ဒဂုံမြို့သစ် (၄) မြို့နယ်အပါအဝင် သာကေတ၊ ဒေါပုံနှင့် သီလဝါစက်မှုဇုန်များ လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းမှ ရေပေးနိုင်တော့မည် - Property News in Myanmar from iMyanmarHouse.com
1426 Views

ဒဂုံမြို့သစ် (၄) မြို့နယ်အပါအဝင် သာကေတ၊ ဒေါပုံနှင့် သီလဝါစက်မှုဇုန်များ လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းမှ ရေပေးနိုင်တော့မည်

[Unicode]

ဒဂုံမြို့သစ် (၄) မြို့နယ်အပါအဝင် သာကေတ၊ ဒေါပုံနှင့် သီလဝါစက်မှုဇုန်များ လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းမှ ရေပေးဝေနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းမှာ လက်ရှိတွင် ၇၈ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ပြီး လာမည့် ၂၀၂၂ ခုနှစ် မတ်လတွင် စီမံကိန်းအားလုံး ပြီးစီးရန်ရည်မှန်းထားကြောင်းသိရသည်။

လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းမှ နေ့စဉ်ရေဂါလန် သန်း ၄၀ ပေးဝေနိုင်မှာ ဖြစ်ပြီး၊ ရေပေးဝေရေးဇုန်-၇ ဖြစ်သည့် ဒဂုံမြို့ သစ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းသို့ နေ့စဉ် ရေဂါလန် ၁၃ သန်း၊ ရေပေးဝေရေးဇုန်-၈ ဖြစ်သည့် ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဆိပ်ကမ်းသို့ နေ့စဉ် ရေဂါလန် ၁၄ သန်း၊ ရေပေးဝေရေးဇုန်-၂ မှာပါဝင်သည့် သာကေတနှင့် ဒေါပုံသို့ နေ့စဉ် ရေဂါလန် ၃ သန်း၊ သီလဝါအထူးစီးပွားရေးဇုန်သို့ နေ့စဉ် ရေဂါလန် ၁၀ သန်း အသီးသီး ပေးဝေသွားမှာ ဖြစ်ကြောင်းသိရသည်။

ရေပေးဝေရေးဇုန်-၇ တွင် Service Reservoir နှင့် Pumping Station များကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၏ အရှေ့ဘက် ၁၃၁ ရပ်ကွက်တွင် တည်ဆောက်ထားပြီး Service Reservoir မှာ ရေဂါလန် ၄.၆ သန်းဆန့်ပြီး၊ Pumping Station စွမ်းရည်မှာ တစ်နာရီကို ရေဂါလန် ၇ သိန်း ဖြန့်ဝေ ပေးနိုင်ကြောင်းသိရသည်။

ရေပေးဝေရေးဇုန်-၈ တွင် Service Reservoir နှင့် Pumping Station များကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ၆၉ ရပ်ကွက်တွင် တည်ဆောက်ထားပြီး Service Reservoir မှာ ရေဂါလန် ၆ သန်းဆန့်ပြီး၊ Pumping Station စွမ်းရည်မှာ ဇုန်-၈ အတွက် တစ်နာရီကို ရေဂါလန် ၁၁ သိန်းဖြန့်ဝေနိုင်ပြီး သီလဝါ အထူးစီးပွားရေးဇုန်အတွက်ကိုလည်း အဆိုပါ ဇုန်-၈ Service Reservoir မှ တစ်နာရီကို ရေဂါလန် ၃.၈ သိန်း ဖြန့်ဝေပေးသွားမှာဖြစ်ကြောင်းသိရသည်။

ဇုန်-၇ နှင့် ဇုန်-၈ တို့၏ Service Reservoir နှင့် Pumping Station များကို တည်ဆောက်တပ်ဆင်ပြီးဖြစ်ကာ YESC မှ လျှပ်စစ်မီး ရရှိလျှင် ရေတွန်းစက်များ စမ်းသပ်လည်ပတ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

ရေသန့်စင်စက်ရုံကို အမှတ်-၂ လမ်းနှင့် အမှတ်-၇ လမ်းဆုံအနီးမှာ တည်ရှိပြီး လဂွန်းပြင်ဆည်မှရေကို ရယူသန့်စင် ခြင်းဖြစ်၍ လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းဟု ခေါ်ကြောင်း၊ အဆိုပါ ရေသန့်စင်စက်ရုံကို YCDC မှ ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

