ရေပူအပန်းဖြေစခန်းနှင့် သင့်တော်သည့် ခရီးသွားလုပ်ငန်းများ ပျဉ်းမနားမြို့နယ် ကိုးတစ်ကျေးရွာအုပ်စုနှင့် ဘို့မ ကျေးရွာအုပ်စုများတွင် ဖော်ဆောင်နိုင်ရေး ကွင်းဆင်းလေ့လာမှုပြုလုပ် - Property News in Myanmar from iMyanmarHouse.com
924 Views

ရေပူအပန်းဖြေစခန်းနှင့် သင့်တော်သည့် ခရီးသွားလုပ်ငန်းများ ပျဉ်းမနားမြို့နယ် ကိုးတစ်ကျေးရွာအုပ်စုနှင့် ဘို့မ ကျေးရွာအုပ်စုများတွင် ဖော်ဆောင်နိုင်ရေး ကွင်းဆင်းလေ့လာမှုပြုလုပ်

[Unicode]

ရေပူအပန်းဖြေစခန်းနှင့် သင့်တော်သည့် ခရီးသွားလုပ်ငန်းများ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ် ကိုးတစ်ကျေးရွာအုပ်စုနှင့် ဘို့မ ကျေးရွာအုပ်စုများတွင် ဖော်ဆောင်နိုင်ရေး ကွင်းဆင်းလေ့လာမှုများ ဒီဇင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနမှသိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် ညွှန်ကြား ရေးမှူးချုပ် ဦးလှိုင်ဦးတို့သည် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်(၂) ဦးမင်းသူ၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ရုံးခွဲ တာဝန်ခံ ဒေါက်တာသန်းဇော်နှင့် တာဝန်ရှိသူများသည် ကိုးတစ်ရွာမ ကျေးရွာ ၊ ခြောက်အိမ်စု ကျေးရွာ၊ တောင်မြင့်ရေပူကျေးရွာနှင့်၎င်းရွာအနီးရှိ ရေပူထွက်သည့်နေရာများ၊ ဘို့မ အထက် ကျေးရွာများသို့သွားရောက်ကာ လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT)၊ ရေပူအပန်းဖြေစခန်းနှင့် သင့်တော်သည့် ခရီးသွားလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်နိုင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။

အဆိုပါ ပျဉ်းမနားမြို့နယ်ရှိ ကိုးတစ်ကျေးရွာအုပ်စုနှင့် ဘို့မကျေးရွာအုပ်စုသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ၃၀၀၀ ကျော် တွင်တည်ရှိပြီး ဒေသခံများအနေနှင့် စိုက်ပျိုးရေးအခြေခံ တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကလုပ် ကိုင် ကြပြီး CBT လုပ်ငန်းကို ဖော်ဆောင်နိုင်ပါက ခရီးသွားပြည်သူများအနေနှင့် ဒေသခံပြည်သူများ၏ နေထိုင်မှုပုံစံများ၊ ရေပူစမ်းနှင့် သဘာတောတောင်ရှု့ခင်းများကို ကြည့်ရှု့ခံစားနိုင်မည်ဖြစ်ကြောင်းသိရသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေရပူအပန္းေျဖစခန္းႏွင့္ သင့္ေတာ္သည့္ ခရီးသြားလုပ္ငန္းမ်ား ပ်ဥ္းမနားၿမိဳ႕နယ္ ကိုးတစ္ေက်းရြာအုပ္စုႏွင့္ ဘို႔မ ေက်းရြာအုပ္စုမ်ားတြင္ ေဖာ္ေဆာင္ႏိုင္ေရး ကြင္းဆင္းေလ့လာမႈျပဳလုပ္

ေရပူအပန္းေျဖစခန္းႏွင့္ သင့္ေတာ္သည့္ ခရီးသြားလုပ္ငန္းမ်ား ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမ၊ ပ်ဥ္းမနားၿမိဳ႕နယ္ ကိုးတစ္ေက်းရြာအုပ္စုႏွင့္ ဘို႔မ ေက်းရြာအုပ္စုမ်ားတြင္ ေဖာ္ေဆာင္ႏိုင္ေရး ကြင္းဆင္းေလ့လာမႈမ်ား ဒီဇင္ဘာ ၂၀ ရက္က ျပဳလုပ္ခဲ့ေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားဝန္ႀကီးဌာနမွသိရသည္။

ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းေမာင္၊ ဒုတိယဝန္ႀကီး ဦးတင္လတ္ႏွင့္ ညႊန္ၾကား ေရးမႉးခ်ဳပ္ ဦးလွိုင္ဦးတို႔သည္ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ ေကာ္မတီဝင္(၂) ဦးမင္းသူ၊ ပ်ဥ္းမနားၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းစိုးေအာင္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ျမင့္ဦး၊ ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈဦးစီးဌာန ေနျပည္ေတာ္႐ုံးခြဲ တာဝန္ခံ ေဒါက္တာသန္းေဇာ္ႏွင့္ တာဝန္ရွိသူမ်ားသည္ ကိုးတစ္ရြာမ ေက်းရြာ ၊ ေျခာက္အိမ္စု ေက်းရြာ၊ ေတာင္ျမင့္ေရပူေက်းရြာႏွင့္၎ရြာအနီးရွိ ေရပူထြက္သည့္ေနရာမ်ား၊ ဘို႔မ အထက္ ေက်းရြာမ်ားသို႔သြားေရာက္ကာ လူထုအေျချပဳခရီးသြားလုပ္ငန္း(CBT)၊ ေရပူအပန္းေျဖစခန္းႏွင့္ သင့္ေတာ္သည့္ ခရီးသြားလုပ္ငန္းမ်ား အေကာင္အထည္ ေဖာ္ေဆာင္နိုင္မႈအေျခအေနမ်ားကို လွည့္လည္ၾကည့္ရႈခဲ့ေၾကာင္းသိရသည္။

အဆိုပါ ပ်ဥ္းမနားၿမိဳ႕နယ္ရွိ ကိုးတစ္ေက်းရြာအုပ္စုႏွင့္ ဘို႔မေက်းရြာအုပ္စုသည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ၃၀၀၀ ေက်ာ္ တြင္တည္ရွိၿပီး ေဒသခံမ်ားအေနႏွင့္ စိုက္ပ်ိဳးေရးအေျခခံ ေတာင္ယာလုပ္ငန္းႏွင့္ လယ္ယာလုပ္ငန္းကို အဓိကလုပ္ ကိုင္ ၾကၿပီး CBT လုပ္ငန္းကို ေဖာ္ေဆာင္နိုင္ပါက ခရီးသြားျပည္သူမ်ားအေနႏွင့္ ေဒသခံျပည္သူမ်ား၏ ေနထိုင္မႈပုံစံမ်ား၊ ေရပူစမ္းႏွင့္ သဘာေတာေတာင္ရႈ႔ခင္းမ်ားကို ၾကည့္ရႈ႔ခံစားနိုင္မည္ျဖစ္ေၾကာင္းသိရသည္။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service