အိမ်တွင်း စိုက်ပျိုး၍ အကောင်းဆုံးအပင်များ - Property Knowledge in Myanmar from iMyanmarHouse.com
3999 Views

အိမ်တွင်း စိုက်ပျိုး၍ အကောင်းဆုံးအပင်များ

Knowledge | Posted by Aye Myat Thu

[Unicode]

တစ်ချို့ကတော့ အပင်လေးတွေကို အိမ်တွင်းအလှဆင်ရုံ သက်သက်စိုက်ကြပါတယ်။ ဒါပေမဲ့ ဒီအပင်လေးတွေဟာ အိမ်ခန်းများကို စိမ်းစိမ်းစိုစိုနဲ့ လှပရုံတင်မကဘူး၊ လေကိုပါသန့်စင်စေပါတယ်။ အပင်လေးတွေကိုဂရုစိုက်ရင်းနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။

၂၀၀၈ ခုနှစ်က ဒတ်ချ်သုတေသနသမားတွေရဲ့ လေ့လာချက်အရအခန်းတွင်း အပင်ရှိတဲ့ ဆေးရုံက လူနာတွေဟာ မရှိတဲ့လူနာတွေထက် စိတ်ဖိစီးမှုလျော့နည်းကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အိမ်တွင်းစိုက်ပျိုးလို့ကောင်းတဲ့ ပန်းပင် အချို့ကိုတင်ပြလိုက်ပါတယ်။ လွယ်လွယ်ကူကူစိုက်ပျိုးလို့ရပြီး လေထုထဲမှာ အောက်ဆီဂျင်ဓာတ်ကို မြင့်မားစေတဲ့ အပင်မျိုးတွေ ဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းရဲ့အနှစ်ဟာ ဆေးဖက်ဝင်တာကို အားလုံးသိပြီးသားပါ။ အခန်းတွင်း ဓာတုပစ္စည်းတွေကထွက်တဲ့ မသန့်ရှင်းတဲ့လေကို သူက ဖယ်ရှားပေးနိုင်ပါတယ်။ အန္တာရယ်ရှိတဲ့ ဓာတုပစ္စည်းထဲက လေတွေဟာ အလွန်အကျွံဖြစ်လာပြီဆိုရင်တော့ သူရဲ့အရွက်တွေဟာအညိုကွက်ပျောက်လေးတွေ ဖြစ်လာပါတယ်။

ဝါးပင်

ဝါးပင်လေးတွေဟာ အိမ်တွင်းမှာ အလွန်ဆွဲဆောင်မှုရှိပါတယ်။ လေသန့်စင်မှု 8.4 ရှိတဲ့ အပင်လေးတွေအဖြစ် နာဆာက သတ်မှတ်ထားပါတယ်။ Benzene နဲ့ Trichloroethylene လို ဓာတုပစ္စည်းတွေကို ဆုပ်ယူပေးပါတယ်။ ရေကောင်းကောင်းလောင်းဖို့လိုပြီး နေရိပ်ထဲမှာ ထားရပါတယ်။ ဒါမှမဟုတ် နေကို တိုက်ရိုက်မရတဲ့ နေရာမှာ ထားရပါတယ်။

ရာဘာပင်

ရာဘာပင်ဟာ လေကိုသန့်စင်စေပါတယ်။ စိုက်ပျိုးလို့ အလွယ်ဆုံးအပင်လည်း ဖြစ်ပါတယ်။ အလင်းမှိန်မှိန်ထဲမှာတောင် ရှင်သန်ပါတယ်။ အကြမ်းပတမ်းခံပြီး လေထဲက အဆိပ်အတောက်ကို ဖယ်ရှားရာမှာ အားကောင်းပါတယ်။

နဂါးစက်ဂမုန်း

စိုက်ပျိုးဖို့ အလင်းရောင်များများ၊ ရေများများမလိုပါဘူး။ အိမ်ထောင့် ဘယ်နားချ ထားထားပါ။ ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ပြီး ညဘက်မှာ အောက်စီဂျင်ထုတ်ပေးတဲ့ အပင်ပါ။ အိပ်ခန်းထဲ ထားသင့်တဲ့အပင်မျိုးပါ။

English Ivy

လေထုသန့်စင်မှုအပေးဆုံး နံပါတ်တစ်အပင်အဖြစ် နာဆာက သတ်မှတ်ထားပါတယ်။ ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့ကို စုပ်ယူရာမှာ အထိရောက်ဆုံးဖြစ်ပါတယ်။ ကြမ်းပြင်တွေ၊နံရံတွေမှာ တွယ်ကပ်ပေါက်တတ်တဲ့အပင်မျိုး ဖြစ်ပါတယ်။ အိမ်ရဲ့ဆင်ဝင်တို့၊ မျက်နှာစာတို့မှာ အလှဆင်တတ်ကြပါတယ်။ လွယ်လွယ်ကူကူပဲ ရှင်သန်ပါတယ်။

ဒီထဲမှာပါတဲ့ တစ်ချို့အပင်တွေကို နာဆာ သိပ္ပံပညာရှင်တွေက လေထုအသန့်စင်ဆုံး အိမ်တွင်းစိုက်ပျိုးပင်တွေအဖြစ် သတ်မှတ်ထားပါတယ်။

Credit : Feng Shui 101

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

[Zawgyi]

