တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်းများ အတိုးနှုန်းသက်သာသည့် ချေးငွေ(ODA Loan)ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
6130 Views

တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်းများ အတိုးနှုန်းသက်သာသည့် ချေးငွေ(ODA Loan)ဖြင့် ရောင်းချမည်

[Unicode]

ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်းများကို အတိုးနှုန်းသက်သာသော ချေးငွေ (JICA ODA Loan )အစီအစဉ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံဖြိုး ရေး ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်းများအား လျောက်ထားရာတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန် ကြားချက်များနှင့်အညီ လူစုလူဝေးဖြစ်ပေါ်ခြင်းမှ ရှောင်ရှားရန်အတွက် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံဖြိုး ရေးဘဏ်တွင် စက်တင်ဘာ ၃၀ ရက်ထိ စုဆောင်း ငွေ အနည်းဆုံး ကျပ်သိန်း ၃၀ စုဆောင်းထားရှိသူ ၄၇၁၀ ဦး စာရင်းတွင် ပါဝင်သူများသည် မိမိတို့လျောက်ထား လိုသော အိမ်ရာအား DUHD Sale Housing ဖေ့ဘွတ် မက်ဆင်ဂျာမှတစ်ဆင့် စာရင်းပေးသွင်းရမည်ဖြစ်ပြီး မက်ဆင်ဂျာမှတစ်ဆင့် အမည်စာရင်းလက်ခံခြင်းကို ဒီဇင်ဘာ ၇ ရက် မှ ၁၁ ရက်ထိ ရုံးချိန်တွင်း နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ ဆောင်ရွက် ပေးသွား မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းအိမ်ရာစီမံကိန်း၊ ထီးလှိုင်ရှင် တန်ဖိုးသင့် အိမ်ရာစီမံကိန်း၊ ကျန်စစ်မင်းအိမ်ရာစီမံကိန်း၊ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ကနောင်အိမ်ရာစီမံကိန်း၊ သန်လျင်- ကျောက်တန်းမြို့နယ် သီလဝါ အိမ်ရာစီမံ ကိန်းများ၏ အခန်းပေါင်း ၃၈၈ ခန်းအား ရောင်းချ ပေးသွားမည်ဖြစ်ပြီး ရောင်းချမည့်အိမ်ရာစီမံကိန်းများ၏ အချက်အလက် (တည်နေရာ၊ အဆောက်အဦး အမျိုး အစား၊ အခန်းအကျယ် အဝန်း၊ အခန်းဈေးနှုန်း)များကို ကြည့်ရှုလေ့လာစာရင်း ပေးသွင်းနိုင်မည်ဖြစ်သည်။

ထို့ပြင် အိမ်ခန်းဝယ်ယူခွင့်ရရှိသူများ၏ အမည်စာရင်းနှင့် မဲနှိုက်ရောင်းချမည့် အစီအစဉ်ကို DUHD Sale Housing ဖေ့ဘွတ်ပေ့ဂျ်နှင့် CHIDB ဖေ့ဘွတ်ပေ့ဂျ် တို့မှ အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်လည်း ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံဖြိုးရေးဘဏ်၊ ဘဏ်ခွဲအသီးသီးတွင် အိမ်ရာချေးငွေရ ယူထားသူများအနေဖြင့် လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ အခြေအနေအရ လစဉ် ပေးဆပ်ငွေကို လက်ရှိသတ်မှတ်ထားသည့် နောက်ဆုံးရက်မတိုင်မီ ပေးသွင်းရန် အခက်အခဲများရှိနိုင်မှုကြောင့် ရွှေ့ဆိုင်း လက်ခံပေးခြင်းဖြစ်ကြောင်း ယင်းဘဏ်မှ သတင်းထုတ်ပြန်ထားသည်။

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၀ ခုနှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ် ၊ စက်တင်ဘာ လနှင့် နိုဝင်ဘာ လ များအတွင်းပေးသွင်းရမည့် လစဉ် အိမ်ရာချေးငွေများကို ပေးဆပ်ရမည့် သတ်မှတ်နောက်ဆုံးရက် (Last Collection Date) မှ ထပ်တိုး ၁၅ ရက်ကို နောက်ကျကြေး ကောက်ခံခြင်းမပြုဘဲ ရွှေ့ဆိုင်းလက်ခံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တန္ဖိုးနည္း၊ တန္ဖိုးသင့္ အိမ္ခန္းမ်ား အတိုးႏႈန္းသက္သာသည့္ ေခ်းေငြ(ODA Loan)ျဖင့္ ေရာင္းခ်မည္

ရန္ကုန္တိုင္းေဒသႀကီးအတြင္း တန္ဖိုးနည္း၊ တန္ဖိုးသင့္ အိမ္ခန္းမ်ားကို အတိုးႏႈန္းသက္သာေသာ ေခ်းေငြ (JICA ODA Loan )အစီအစဥ္ျဖင့္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံၿဖိဳး ေရး ဦးစီးဌာနမွ သတင္းထုတ္ျပန္သည္။

