Royal Garden View Condo ရဲ့ တည်နေရာကတော့ ကန်တော်ကြီးမျှော်စင် ကျွန်းအနီး၊ နိုင်ငံခြား သံရုံးများနဲ့ နာမည်ကြီးဟိုတယ်များစုဝေးရာ အချက်အချာကျသောနေရာဖြစ်တဲ့ အမှတ်(၃၇) ဦးထွန်းမြတ်လမ်း တာမွေမြို့နယ်မှာဖြစ်ပါတယ်။ ကန်တော်ကြီးဥယျာဉ်ကို (၇)မိနစ်သာ လမ်းလျှောက်သွားနိုင်တဲ့ အကွာအဝေးမှာ တည်ရှိတဲ့အပြင် ဈေးဝယ်စင်တာကြီးတွေ၊ ဆေးရုံ ဆေးခန်းတွေ၊ နိုင်ငံတကာ ကျောင်းတွေနဲ့လည်း နီးကပ်စွာတည်ရှိပြီး အချက်အချာကျတဲ့နေရာကောင်းမှာ တည်ရှိတဲ့ ကွန်ဒိုလည်း ဖြစ်ပါတယ်။
Royal Garden View Condo ဟာ ဘိုးဘွားပိုင်မြေဖြစ်ပြီး ၂၉၉၃၉ စတုရန်းပေမြေအကျယ်ရှိပြီး အဲဒီ မြေပေါ်မှာ ၂၅၈၀၅ စတုရန်းပေအကျယ်အ၀န်းရှိတဲ့ အဆောက်အအုံကို တည်ဆောက်ထားတာဖြစ်ပါတယ်။
ကွန်ဒိုတည်ဆောက်ပုံနှင့် အခန်းအကျယ်အ၀န်းများ
Royal Garden View Condominium ဟာ Reinforced concrete Pile Foundation နဲ့ တည်ဆောက်ထားတဲ့ ကွန်ဒိုတစ်ခုဖြစ်ပါတယ်။ Reinforced concrete using Grade 30 ready mixed concrete ကို အသုံးပြုတည် ဆောက်ထားပြီး အမိုးကိုတော့ Reinforced concrete roof နဲ့ insulated metal roof တွေကို အသုံးပြုထားပါတယ်။ ကွန်ဒို ရဲ့ အတွင်းအပြင်တွေကို emulsion paint တွေကိုသာ အသုံး ပြုထားပါတယ်။
အခန်းတိုင်းမှာ အဓိက ၀င်ပေါက်တံခါးမကြီးကို အဆင့်မြင့် ကျွန်းတံခါး တွေကိုတပ်ဆင်ပေးထားပြီး အိပ်ခန်း၊ မီးဖိုခန်း၊ အိမ်အကူအခန်းတွေကိုတော့ အဆင့်မီ သစ်သား တံခါးတွေ တပ်ဆင်ထားပါတယ်။ ရေချိုးခန်းတွေကိုတော့ PVC Door တွေတပ်ပေးထားပြီး လသာဆောင်တံခါးကိုတော့ Aluminium Framed door with fixed glass panel တပ်ပေးထားပါတယ်။
အခန်းတစ်ခုချင်းစီအတွက် ကိုယ်ပိုင်မီတာ၊ အဆင့်မြင့် ရေနဲ့ မိလ္လာစနစ်ကို ထည့်သွင်းတည်ဆောက်ထားတာ ကြောင့် နေထိုင်သူတွေအတွက် သက်တောင့် သက်သာရှိစေမှာ ဖြစ်တဲ့အပြင် ငလျင်ဒဏ်ကိုလည်း ရစ်ချက်တာစကေး (၇) အထိ ခံနိုင်ရည်ရှိတာကြောင့် သဘာဝဘေးအန္တရာယ်တွေ အတွက်လည်း ပူပင်စရာ မလိုတော့ပါဘူး။
အခန်းတွေကတော့ အကျယ်အ၀န်း (၁၁၂၈)စတုရန်း ပေကနေ (၂၀၅၈)စတုရန်းပေအထိ အခန်းဖွဲ့စည်းပုံ အလိုက် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မှာ လည်း ဖြစ်ပါတယ်။ အခန်း တစ်ခုချင်းစီတိုင်းမှာ Living Room ၊ Dining Room ၊ Shrine Master Bedroom ၊ Double Bedroom ၊ Kitchen Room ၊ Laundry Area ၊ Maid Room ၊ Common Bath & WC စတာ တွေကို ထည့်သွင်းတည်ဆောက်ထားပါတယ်။
ပါဝင်သည့် Facilities များ
ဘိုးဘွားပိုင်မြေပေါ်မှာ တည်ဆောက်ထားတဲ့ အဆင့်မီကွန်ဒို တစ်ခုဖြစ်တာနဲ့အညီ အားကစားရုံ (Gym) ၊ မြေအောက် ကားပါကင်၂ ထပ်၊ ပထမထပ် ကားပါကင်၊ အဆင့်မီ ရေကူးကန်၊ ကလေးကစားကွင်း၊၂၄နာရီလုံခြုံရေး၊ CCTV ကင်မရာ၊ ဓာတ်လှေကား(၆)စင်း (Passenger (၄)စင်း၊ Cargo Lift (၁)စင်း၊ Car Lift (၁)စင်း၊ ကိုယ်ပိုင်မီတာ၊ ထရန်စဖော်မာတို့ အပြင် အဆောက်အအုံတခုလုံးအတွက် ငွေကျပ်သိန်း (၃၀၀) ငွေပဒေသာပင် စတာတွေလည်းပါရှိမှာ လည်းဖြစ်ပါတယ်။
ဒီလို နိုင်ငံတကာ အဆင့်မီ Facilities တွေ အပြည့် ရှိတဲ့ Royal Garden View Condominium ကို တည်ဆောက်တဲ့ Developer ကတော့ မင်္ဂလာတောင်ညွန့် မြို့နယ်က Atrium Condominium နဲ့ ဗဟန်းမြို့နယ်ထဲက Sayar San Condominium တွေကို တည်ဆောက်ခဲ့တဲ့ Yadanar Myaing Construction မှ တည်ဆောက်ထားတာဖြစ်ပါသည်။
Location Map
No.(178) Upper Pansodan Road, Mingalartaungnyunt Township, Yangon
ဆက်သွယ်မေးမြန်းရန်
ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။