အဆိုပါ လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းကို JICA ODA LOAN နှင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ချေးငွေပမာဏ ဂျပန်ယန်း ၂၃.၆၈၃ ဘီလီယံ ဖြစ်ပြီး၊ အတိုးနှုန်း ၀.၀၁ ရာခိုင်နှုန်းနှင့် ချေးငွေပြန်ဆပ်ရမည့် ကာလကတော့ နှစ်ပေါင်း လေးဆယ် ဖြစ်ကြောင်းသိရသည်။

ချေးငွေများကို ပြန်ဆပ်ရမှာဖြစ်ပြီး ချေးငွေပြန်ဆပ်ရမည့်အစီအစဉ်မှာ သီလဝါ အထူးစီးပွားရေးဇုန်သို့ နေ့စဉ်ရေဂါလန် ၁၀ သန်း ရောင်းချရငွေများနှင့် ရေသုံးစွဲသူပြည်သူများမှ ပြန်လည်ရရှိမည့် ရေဖိုးရေခများဖြင့် ပြန်လည်ပေးဆပ်ရမှာ ဖြစ် ကြောင်း ycdc ရေသန့်ထုတ်ပြန်ချက်ကို လူမှုကွန်ရက်စာမျက်တွင် Thuye Kaung က ပြန်လည်မျှဝေထားသည်ကို တွေ့ရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဒဂုံၿမိဳ႕သစ္ (၄) ၿမိဳ႕နယ္အပါအဝင္ သာေကတ၊ ေဒါပုံႏွင့္ သီလဝါစက္မႈဇုန္မ်ား လဂြန္းျပင္ေရေပးေဝေရး စီမံကိန္းမွ ေရေပးႏိုင္ေတာ့မည္

ဒဂုံၿမိဳ႕သစ္ (၄) ၿမိဳ႕နယ္အပါအဝင္ သာေကတ၊ ေဒါပုံႏွင့္ သီလဝါစက္မႈဇုန္မ်ား လဂြန္းျပင္ေရေပးေဝေရး စီမံကိန္းမွ ေရေပးေဝႏိုင္ေတာ့မည္ျဖစ္ေၾကာင္းသိရသည္။

လဂြန္းျပင္ေရေပးေဝေရး စီမံကိန္းမွာ လက္ရွိတြင္ ၇၈ ရာခိုင္ႏႈန္းေက်ာ္ၿပီးစီးေနၿပီျဖစ္ၿပီး လာမည့္ ၂၀၂၂ ခုႏွစ္ မတ္လတြင္ စီမံကိန္းအားလုံး ၿပီးစီးရန္ရည္မွန္းထားေၾကာင္းသိရသည္။

လဂြန္းျပင္ေရေပးေဝေရး စီမံကိန္းမွ ေန႔စဥ္ေရဂါလန္ သန္း ၄၀ ေပးေဝနိုင္မွာ ျဖစ္ၿပီး၊ ေရေပးေဝေရးဇုန္-၇ ျဖစ္သည့္ ဒဂုံၿမိဳ႕ သစ္ေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္းသို႔ ေန႔စဥ္ ေရဂါလန္ ၁၃ သန္း၊ ေရေပးေဝေရးဇုန္-၈ ျဖစ္သည့္ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းႏွင့္ ဆိပ္ကမ္းသို႔ ေန႔စဥ္ ေရဂါလန္ ၁၄ သန္း၊ ေရေပးေဝေရးဇုန္-၂ မွာပါဝင္သည့္ သာေကတႏွင့္ ေဒါပုံသို႔ ေန႔စဥ္ ေရဂါလန္ ၃ သန္း၊ သီလဝါအထူးစီးပြားေရးဇုန္သို႔ ေန႔စဥ္ ေရဂါလန္ ၁၀ သန္း အသီးသီး ေပးေဝသြားမွာ ျဖစ္ေၾကာင္းသိရသည္။

ေရေပးေဝေရးဇုန္-၇ တြင္ Service Reservoir ႏွင့္ Pumping Station မ်ားကို ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္ ဒဂုံတကၠသိုလ္၏ အေရွ႕ဘက္ ၁၃၁ ရပ္ကြက္တြင္ တည္ေဆာက္ထားၿပီး Service Reservoir မွာ ေရဂါလန္ ၄.၆ သန္းဆန႔္ၿပီး၊ Pumping Station စြမ္းရည္မွာ တစ္နာရီကို ေရဂါလန္ ၇ သိန္း ျဖန႔္ေဝ ေပးနိုင္ေၾကာင္းသိရသည္။

ေရေပးေဝေရးဇုန္-၈ တြင္ Service Reservoir ႏွင့္ Pumping Station မ်ားကို ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ ၆၉ ရပ္ကြက္တြင္ တည္ေဆာက္ထားၿပီး Service Reservoir မွာ ေရဂါလန္ ၆ သန္းဆန႔္ၿပီး၊ Pumping Station စြမ္းရည္မွာ ဇုန္-၈ အတြက္ တစ္နာရီကို ေရဂါလန္ ၁၁ သိန္းျဖန္႔ေဝႏိုင္ၿပီး သီလဝါ အထူးစီးပြားေရးဇုန္အတြက္ကိုလည္း အဆိုပါ ဇုန္-၈ Service Reservoir မွ တစ္နာရီကို ေရဂါလန္ ၃.၈ သိန္း ျဖန႔္ေဝေပးသြားမွာျဖစ္ေၾကာင္းသိရသည္။

ဇုန္-၇ ႏွင့္ ဇုန္-၈ တို႔၏ Service Reservoir ႏွင့္ Pumping Station မ်ားကို တည္ေဆာက္တပ္ဆင္ၿပီးျဖစ္ကာ YESC မွ လၽွပ္စစ္မီး ရရွိလွ်င္ ေရတြန္းစက္မ်ား စမ္းသပ္လည္ပတ္နိုင္ေတာ့မည္ျဖစ္ေၾကာင္းသိရသည္။

ေရသန႔္စင္စက္႐ုံကို အမွတ္-၂ လမ္းႏွင့္ အမွတ္-၇ လမ္းဆုံအနီးမွာ တည္ရွိၿပီး လဂြန္းျပင္ဆည္မွေရကို ရယူသန႔္စင္ ျခင္းျဖစ္၍ လဂြန္းျပင္ေရေပးေဝေရးစီမံကိန္းဟု ေခၚေၾကာင္း၊ အဆိုပါ ေရသန္႔စင္စက္ရုံကို YCDC မွ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။

အဆိုပါ လဂြန္းျပင္ေရေပးေဝေရးစီမံကိန္းကို JICA ODA LOAN ႏွင့္ ေဆာင္ရြက္ျခင္းျဖစ္ၿပီး ေခ်းေငြပမာဏ ဂ်ပန္ယန္း ၂၃.၆၈၃ ဘီလီယံ ျဖစ္ၿပီး၊ အတိုးႏႈန္း ၀.၀၁ ရာခိုင္ႏႈန္းႏွင့္ ေခ်းေငြျပန္ဆပ္ရမည့္ ကာလကေတာ့ ႏွစ္ေပါင္း ေလးဆယ္ ျဖစ္ေၾကာင္းသိရသည္။

ေခ်းေငြမ်ားကို ျပန္ဆပ္ရမွာျဖစ္ၿပီး ေခ်းေငြျပန္ဆပ္ရမည့္အစီအစဥ္မွာ သီလဝါ အထူးစီးပြားေရးဇုန္သို႔ ေန႔စဥ္ေရဂါလန္ ၁၀ သန္း ေရာင္းခ်ရေငြမ်ားႏွင့္ ေရသုံးစြဲသူျပည္သူမ်ားမွ ျပန္လည္ရရွိမည့္ ေရဖိုးေရခမ်ားျဖင့္ ျပန္လည္ေပးဆပ္ရမွာ ျဖစ္ ေၾကာင္း ycdc ေရသန႔္ထုတ္ျပန္ခ်က္ကို လူမႈကြန္ရက္စာမ်က္တြင္ Thuye Kaung က ျပန္လည္မွ်ေဝထားသည္ကို ေတြ႔ရသည္။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service