သိန်း ၄၅၀၀ ဝန်းကျင် ဂိုဒေါင် အမြန်ဝယ်လိုပါမည်
ရွှေပြည်သာ | ရန်ကုန်တိုင်းဒေသကြီး
Industrial Zone 0 1 Rooms
Fully Furnished
အကျိုးတူဆောင်ရွက်မှု လက်ခံပါသည်
sqft 7200 မှ 14000 အတွင်း
သုံးစွဲမည့်ငွေကြေး ကျပ် (သိန်း)
သိန်း 2000 မှ သိန်း 6500 အတွင်း
Login to view phone number.
ဝယ်ယူလိုသော အခြေခံအချက်များ အောက်ပါအတိုင်း ဖြစ်ပါသည်ခင်ဗျာ။
1. မည်သည့်နေရာမဆို လက်ခံပါသည်။ ဉပမာ - ရွှေပြည်သာ၊ ရွှေပေါက်ကံ၊ ရွာသာကြီး၊ ဇုန်(၅) စသည်ဖြင့် ။
2. အဆောက်အဦး အကျယ် (သို့မဟုတ်) မြေအကျယ် အနည်းဆုံး 7200 sqft ခန်. အကျယ်အဝန်း ရှိသောနေရာ။ အဆောက်အဦးပါပြီးဖြစ်ရပါမည်။ မြေ အကျယ် အနည်းဆုံး 10000 Sqft ရှိပြီး အဆောက်အဦး နည်းနည်းသေးနေလျှင်လည်း ဝယ်ယူရန် စဉ်းစားပါမည်။ မိမိတို့ အစီအစဉ်ဖြင့် တချိန်တွင် ထပ်တိုးဆောက်သွားမည်ဖြစ်ပါသည်။
3 ကွန်တိန်နာကား မိမိ ဂိုဒေါင်ရှေ.သို့ ရပ်၍ ပစ္စည်းတင်ချနိုင်သော နေရာဖြစ်ရပါမည်။
4 ရေမလျှံသော နေရာဖြစ်ရပါမည်။
5 နေရာ ထိုက်သင့်သလောက်ဝေး၍ ရပါသည်။
6 Transformer 315 KVA ပါပါက ပိုကောင်းပါသည်။ မပါပါက အင်းစိန်းမှ 315 KVA အိုးကို ရွှေ.ယူပါမည်။
7 ဘတ်ဂျက် 4000 ဝန်းကျင် ခန့့်မှန်းထားပါသည်။ အထက်ပါအချက်များ ပြည့်စုံသည့်မြေကွက်အများထဲမှ အောက်ပါ အချက်များကို အဓိကထား၍ ဦးစားပေး ရွေးချယ်သွားလိုပါသည်ခင်ဗျာ။ နောင်တချိန်တွင် ဈေးတတ်မှုမြန်ဆန်မည့် နေရာ။ (က) ထို့ကြောင့် ဝေးသော်လည်း လမ်းမ နေရာ ဖြစ်က ဦးစားပေးပါမည်။ (နောင်တချိန် ဈေးတတ်နိုင်ပါသည်) (ခ) စက်ရုံမြေသည် လူနေရပ်ကွက် တဖြည်းဖြည်းဖြစ်သွားနိုင်သောနေရာ။ (ဉပမာ - မေတ္တာညွန့် စက်မှု (၁)(၂)(၃) etc..လမ်းများ၊ တောင်ဉက္ကလာ စက်မှုဇုန် မှာ ယခု လူနေရပ်ကွက်ဖြစ်နေပါပြီ။) (ဂ) ဂရန်သို့တရားဝင် ပြောင်း၍ ရသော တရားဝင် ပါမစ်/စက်မှု ဂရန်မြေ (မိမိတို့ ရှေ.နေ မှ လက်ခံသော စာရွက်စာတမ်းဖြစ်ရပါမည်။) ကျေးဇူးတင်ပါသည်ခင်ဗျာ။