လက်ရှိအစိုးရလက်ထက် ပြည်ပအကြွေး ဒေါ်လာ ၁၃ ဘီလီယံပြန်ဆပ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
2070 Views

လက်ရှိအစိုးရလက်ထက် ပြည်ပအကြွေး ဒေါ်လာ ၁၃ ဘီလီယံပြန်ဆပ်ခဲ့

[Unicode]

လက်ရှိအစိုးရလက်ထက်တွင် ယခင်ဦးသိန်းစိန်အစိုးရကထက် အခွန်ငွေ ၉၄ ရာခိုင်နှုန်း ပိုမိုရရှိပြီး ပြည်အကြွေး ဒေါ်လာ ၁၃ဘီလီယံခန့်ကို ပြန်လည်ပေးဆပ်နိုင်ခဲ့သည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများတွင်ဖော်ပြထားသည်။

ယခင်အစိုးရ ငါးနှစ်တွင် စုစုပေါင်း ကျပ်ဘီလီယံ ၂၂၀၀၀ကျော်အခွန်ကောက်ခံရရှိခဲ့ပြီး လက်ရှိအစိုးရ ၂၀၁၆ ဧပြီ ၁ ရက်မှ လာမည့် ဘဏ္ဍာနှစ်အကုန်ထိ ကျပ် ဘီလီယံ ၄၃၀၀၀ ရရှိမည်ဖြစ်သည်ဟု ဝန်ကြီးဌာနကဆိုသည်။ ထိုကြောင့် ၉၄ ရာခိုင်နှုန်းကျော် အခွန်ပိုမိုကောက်ခံရရှိခဲ့ခြင်းဖြစ်သည်။

ယခင်ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်ပကြွေးမြီ ၁၁ ဘီလီယံကို ပြန်လည်ပေးဆပ်ခဲ့ပြီး လက်ရှိ NLD အစိုးရလက်ထက် ၄နှစ်ခွဲကာလတွင် ဒေါ်လာ ၁၃ ဘီလီယံကို ပြန်လည်ပေးဆပ်ခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် ယခင်အစိုးရ ၅နှစ်ထက် ၁၇ ရာခိုင်နှုန်း အကြွေးပိုဆပ်နိုင်ခဲ့သည်ဟု ဝန်ကြီးဌာနကထုတ်ပြန်သည်။

ယခင်ဦးသိန်းစိန်းအစိုးရသည် ၅ နှစ်အတွင်း ပြည်ပချေးငွေ ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံကို ချေးငွေယူခဲ့ပြီး လက်ရှိအစိုးရက ၄နှစ်ခွဲအတွင်း ၇ ဒဿမ ၃ ဘီလီယံကို ချေးယူခဲ့သည်။ထိုကြောင့် NLD အစိုးရသည် ဦးသိန်းစိန် အစိုးရထက် ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံကို ပိုမိုချေးယူခဲ့သည်။

ထိုသို့ချေးယူရာတွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွက် ဒေါ်လာ ၁ ဒဿမ ၇ ဘီလီယံ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၁ ဒဿမ ၉ ဘီလီယံ၊ ၂၀၁၈ ခြောက်လဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်း ၁၀၀ကျော်၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်း ၇၀၀နှင့် ၂၀၁၉-၂၀၂၀တွင် ၂ ဒဿမ ၈ ဘီလီယံချေးယူခဲ့ခြင်းဖြစ်သည်။

ပညာရေးစရိတ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကျပ် ဘီလီယံ ၅၀၀၀ကျော်အသုံးပြုခဲ့ပြီး NLD အစိုးရ လက်ထက်တွင် ကျပ်ဘီလီယံ ၁၂၂၀၀ကျော်ကို အသုံးပြုခဲ့သည်။ထိုကြောင့် NLDအစိုးရက ပညာရေးအသုံးစရိတ်ကို ယခင်အစိုးရထက် တစ်ဆခွဲပိုမိုသုံးဆွဲခဲ့သည်။ ကျန်းမာရေးတွင် ယခင်အစိုးရက ကျပ် ဘီလီယံ ၃၁၀၀ ၊ လက်ရှိအစိုးရသည် ကျပ်ဘီလီယံ ၆၂၀၀ ဖြင့် နှစ်ဆကျော်ပိုမိုသုံးဆွဲခဲ့သည်။

ဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် NLD အစိုးရလက်ထက်တွင် လျှပ်စစ်ကဏ္ဍတွင် ကျပ်ဘီလီယံ ၃၅၀၀၀ကျော်ကို အသုံးပြုခဲ့ပြီး ယခင်အစိုးရထက် ၆၈ ရာခိုင်နှုန်း ပိုသုံးခဲ့သည်ဟုဖော်ပြထားသည်။

ထိုပြင် ဝန်ကြီးဌာနက ကိုဗစ်ကပ်ရောဂါ ကုစားရေးအတွက် အစိုးရ ပြည်သူလူထုကို ချေးငွေနှင့် ထောက်ပံ့ခြင်း လုပ်ငန်းများအတွက် ကျပ် ဘီလီယံ ၁၉၈၉ ကျော် အကုန်အကျခံခဲ့သည်ဟုဆိုသည်။

ထိုထဲတွင် ချေးငွေထုတ်ပြန်မူ ကျပ်ဘီလီယံ ၁၀၅၀ကျော်နှင့် ထောက်ပံ့မက ကျပ် ဘီလီယံ ၉၄၀ကျော်ရှိသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လက္႐ွိအစိုးရလက္ထက္ ျပည္ပအေႂကြး ေဒၚလာ ၁၃ ဘီလီယံျပန္ဆပ္ခဲ့

လက္႐ွိအစိုးရလက္ထက္တြင္ ယခင္ဦးသိန္းစိန္အစိုးရကထက္ အခြန္ေငြ ၉၄ ရာခိုင္ႏႈန္း ပိုမိုရ႐ွိၿပီး ျပည္အေႂကြး ေဒၚလာ ၁၃ဘီလီယံခန္႔ကို ျပန္လည္ေပးဆပ္ႏိုင္ခဲ့သည္ဟု စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနက ထုတ္ျပန္ေသာ စာရင္းမ်ားတြင္ေဖာ္ျပထားသည္။

ယခင္အစိုးရ ငါးႏွစ္တြင္ စုစုေပါင္း က်ပ္ဘီလီယံ ၂၂၀၀၀ေက်ာ္အခြန္ေကာက္ခံရ႐ွိခဲ့ၿပီး လက္႐ွိအစိုးရ ၂၀၁၆ ဧၿပီ ၁ ရက္မွ လာမည့္ ဘ႑ာႏွစ္အကုန္ထိ က်ပ္ ဘီလီယံ ၄၃၀၀၀ ရ႐ွိမည္ျဖစ္သည္ဟု ဝန္ႀကီးဌာနကဆိုသည္။ ထိုေၾကာင့္ ၉၄ ရာခိုင္ႏႈန္းေက်ာ္ အခြန္ပိုမိုေကာက္ခံရ႐ွိခဲ့ျခင္းျဖစ္သည္။

ယခင္ဦးသိန္းစိန္အစိုးရလက္ထက္တြင္ ျပည္ပေႂကြးၿမီ ၁၁ ဘီလီယံကို ျပန္လည္ေပးဆပ္ခဲ့ၿပီး လက္႐ွိ NLD အစိုးရလက္ထက္ ၄ႏွစ္ခြဲကာလတြင္ ေဒၚလာ ၁၃ ဘီလီယံကို ျပန္လည္ေပးဆပ္ခဲ့ျခင္းျဖစ္သည္။ ထိုေၾကာင့္ ယခင္အစိုးရ ၅ႏွစ္ထက္ ၁၇ ရာခိုင္ႏႈန္း အေႂကြးပိုဆပ္ႏိုင္ခဲ့သည္ဟု ဝန္ႀကီးဌာနကထုတ္ျပန္သည္။

ယခင္ဦးသိန္းစိန္းအစိုးရသည္ ၅ ႏွစ္အတြင္း ျပည္ပေခ်းေငြ ေဒၚလာ ၅ ဒသမ ၂ ဘီလီယံကို ေခ်းေငြယူခဲ့ၿပီး လက္႐ွိအစိုးရက ