ဝေဟင်ကြည့်အပျော်စီးလေယာဉ်ခရီးစဉ်အပါအဝင် ခရီးသွားလုပ်ငန်းတွေစတင်ဖို့ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
1218 Views

ဝေဟင်ကြည့်အပျော်စီးလေယာဉ်ခရီးစဉ်အပါအဝင် ခရီးသွားလုပ်ငန်းတွေစတင်ဖို့ပြင်ဆင်

[Unicode]

ဝေဟင်ကြည့်အပျော်စီးလေယာဉ်ခရီးစဉ်အပါအဝင် ကုန်းတွင်းယာဉ်တန်းနဲ့မြစ်တွင်းအပျော်စီးသင်္ဘောလုပ်ငန်းခရီးစဉ်အသစ်တွေကို အခုလဒုတိယပတ်မှာလုပ်ဆောင်သွားမယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

COVID-19 ကပ်ရောဂါကြောင့်လုံးဝရပ်ဆိုင်းနေရတဲ့မြန်မာ့ခရီးသွားလုပ်ငန်းဟာခရီးသွားလုပ်ငန်းပြန်လည်စတင်နိုင်ဖို့ အပျော်စီးလေယာဉ်ခရီးစဉ်ကိုဒီဇင်ဘာလဆန်းတွင် လည်းကောင်း၊မြစ်တွင်းသင်္ဘောခရီးစဉ်ကိုဒီဇင်ဘာလဒုတိယအပတ်တွင် လည်းကောင်း၊ကုန်းတွင်းယာဉ်တန်းနှင့်အဏ္ဏဝါခရီးသွားလုပ်ငန်းကိုဒီဇင်ဘာလနောက်ဆုံးအပတ်တွင် လည်းကောင်း စီစဉ်သွားရန်လျာထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဝေဟင်ကြည့်အပျော်စီးလေယာဉ်ခရီးစဉ်ဟာဥရောပနိုင်ငံတွေမှာတော့ ကိုဗစ်ရောဂါကာလအတွင်းခေတ်စားလာတဲ့ခရီးသွားလုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။

ပုံမှန်လေယာဉ်လက်မှတ်ခနှုန်းထားဟာဈေးနှုန်းကြီးမြင့်တာကြောင့် မြန်မာနိုင်ငံမှာတော့ ဝေဟင်ကြည့်လေယာဉ်ခရီးစဉ်အောင်မြင်ဖို့အချိန်ယူရမယ်လို့ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌဦးတင်အောင်ထွန်းကပြောပါတယ်။

ခရီးသွားလိုသူတွေများပြားနေပေမယ့်ကျန်းမာရေးဆိုင်ရာဖြေလျှော့မှုတွေကရန်ကုန်လိုမြို့ကြီးတွေမှာမရှိသေးတာကြောင့် အဲ့ဒီ့ခရီးစဉ်တွေအတွက်ကြိုတင်ပြင်ဆင်ဖို့အခက်အခဲရှိနေတယ်လို့ ၎င်းကသုံးသပ်ပါတယ်။

‘‘နိုင်ငံတော်ကဘယ်လိုပုံစံနဲ့ခွင့်ပြုမှာလဲမသိတော့စီစဉ်ရတာခက်တယ်။တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကလည်း ကန့်သတ်ချက်ကတစ်ခုနဲ့တစ်ခုမတူဘူး။ယာဉ်တန်းခရီးစဉ်စီစဉ်တယ်ဆိုရင်ပဲထောက်ခံချက်ပါရင်တောင် Q ဝင်ရမှာလား၊မဝင်ရဘူးလားဆိုတာကတစ်နေရာနဲ့တစ်နေရာကမတူတဲ့အခြေအနေပါ’’ဟု ၎င်းကပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ၂၀၂၀ ပြည့်နှစ်မတ်လကစတင်ပြီး ခရီးသွားလုပ်ငန်းတွေရပ်နားခဲ့ရတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]














Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service