အိမ္တြင္း စိုက္ပ်ိဳး၍ အေကာင္းဆံုးအပင္မ်ား

တစ္ခ်ိဳ႕ကေတာ့ အပင္ေလးေတြကို အိမ္တြင္းအလွဆင္ရုံ သက္သက္စိုက္ၾကပါတယ္။ ဒါေပမဲ့ ဒီအပင္ေလးေတြဟာ အိမ္ခန္းမ်ားကို စိမ္းစိမ္းစိုစိုနဲ႔ လွပရုံတင္မကဘူး၊ ေလကိုပါသန္႔စင္ေစပါတယ္။ အပင္ေလးေတြကိုဂရုစိုက္ရင္းနဲ႔ စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစနိုင္ပါတယ္။

၂၀၀၈ ခုနွစ္က ဒတ္ခ်္သုေတသနသမားေတြရဲ႕ ေလ့လာခ်က္အရအခန္းတြင္း အပင္ရွိတဲ့ ေဆးရုံက လူနာေတြဟာ မရွိတဲ့လူနာေတြထက္ စိတ္ဖိစီးမႈေလ်ာ့နည္းေၾကာင္း ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ အိမ္တြင္းစိုက္ပ်ိဳးလို႔ေကာင္းတဲ့ ပန္းပင္ အခ်ိဳ႕ကိုတင္ျပလိုက္ပါတယ္။ လြယ္လြယ္ကူကူစိုက္ပ်ိဳးလို႔ရျပီး ေလထုထဲမွာ ေအာက္ဆီဂ်င္ဓာတ္ကို ျမင့္မားေစတဲ့ အပင္မ်ိဳးေတြ ျဖစ္ပါတယ္။

"ရွားေစာင္းလက္ပတ္"

ရွားေစာင္းရဲ႕အနွစ္ဟာ ေဆးဖက္ဝင္တာကို အားလံုးသိျပီးသားပါ။ အခန္းတြင္း ဓာတုပစၥည္းေတြကထြက္တဲ့ မသန္႔ရွင္းတဲ့ေလကို သူက ဖယ္ရွားေပးနိုင္ပါတယ္။ အႏၱာရယ္ရွိတဲ့ ဓာတုပစၥည္းထဲက ေလေတြဟာ အလြန္အကၽြံျဖစ္လာျပီဆိုရင္ေတာ့ သူရဲ႕အရြက္ေတြဟာအညိဳကြက္ေပ်ာက္ေလးေတြ ျဖစ္လာပါတယ္။

"ဝါးပင္"

ဝါးပင္ေလးေတြဟာ အိမ္တြင္းမွာ အလြန္ဆြဲေဆာင္မႈရွိပါတယ္။ ေလသန္႔စင္မႈ 8.4 ရွိတဲ့ အပင္ေလးေတြအျဖစ္ နာဆာက သတ္မွတ္ထားပါတယ္။ Benzene နဲ႔ Trichloroethylene လို ဓာတုပစၥည္းေတြကို ဆုပ္ယူေပးပါတယ္။ ေရေကာင္းေကာင္းေလာင္းဖို႔လိုျပီး ေနရိပ္ထဲမွာ ထားရပါတယ္။ ဒါမွမဟုတ္ ေနကို တိုက္ရုိက္မရတဲ့ ေနရာမွာ ထားရပါတယ္။

"ရာဘာပင္"

ရာဘာပင္ဟာ ေလကိုသန္႔စင္ေစပါတယ္။ စိုက္ပ်ိဳးလို႔ အလြယ္ဆံုးအပင္လည္း ျဖစ္ပါတယ္။ အလင္းမွိန္မွိန္ထဲမွာေတာင္ ရွင္သန္ပါတယ္။ အၾကမ္းပတမ္းခံျပီး ေလထဲက အဆိပ္အေတာက္ကို ဖယ္ရွားရာမွာ အားေကာင္းပါတယ္။

"နဂါးစက္ဂမုန္း"

စိုက္ပ်ိဳးဖို႔ အလင္းေရာင္မ်ားမ်ား၊ ေရမ်ားမ်ားမလိုပါဘူး။ အိမ္ေထာင့္ ဘယ္နားခ် ထားထားပါ။ ကာဗြန္ဒိုင္ေအာက္ဆိုက္ကိုစုပ္ျပီး ညဘက္မွာ ေအာက္စီဂ်င္ထုတ္ေပးတဲ့ အပင္ပါ။ အိပ္ခန္းထဲ ထားသင့္တဲ့အပင္မ်ိဳးပါ။

"English Ivy''

ေလထုသန္႔စင္မႈအေပးဆံုး နံပါတ္တစ္အပင္အျဖစ္ နာဆာက သတ္မွတ္ထားပါတယ္။ ေဖာ္မယ္ဒီဟုိက္ဓာတ္ေငြ႕ကို စုပ္ယူရာမွာ အထိေရာက္ဆံုးျဖစ္ပါတယ္။ ၾကမ္းျပင္ေတြ၊နံရံေတြမွာ တြယ္ကပ္ေပါက္တတ္တဲ့အပင္မ်ိဳး ျဖစ္ပါတယ္။ အိမ္ရဲ႕ဆင္ဝင္တို႔၊ မ်က္နွာစာတို႔မွာ အလွဆင္တတ္ၾကပါတယ္။ လြယ္လြယ္ကူကူပဲ ရွင္သန္ပါတယ္။

ဒီထဲမွာပါတဲ့ တစ္ခ်ိဳ႕အပင္ေတြကို နာဆာ သိပၸံပညာရွင္ေတြက ေလထုအသန္႔စင္ဆံုး အိမ္တြင္းစိုက္ပ်ိဳးပင္ေတြအျဖစ္ သတ္မွတ္ထားပါတယ္။

Credit : Feng Shui 101

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service