း၊ ရေချိုးခန်းကို ပြင်ဆင်ရာတွင်လည်း အတိုင်းအတာ မှားသွားတာတွေ၊ လိုချင်တဲ့ ပုံစံအတိုင်း မဖြစ်တာတွေကြောင့် ကြွေပြားတွေပါ အားလုံးပြန်ခွာပြီး အစအဆုံး ပြန်ပြီးပြင်ဆင်ရတယ်လို့ သိရပါသည်။



အိမ်ဆိုတာ မိမိအပြင်က ပြန်လာရင် စိတ်ချမ်းသာမှုရှိပြီး ပင်ပန်းမှုတွေ ပြေပျောက်သွားမှသာ အဆင်ပြေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိတ်တိုင်းမကျပါက အစထဲက ပြန်လည် ပြင်ဆင်သင့်တယ်လို့ ပြောသွားပါသည်။ သူမအိပ်ခန်းကို ပြင်ဆင်ဖို့ အတွက် အကြမ်းထည် အတွက် အချိန်များစွာ ပေးခဲ့ရသော်လည်း ပရိဘောဂတွေ ပြင်ဆင်ခြင်း၊ အခန်းတွင်နေရာချထားခြင်း အတွက်ကို တစ်လခွဲ နှစ်လခန့်သာ အချိန်ပေးခဲ့ရပါသည်။



ချစ်စရာကောင်းပြီး အရောင်လှလှ သန့်ရှင်းမှုရှိပြီး ကြည့်မိသူအတွက် နေချင်စဖွယ် အိမ်မျိုးကို တည်ဆောက်ချင်ကြောင်း၊ အိမ်အတွင်းဘက်သို့ ဝင်ကြည့်ပါက ပုံစံမျိုးစုံ ပြင်ဆင်ထားလိုကြောင်း သူမရဲ့ စိတ်ကူးကို ပုံဖော်ပြောပြသွားပါတယ်။



ယခုနေထိုင်သော အိမ်မှာ သူမရဲ့ အကို ဖြစ်သူက အင်ဂျင်နီယာ ဖြစ်တာကြောင့် ကိုယ်တိုင်ကြီးကြပ် တည်ဆောက်ထားကြောင်း၊ သူမနေထိုင်ရန်အတွက် အပေါ်ထပ် တစ်ထပ်လုံး စီစဉ်ပေးကြောင်း၊ ထိုအထပ်ကို သူမစိတ်တိုင်းကျ ပြင်ဆင်ထားတာ ဖြစ်ကြောင်း

ပြောသွားပါသည်။
ပရိသတ်ချစ်တဲ့ အနုပညာရှင် နန်းဆုရတီစိုး အိမ်သို့ အလည်တစ်ခေါက်ရောက်သွားခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
ပရိသတ်ချစ်တဲ့ အနုပညာရှင် နန်းဆုရတီစိုး အိမ်သို့ အလည်တစ်ခေါက်ရောက်သွားခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
ပရိသတ်ချစ်တဲ့ အနုပညာရှင် နန်းဆုရတီစိုး အိမ်သို့ အလည်တစ်ခေါက်ရောက်သွားခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
ပရိသတ်ချစ်တဲ့ အနုပညာရှင် နန်းဆုရတီစိုး အိမ်သို့ အလည်တစ်ခေါက်ရောက်သွားခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
ပရိသတ်ချစ်တဲ့ အနုပညာရှင် နန်းဆုရတီစိုး အိမ်သို့ အလည်တစ်ခေါက်ရောက်သွားခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)