Sea View Condo

12588 ကြိမ် ကြည့်ရှု့ပြီး
 

                Sea View Condo သည် ပင်လယ်ကမ်းစပ်မြို့ဖြစ်သည့် မြိတ်မြို့ကမ်းနားလမ်းတွင် တည်ရှိ၍ Pyi Phyo Tun International Co.,Ltd နှင့် South Asia International Investment Group Pte Ltd တို့ပူးပေါင်းဆောင်ရွက်၍ တူးဖော်လုပ်ကိုင်သည့် အိမ်ရာစီမံကိန်း တစ်ခုဖြစ်၍ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ပင်လယ်ကိုဖွဲ့စည်း တည်ဆောက်ထားသော အထပ်မြင့်ကွန်ဒိုစီမံကိန်းတစ်ခုဖြစ်ပါသည်။ ပထမဆုံးသော ထူးခြားသည့် ဝန်ဆောင်မှု (၆) မျိုးပါဝင်သည့် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော အိမ်ရာစီမံကိန်းအားဖော်ဆောင်ခြင်း၊ မြန်မာနိုင်ငံ၌ ပထမဆုံးပင်လယ်ကိုမျက်နှာမူ၍ တည်ဆောက်ထားသော ပင်လယ်ရှုခင်းအိမ်ရာစီမံကိန်းဖြစ်ခြင်း၊ မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော ကွန်ဒိုပိုင်သီးသန့်ပန်းခြံ နှင့် ကမ်းနားပန်းခြံပါဝင်ခြင်း၊ မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော ဥရောပစတိုင်ပင်လယ်ရှုခင်းစီးပွားရေး ဗဟိုချက်များအား ပိုင်ဆိုင်ထားခြင်း၊ မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော တန်ဖိုးသင့်ရှုခင်း အိမ်ရာစီမံကိန်းဖြစ်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ ပထမဦးဆုံးသော ကိုယ်တိုင်တံခါးပိတ်/ဖွင့်စနစ် (The Gate-ban Monitoring System) အားထားရှိခြင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ ပထမဦးဆုံးသော ရေကူးကန်၊ ဘောလုံးကွင်း၊ အခမ်းအနား ဆောင်ရွက်ရန်နေရာ၊ အားကစားကရိယာများပါဝင်သော Gym Shopping Center, Supermarket စသည့် Facilities များပါဝင်သော နေရာတစ်ခုဖြစ်သည်။

 

Sea View Condo

Sea View Condo

Sea View Condo

Sea View Condo

 

  • Sea View Condo သည် မြန်မာနိုင်ငံတွင် ပထမဆုံးပင်လယ်နှင့်နီးသည့် အဆင့်မြင့်လူနေအိမ်ခန်းများ၊ စားသောက်ဆိုင်ခန်းများ၊ ဖျော်ဖြေရေးနှင့်အပန်းဖြေ အနားယူခြင်းတို့ဖြင့် ပေါင်းစပ်ထားသောစီမံကိန်းတစ်ခုဖြစ်သည်။ ခေတ်ရေစီးကြောင်းနှင့် အညီဖက်ရှင်ကျပြီး အဆင့်အတန်းမြင့်သော တံဆိပ်တို့ဖြင့် မြိတ်မြို့အတွက် ဆန်းသစ်သော လမ်းလျှောက်ဈေးအား ပထမဆုံးဖော်ဆောင်မည်ဖြစ်ပြီး မြိတ်မြို့တွင် လူစည်ကားသော စီးပွားရေးအငွေ့အသက်နှင့် ယဉ်ကျေးမှုအငွေ့အသက်များ စုဝေးရာနေရာဖြစ်လာမည်။ Customerအားစိတ်ရွှင်လန်းနိုင်သော ဈေးဝယ်ခြင်းခံစားချက် အားပေးစွမ်းနိုင်ပြီး စီးပွားရေးလုပ်ငန်းရှင်များအတွက်လည်း ရင်းနှီးမြှုပ်နှံလိုက်သော အကျိုးရလဒ်အပြည့်အဝကို ပြန်လည်ခံစားရမည်ဖြစ်သည်။ ဘက်ပေါင်းစုံ လိုအပ်ချက်များကို ပေးစွမ်းနိုင်သည့်အပြင် စိတ်ကူးစိတ်သန်း အပြည့်ဖြင့် ဖော်ဆောင်ထားသော ကမ်းနားပန်းခြံသည်လည်း မြိတ်မြို့နေပြည်သူများ သာမက မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူများခရီးထွက်အပန်းဖြေရန်ဦးစားပေး ဒေသဖြစ်လာမှာဖြစ်ပြီး စီးပွားရေးယဉ်ကျေးမှု၊ လူ့ယဉ်ကျေးအငွေ့အသက်တို့ ပြီးပြည့်စုံစွာပေါင်းစပ်ထားခြင်းကို ခံစားနိုင်မည်ဖြစ်သည်။