တန္ဖိုးနည္း၊ တန္ဖိုးသင့္ အိမ္ခန္းမ်ားအား ေလ်ာက္ထားရာတြင္ ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ေရး ၫႊန္ ၾကားခ်က္မ်ားႏွင့္အညီ လူစုလူေဝးျဖစ္ေပၚျခင္းမွ ေ႐ွာင္႐ွားရန္အတြက္ ေဆာက္လုပ္ေရး၊ အိမ္ရာႏွင့္ အေျခခံအေဆာက္အအုံဖြံၿဖိဳး ေရးဘဏ္တြင္ စက္တင္ဘာ ၃၀ ရက္ထိ စုေဆာင္း ေငြ အနည္းဆုံး က်ပ္သိန္း ၃၀ စုေဆာင္းထား႐ွိသူ ၄၇၁၀ ဦး စာရင္းတြင္ ပါဝင္သူမ်ားသည္ မိမိတို႔ေလ်ာက္ထား လိုေသာ အိမ္ရာအား DUHD Sale Housing ေဖ့ဘြတ္ မက္ဆင္ဂ်ာမွတစ္ဆင့္ စာရင္းေပးသြင္းရမည္ျဖစ္ၿပီး မက္ဆင္ဂ်ာမွတစ္ဆင့္ အမည္စာရင္းလက္ခံျခင္းကို ဒီဇင္ဘာ ၇ ရက္ မွ ၁၁ ရက္ထိ ႐ုံးခ်ိန္တြင္း နံနက္ ၉ နာရီမွ ညေန ၄ နာရီခြဲထိ ေဆာင္႐ြက္ ေပးသြား မည္ျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီး၊ လိႈင္သာယာၿမိဳ႕နယ္၊ ေ႐ႊလင္ပန္းအိမ္ရာစီမံကိန္း၊ ထီးလိႈင္႐ွင္ တန္ဖိုးသင့္ အိမ္ရာစီမံကိန္း၊ က်န္စစ္မင္းအိမ္ရာစီမံကိန္း၊ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း) ၿမိဳ႕နယ္ ကေနာင္အိမ္ရာစီမံကိန္း၊ သန္လ်င္- ေက်ာက္တန္းၿမိဳ႕နယ္ သီလဝါ အိမ္ရာစီမံ ကိန္းမ်ား၏ အခန္းေပါင္း ၃၈၈ ခန္းအား ေရာင္းခ် ေပးသြားမည္ျဖစ္ၿပီး ေရာင္းခ်မည့္အိမ္ရာစီမံကိန္းမ်ား၏ အခ်က္အလက္ (တည္ေနရာ၊ အေဆာက္အဦး အမ်ိဳး အစား၊ အခန္းအက်ယ္ အဝန္း၊ အခန္းေဈးႏႈန္း)မ်ားကို ၾကည့္႐ႈေလ့လာစာရင္း ေပးသြင္းႏိုင္မည္ျဖစ္သည္။

ထို႔ျပင္ အိမ္ခန္းဝယ္ယူခြင့္ရ႐ွိသူမ်ား၏ အမည္စာရင္းႏွင့္ မဲႏိႈက္ေရာင္းခ်မည့္ အစီအစဥ္ကို DUHD Sale Housing ေဖ့ဘြတ္ေပ့ဂ်္ႏွင့္ CHIDB ေဖ့ဘြတ္ေပ့ဂ်္ တို႔မွ အသိေပးေၾကညာသြားမည္ျဖစ္ေၾကာင္း သိရသည္။ လက္႐ွိတြင္လည္း ေဆာက္လုပ္ေရး၊ အိမ္ရာႏွင့္ အေျခခံအေဆာက္အအုံ ဖြံၿဖိဳးေရးဘဏ္၊ ဘဏ္ခြဲအသီးသီးတြင္ အိမ္ရာေခ်းေငြရ ယူထားသူမ်ားအေနျဖင့္ လတ္တေလာျဖစ္ေပၚေနသည့္ ကိုဗစ္-၁၉ အေျခအေနအရ လစဥ္ ေပးဆပ္ေငြကို လက္႐ွိသတ္မွတ္ထားသည့္ ေနာက္ဆုံးရက္မတိုင္မီ ေပးသြင္းရန္ အခက္အခဲမ်ား႐ွိႏိုင္မႈေၾကာင့္ ေ႐ႊ႕ဆိုင္း လက္ခံေပးျခင္းျဖစ္ေၾကာင္း ယင္းဘဏ္မွ သတင္းထုတ္ျပန္ထားသည္။

ေဆာက္လုပ္ေရး၊ အိမ္ရာႏွင့္ အေျခခံအေဆာက္အအုံ ဖြံၿဖိဳးေရးဘဏ္အေနျဖင့္ ၂၀၂၀ ခုႏွစ္ ဧၿပီ၊ ေမ၊ ဇြန္၊ ဇူလိုင္၊ ၾသဂုတ္ ၊ စက္တင္ဘာ လႏွင့္ ႏိုဝင္ဘာ လ မ်ားအတြင္းေပးသြင္းရမည့္ လစဥ္ အိမ္ရာေခ်းေငြမ်ားကို ေပးဆပ္ရမည့္ သတ္မွတ္ေနာက္ဆုံးရက္ (Last Collection Date) မွ ထပ္တိုး ၁၅ ရက္ကို ေနာက္က်ေၾကး ေကာက္ခံျခင္းမျပဳဘဲ ေ႐ႊ႕ဆိုင္းလက္ခံ ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service