အသေးစိတ်ရှာဖွေရန်

အင်းစိန်မြို့နယ်ရှိငှါးရန်လုံးချင်းအိမ်များ

25 Sep 2023 2:35 pm

23 Sep 2023 3:17 pm

30 Aug 2023 7:35 am

4 Aug 2023 4:23 pm

29 Jul 2023 12:11 pm

28 Jul 2023 12:39 pm

27 Jul 2023 4:47 pm

20 Jul 2023 10:42 am

15 Jul 2023 11:09 am

13 Jul 2023 4:10 pm

အင်းစိန်မြို့နယ်

အင်းစိန်မြို့နယ်သည် ရန်ကုန်မြို့၏ မြောက်ဘက်တွင်တည်ရှိသော မြို့နယ်ဖြစ်သည် ။ မြို့နယ်၏ မြောက်ဘက်တွင် ရွှေပြည်သာမြို့နယ် ၊ အနောက်ဘက်တွင် လှိုင်သာယာမြို့နယ် ၊ အရှေ့ဘက်နှင့်တောင်ဘက်တွင် မင်္ဂလာဒုံမြို့နယ်တို့တည်ရှိသည် ။ အင်းစိန်မြို့နယ်သည် အကျယ်အဝန်း ၃၅ ကီလိုမီတာရှိပြီး ရပ်ကွက်ပေါင်း ၂၁ ခု ၊ မူလတန်းကျောင်း ၃၃ ကျောင်း ၊ အလယ်တန်းကျောင်း ၁၀ ကျောင်း နှင့် အထက်တန်းကျောင်း ၅ ကျောင်း ရှိသည် ။ ကိုလိုနီခေတ် ဗြိတိသျှအစိုးရ ဆောက်လုပ်ခဲ့သည့် နာမည်ကြီး အင်းစိန်အကျဉ်းထောင်နှင့် မြန်မာနိုင်ငံ၏ ဉာဏ်တော်အမြင့်ဆုံး စကျင်ကျောက် ဆင်းတုတော် ကျောက်တော်ကြီး ဘုရားတည်ရှိသည့်မြို့နယ်လည်းဖြစ်သည် ။ ကရင်တိုင်းရင်းသားများကို အင်းစိန်မြို့နယ်တွင် အများဆုံးမြင်တွေ့နိုင်ပြီး ခရစ်ယာန် ဓမ္မတက္ကသိုလ် လည်းတည်ရှိသည် ။ မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် ၊ ရန်ကုန်ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ၊ ရန်ကုန်နည်းပညာတက္ကသိုလ် ၊ တိရိစ္ဆာန်မွေးမြူရေးနှင့်ဆေးကုသရေးတက္ကသိုလ်ဌာနချုပ် ၊ မှုခင်းစုံစမ်းရေးဌာန ၊ အင်းစိန်မြို့မဈေး အစရှိသည့် အထင်ကရ အဆောက်အဦးများသည် အင်းစိန်မြို့နယ်တွင်း လူသိများသည့် နေရာဖြစ်သည် ။ အင်းစိန်ရွာမ အနောက်ရပ်ကွက်တွင်ရှိသော ရွာမပရိယ္တိ စာသင်တိုက်သည် ရန်ကုန်မြို့တွင် လူသိများထင်ရှားပြီး နိုင်ငံတစ်ဝန်းမှ သာသနာ့အာဇာနည်များကို နှစ်စဉ်မွေးထုတ်လျက်ရှိသည် ။ ကရင်ရိုးရွာပွဲများကိုလည်း နှစ်စဉ်ကျင်းပလေ့ရှိသည့်မြို့နယ်လည်းဖြစ်ပြီး အင်းစိန်မြို့နယ်တွင်း ရပ်ကွက် တော်တော်များများသည် “ ကုန်း “ အမည် အများအပြားပါဝင်သည် ။ မြို့နယ်တွင်း ထင်ရှားသော “ ကုန်း (၉) ကုန်း “ ဖြစ်သည့် ဒညင်းကုန်း ၊ ဘိုကုန်း ၊ တောင်သူကုန်း ၊ ရှမ်းကုန်း ၊ ဈေးကုန်း ၊ ဇီးအုံ့ကုန်း ၊ နံံ့သာကုန်း ၊ စော်ဘွာကြီးကုန်း နှင့် ကြို့ကုန်း ဟူ၍ရှိကြသည် ။ လူနေထူထပ်သောမြို့နယ်ဖြစ်ပြီး တိုက်ခန်းများ ၊ ဈေးခန်း ၊ ဆိုင်ခန်းများ ၊ လုံးချင်းအိမ်များ အများအပြားကျန်ရှိနေသေးသောမြို့နယ်တစ်ခုဖြစ်ပေသည် ။

Featured AdWanted Listing

Premium Agencies

Burmese House
Burmese House

No13,Myat lay Yone Street, Hlaing Township

Soe Kabar Real Estate Co.,Ltd
Soe Kabar Real Estate Co.,Ltd

Building(C),Room (104),Aung Chan Thar Housing,Shwe Gon Taing Road,Bahan Tsp,Yangon

Perfect World Real Estate Services (Company)
Perfect World Real Estate Services (Company)

No (96-104), Room (6-A), Yadanar Myaing Condo, 19 Street(upper), Latha Township, Yangon.

အိမ်လှလှလေးတစ်လုံး ပိုင်ဆိုင်နိုင်ဖို့
အိုင်မြန်မာဟောက်(စ်)ဒေါ့ကွန်း မှာ
အိမ်ရာချေးငွေ လျှောက်ကြစို့

innocity
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store