 

Sea View Condo

Sea View Condo

Sea View Condo

 

Facilities

  • ကြီးမားသောရေကူးကန်
  • ရေအလှမြင်ကွင်း Courtyard
  • အစီအစဉ်လှုပ်ရှားမှုများဆောင်ရွက်ရန်မြင်ကွင်းပြင်
  • သပ်ရပ်မှုရှိသော ဘောလုံးကွင်း
  • အားစကားပြုလုပ်ရန်ပစ္စည်းကိရိယာများ
  • အိမ်အတွင်းအပြင်ဆက်သွယ်ရေးစနစ်
  • IC ကဒ်ဖြင့်တံခါးအဖွင့်အပိတ်စနစ်
  • အနီအောက်ရောင်ခြည်အီလက်ထရောနစ်
  • စောင့်ကြည့်ရေးကင်မရာစနစ်
  • ကားပါကင်
  • ၂၄ နာရီလုံခြုံရေး
  • ဓါတ်လှေကား
  • အရေးပေါ်မီးသတ်စနစ်

 

Sea View Condo

Sea View Condo

Sea View Condo

 

  • Sea View Condo သည်မြိတ်မြို့ နံပါတ်တစ်အရည်အသွေးရှိသော အထပ်မြင့်အိမ်ရာအတွင်းအပြင်တွဲဖက်မှုများ ပြည့်စုံကာ ဟောင်ကောင်ကုမ္မဏီမှ ဒီဇိုင်းရေးဆွဲထားပြီး ခမ်းနားထည်ဝါသော အနုပညာအပြင်အဆင် အဆောက်အအုံဒီဇိုင်းကို အသုံးပြုထားပါသည်။ Condo အတွင်းဘက် ကြီးမားသော ရေကူးကန်ပါရှိပြီး ရေအလှမြင်ကွင်း Courtyard အစီအစဉ် လှုပ်ရှားမှုဆောင်ရွက်ရန်ကွင်းပြင်၊ ဆေးခန်း၊ သပ်ရပ်မှုရှိသောဘောလုံးကွင်း၊ အားကစားပြုလုပ်ရန် ပစ္စည်းကိရိယာများပါရှိပြီး၊ အိမ်အတွင်းအပြင် ဆက်သွယ်ရေး စနစ်၊ IC ကတ်ဖြင့်တံခါးအဖွင့်အပိတ်စနစ်၊ အနီအောက်ရောင်ခြည် အီလက်ထရောနစ်၊ စောင့်ကြည့်ရေးကင်မရာစနစ် စသည်တို့ပါဝင်ပါသည်။ အလွန်စိမ်းလန်းစိုပြေသော ရှုခင်းကြည့်ခြံဝန်းနှင့် ကမ်းနားပန်းခြံတို့ဖြင့် သာယာလှပသော ရှုမျှော်ခင်းများကိုလည်း ဖန်တီးထားပါသည်။ အသေးအမွှားမှစ၍ ဖန်တီးထားသော ဒီဇိုင်းများသည် သင့်ဘဝနေထိုင်မှုအတွက်စိတ်ကျေနပ် အံ့သြဖွယ်ရာများကို ပေးစွမ်းနိုင်မှာပါ။ အရာအားလုံးဟာသင့်ဘဝကို ကျေနပ်အားရမှု ရရှိစေမှာပါ။

