Rosehill Residences စီမံကိန်းကတော့ စင်ကာပူ-မြန်မာ ဖက်စပ် တည်ဆောက်မည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်က အထပ်မြင့် လူနေကွန်ဒို ပဲဖြစ်ပါတယ်။ မြေအမျိုးအစားမှာ ဂရန်မြေဖြစ်ပြီး၊ Rose Hill မှ ပိုင်ဆိုင်ပါသည်။ စီမံကိန်းတစ်ခုလုံးကို Rose Hill Soilbuild ဖက်စပ်ကုမ္ပဏီ အနေဖြင့် ဒေါ်လာသန်း ၁၂၀ ခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး Soilbuild ကုမ္ပဏီ က ဒေါ်လာ ၅၀.၄ သန်းတန် “ဒီဇိုင်းနှင့် ဆောက်လုပ်ရေး“ ကန်ထရိုက်ကို Rose Hill Soilbuild ထံမှ ၂၀၁၅ ဇွန်လတွင် ရရှိခဲ့ပါသည်။ ထိုစီမံကိန်းကို မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ၇ ဦး ပူးပေါင်းထားသည့် Rose Hill နှင့် စင်္ကာပူမှ အနှစ် ၄၀ အတွေ့အကြုံရှိသော Soilbuild Group တို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။ စီမံကိန်းဒီဇိုင်းကို Soilbuild ကသာ ရေးဆွဲထားပြီး စင်ကာပူစတိုင်ဖြစ်ကာ စင်ကာပူစံနှုန်းနှင့် တန်းတူရှိသည်ဟုဆိုသည်။ အထပ်တစ်ထပ်တွင် အခန်း ၉ ခန်းပါကာ ထို ၉ ခန်းမှာ တစ်မျိုးနှင့် တစ်မျိုး ပုံစံမတူဘဲ ကွဲကွဲပြားပြား ရေးဆွဲ ထားသည်။ ထို့အပြင် duplex ဟု ခေါ်သော နှစ်ထပ်တိုက်ခန်းများ အပြင် ကိုယ်ပိုင်ရေကူးကန် များပါဝင်သည့် sky villa များလည်းပါဝင်ပါသည်။
Facilities
Location Map
ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်။
ဆက်သွယ်မေးမြန်းရန်
ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။