Contact Number Share on Facebook
တည်နေရာ၊ အကျယ်အဝန်းနှင့် ပတ်ဝန်းကျင်
Diamond Inya Palace Condominium ကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ဦးထွန်းငြိမ်းလမ်းမပေါ်က မြေ(၂)ဧက အကျယ်အဝန်းပေါ်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ အထပ်အမြင့် စုစုပေါင်း(၃၃)ထပ်နဲ့ တည်ဆောက်သွားမှာဖြစ်ပြီး အခန်းစုစုပေါင်း (၃၇၆) ခန်းပါဝင်ကာ Penthouse အခန်း(၈)ခန်းကိုပါ ထည့်သွင်း တည်ဆောက်ထားပါတယ်။
အနီးပတ်ဝန်းကျင်မှာလည်း ဟိုတယ်ပါရမီ၊ Parami International Hospital ၊ British International School ၊ Parami Pizza ၊ အင်းယားလိတ်ဟိုတယ် ၊ ကမ္ဘာအေးဘုရား၊ ဂမုန်းပွင့်ကုန်တိုက်၊ ဆီဒိုးနားဟိုတယ်၊ မြန်မာပလာဇာ ၊ MIS School ၊ Lotte Hotel & Resort ၊ အင်းယားကန် ၊ ရွှေတိဂုံ စေတီတော် ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ မြကျွန်းသာ အပန်းဖြေဥယျာဉ် ၊ ဥက္ကလာဂေါက်ကွင်း စတဲ့နေရာတွေကိုလည်း မိနစ်ပိုင်းအတွင်းမှာတင် အရောက်သွားနိုင်တဲ့ နေရာကောင်းမှာ တည်ရှိတာဖြစ်ပါတယ်။
လမ်းပန်းဆက်သွယ်ရေး ပတ်ဝန်းကျင်ကောင်းမွန်ပြီး ရှုခင်းမြင်ကွင်းများ လှပမှုများကြောင့် လူအများရဲ့ စိတ်ဝင်စား နှစ်ခြိုက်မှုကို ရရှိထားတဲ့ Condo Project တစ်ခုဖြစ်ပါတယ်။
တည်ဆောက်ပုံ နှင့် အခန်းအမျိုးအစားများ
အဆောက်အအုံတစ်ခုလုံးကို Foundation အဖြစ် Bored Piles နဲ့ Concrete Piles အမျိုးအစားတွေနဲ့ ပြုလုပ်ထားပါတယ်။ Substructure နဲ့ ှSuperstructure တွေကိုတော့ Reinforced Concrete Frameword နဲ့ Steel Frame တွေကို သုံးထားပါတယ်။ အမိုးကတော့ RC Flat Roof အမျိုးအစား ဖြစ်ပြီး တံခါးများ၊ ပြတင်းပေါက်များ ၊ မျက်နှာကြက် ၊ ကြမ်းခင်း၊ အတွင်းအပြင်ဆေး စတာတွေ အားလုံးကလည်း နိုင်ငံတကာ အဆင့်မီ အရည်အသွေးမြင့် ပစ္စည်းတွေကို မြန်မာ့ရေမြေ ရာသီဥတုနဲ့ အဆင်ပြေကိုက်ညီအောင် စနစ်တကျ အသုံးပြု ပေးထားတာကိုတွေ့ ရပါတယ်။
အခန်းအကျယ်အဝန်းတွေကိုလည်း မာစတာအိပ်ခန်း၊ ရိုးရိုးအိပ်ခန်းတွေအပါအဝင် အိပ်ခန်း အရေအတွက်ပါဝင်မှု ကို ဝယ်ယူသူစိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်ဖို့အတွက် စတုရန်းပေ (၉၄၇) ကနေ (၃၀၂၅) အထိ စိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်မှာလည်းဖြစ်ပါတယ်။ သီးသန့်အနေနဲ့ Penthouse အခန်း (၈) ခန်းပါဝင်ပြီး ဒီ Penthouse တွေရဲ့ အကျယ်အဝန်း ကတော့ စတုရန်းပေ (၆၆၆၃) ကနေ (၁၁၆၆၈) အထိ ကျယ်ဝန်း တဲ့အတွက် တကယ့်ကို Penthouse တစ်ခုရဲ့ အရသာနဲ့ ခံစား မှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
Room Decoration တွေကတော့ အခန်းတိုင်းအတွက် Fully Decorated အဖြစ် ဝယ်ယူသူထံ အပ်နှံပေးသွားမှာ ဖြစ်သလို Kitchen Room တိုင်းမှာဆိုရင်လည်း Cabinet ၊ Electric Cooker ၊ Oven ၊ Exhaust Fan များ ၊ Bedroom အခန်း တိုင်းမှာလည်း Teak Floor ၊ Air-Con (Daikin) & Wardrobe များ၊ Bathroom တိုင်းတွင်လည်း Basin ၊ Shower & All Sanitary Ware (TOTO) ၊ Water Heater စတာတွေကို ပြည့်ပြည့်စုံစုံ ထည့်သွင်းတပ်ဆင်ပေးထားတာ ကလည်း အဆင့်မြင့်စနစ်တစ်ခုဖြစ်မှန်း သိသာစေပါတယ်။
ပါဝင်သည့် Facilities များ
Layout plan
Project Location
No.(2), U Tun Nyein Street, Mayangone Township, Yangon, Myanmar.
ဆက်သွယ်မေးမြန်းရန်
ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။