 

Sea View Condo

Sea View Condo

Sea View Condo

Sea View Condo

Sea View Condo

 

  • ခေတ်မီဆန်းသစ်သောဒီဇိုင်း၊ ရွေးချယ်စရာအိမ်ခန်းပုံစံများစွာနှင့် တစ်ခေါက်ဝယ်ပြီး သည်နှင့် မိသားစု အစဉ်အဆက် အမွေဆက်ခံနိုင်မှာပါ။ ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ်၊ မိမိဘာသာနေထိုင်ဖို့ပဲဖြစ်ဖြစ် တစ်မျိုးမျိုးကတော့ သင်နှင့်သင့်တော်ပါလိမ့်မည်။
  • Sea View Condo ကိုအိမ်ခန်းပုံစံဒီဇိုင်းမျိုးစုံဖြင့် ဖန်တီးထားပါသည်။ ၅၂၄ စတုရန်းပေမှ ၂၂၉၄ စတုရန်းပေအကျယ်အဝန်းရှိ အိမ်ခန်းပုံစံဒီဇိုင်း အရေအတွက်ပေါင်း ၈ မျိုးရှိပါသည်။ တစ်ခန်းလျှင် ၅၂၄ စတုရန်းပေအကျယ်၊ နှစ်ခန်းတွဲဆိုလျှင် ၈၇၅ စတုရန်းပေ၊ သုံးခန်းတွဲဆိုလျှင် ၁၂၂၄ စတုရန်းပေ၊ ငါးခန်းတွဲဆိုလျှင် ၂၂၉၄ စတုရန်းပေ တို့ကျယ်ဝန်းပါသည်။ အိမ်ခန်းတိုင်းတွင် တမူထူးခြားသော နေထိုင်မှုဘဝပုံစံမျိုးကို ခံစားနိုင်မည်။ Sea View Condo တွင်အခန်းကျယ်ကြီး၌ လွတ်လပ်သောဘဝကိုလည်း ခံစားနေထိုင်နိုင်မှာပါ။ အလွန်ကျယ်ဝန်းသော ရှုခင်းကြည့်ရှုရန်ဝရန်တာ၊ အပြင်ဘက်ကိုမြင်နိုင်သော မှန်ပြတင်းပေါက်များကို ကြမ်းပြင်ထိတပ်ဆင်ထားကာ သဘာဝရှုမျှော်ခင်းကို အိမ်အတွင်းထဲမှာနေထိုင်ရင်းအပြည့်အဝရှုစားနိုင်စေပါမည်။လှုပ်ရှားမှုနှင့်တည်ငြိမ်မှု ကို ပေါင်းစပ်ထားကာ ရှင်းလင်းသေသပ်ပြီး Free Style ကိုအပြည့်အဝရရှိစေမှာပါ။ မြင့်မြတ်ခမ်းနားသောဘဝကို ပြည့်ဝစွာပေါ်လွင်နိုင်စေမည်။

 

Sea View Condo

Sea View Condo

Sea View Condo

 

  • အခန်းဖွဲ့စည်းပုံသပ်ရပ်ပြီး အခင်းအကျင်းသင့်တော်ကောင်းမွန်ပါသည်။ ခေတ်မီသောမီးဖိုဆောင်ဒီဇိုင်းဖြင့် ဆန်းသစ်သောနေထိုင်မှုဘဝကိုဖန်တီးပေးနိုင်သည်။ကျယ်ဝန်းသောရှုခင်း ကြည့်ရှုရန် ဝရန်တာနှင့် တွဲဖက်ထားသဖြင့် ကမ်းနားရှုခင်းအလှကို ရှုစားနိုင်မည်ဖြစ်ပါသည်။

 

Sea View Condo

 

 

  • ဂန္တဝင်နှစ်ခန်းတွဲ၊ရိုးရှင်း၍နူးညံ့သိမ်မွေ့သောကြောင့် နေထိုင်မှုဖက်ရှင်ကို ထိပ်တန်းမှ ဦးဆောင်သည်။ဝရန်တာနှစ်ခုပါဝင်သောဒီဇိုင်းကြောင့် တောင်မြောက်ပတ်ပတ်လည်  နေရောင်ဝင်ရောက်နိုင်သည်။ ဧည့်ခန်းနှင့်ထမင်းစားခန်းတွဲလျက်ပါရှိပြီး ရှုခင်းကြည့်ရှုရန် ဝရန်တာနှင့် ဆက်လျက်ဖြစ်သောကြောင့်  ကမ်းနားရှုခင်းအလှကို ရှုစားနိုင်မည်ဖြစ်သည်။ သက်တောင့်သက်သာရှိမှုကို ပေးစွမ်းနိုင်သည်။

 

Sea View Condo

 

  • အခန်းဖွဲ့စည်းပုံ၏ အခင်းအကျင်း သင့်တော်ကောင်းမွန်ပြီး တည်ငြိမ်မှုနှင့် လှုပ်ရှားမှုကို ခွဲခြားထားသည်။ ဧည့်ခန်းနှစ်ခန်းဆက်စပ်ပြီး ကျယ်ဝန်းသော အခန်းအနေအထားကို ခံစားနိုင်သည်။ ဧည့်ခန်းနှင့်ရှုခင်းကြည့်ရှုရန်ဝရန်တာနှင့် ဆက်စပ်ထားသဖြင့် ကမ်းနားရှုခင်းအလှကို ရှုစားနိုင်မည်ဖြစ်သည်။

 

Sea View Condo

 

 

  • ကြီးကျယ်ခမ်းနားသောသုံးခန်းတွဲ၊ အများနှင့်မတူသောဂုဏ်အရှိန်အဝါ ကိုပေါ်လွင်စေ သည်။ အိမ်ရှေ့အဝင်ဝတွင် ဥယျာဉ်ပါရှိသောကြောင့် ပန်းပွင့်များနှင့်ရှုခင်းများကို အိမ်တွင်းမှရှုစားနိုင်သည်။ တည်ငြိမ်မှုနှင့်လှုပ်ရှားမှုခွဲခြားထားခြင်း၊ စိုစွတ်သော နေရာနှင့်ခြောက်သွေ့သောနေရာကို ခွဲခြားထားသောကြောင့် လူနေထိုင်မှုဘဝကို ပိုပြီးသက်တောင့်သက်သာ ဖြစ်စေသည်။ ခမ်းနားသောဧည့်ခန်း ကို ကျယ်ဝန်းသော ရှုခင်းကြည့်ရှုရန်ဝရန်တာနှင့် တွဲဖက်ထားသဖြင့် ကမ်းနားရှုခင်း အလှကို ရှုစားနိုင်မည်ဖြစ်သည်။

 

Sea View Condo

 

  • သက်တောင့်သက်သာရှိသော သုံးခန်းတွဲ၊ သပ်ရပ်ပြီးအသုံးဝင်ကာ စွမ်းဆောင်ရည် များပြည့်စုံစွာပါဝင်သည်။ တည်ငြိမ်မှုနှင့်လှုပ်ရှားမှု ခွဲခြားထားသောကြောင့် အပြန်အလှန်နှောင့်ယှက်ခြင်းမရှိပဲ အဆင့်အတန်းကို ပိုပြီးမြှင့်တင်နိုင်သည်။ မီးဖိုချောင်တွင် ဝရန်တာတွဲဖက်ပါဝင်သောကြောင့် နွေးထွေးသော အိမ်အခန်း ပုံစံဖြစ်ပြီး ဘဝပျော်ရွင်မှုကိုလည်း တိုးပွားစေသည်။ ဧည့်ခန်းသည် ကျယ်ဝန်းသော ရှုခင်းကြည့်ရှုရန် ဝရန်တာနှင့် ဆက်လျက်ဖြစ်ပြီး Condo အလှများကို မျက်စိရှေ့မှောက်တွင် ခံစားနိုင်မည်ဖြစ်သည်။

 

Sea View Condo

Sea View Condo

 

  • ကြီးကျယ်ခမ်းနားသော ငါးခန်းတွဲ၊ အိမ်ခန်းတွင်း နှစ်ထပ်ရှိပြီး ကြီးကျယ်မှုသည် စိတ်နေသဘောထားကို သတ်မှတ်သည်။ အိမ်ရှေ့အဝင်ဝတွင် ဥယျာဉ်ပါရှိသောကြောင့်အိမ်ခန်းတွင်း ပန်းရနံ့များ သင့်ပျံ့ပြီး ဘဝ၏ပျော်ရွင်မှုများကို တိုးပွားစေသည်။ ပထမထပ်တွင် ဧည့်ခန်းနှင့် အိပ်ခန်းဆက်လျက်ရှိပြီး ဒုတိယထပ်တွင် အိမ်ခန်းပုံစံအပြင်အဆင်တိကျပြီးတည်ငြိမ်မှုနှင့် လှုပ်ရှားမှု သီးခြားစီဖြစ်သည်။ကျယ်ဝန်းသောဝရန်တာနှစ်ခုပါဒီဇိုင်းဖြစ်သောကြောင့် ကောင်းမွန်သော ပင်လယ်အလှရှုခင်း ကြည့်ရှုရန် မြင်ကွင်းများရရှိပြီး ဘက်ပေါင်းစုံမှ သက်တောင့်သက်သာ ရှိမှုနှင့်ထည်ဝါမှုကိုပေးစွမ်းနိုင်သည်။ စတိုခန်းသီးသန့် ပါရှိသောကြောင့် အသေးအမွှားပစ္စည်းများသိမ်းဆည်းရန်လွယ်ယူစေမည်ဖြစ်သည်။

 

Sea View Condo

Sea View Condo

 

  • ကြီးကျယ်ခမ်းနားသောသုံးခန်းတွဲ အိမ်တွင်းလှေကားထပ်ထားရှိသော ဒီဇိုင်းဖြင့် ခမ်းနားထည်ဝါသော အဆင့်အတန်းကိုပေါ်လွင်စေသည်။ဧည့်ခန်းနှင့်အိပ်ခန်း ခွဲခြားထားသောကြောင့် လွတ်လပ်မှုကို ပြည့်ဝစွာခံစားနိုင်သည်။ စွမ်းဆောင်ရည်များစွာပါရှိသဖြင့် လူနေမှုဘဝအမျိုးမျိုးကို လွတ်လပ်စွာဖွဲ့စည်းနိုင်သည်။ ပထမအလွှာနှင့်ဒုတိယအလွှာနှစ်လွှာလုံးတွင် ဝရန်တာပါရှိသောကြောင့် ဘဝ၏ပျော်ရွှင်မှုများကို တိုးပွားစေသည်။ အပေါ်အောက် Master Room နှစ်ခုလုံး တွင် သန့်စင်ခန်းပါဝင်သောကြောင့် Free Style လှုပ်ရှားနိုင်ပါသည်။

 

Sea View Condo

 

Location Map

 

Sea View Condo

ဆောက်လုပ်သည့် ကုမ္ပဏီ

ဆက်သွယ်မေးမြန်းရန်

ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

South Asia International Investment Group Pte Ltd

လိပ်စာ
တနသာင်္ရီတိုင်း၊ မြိတ်မြို့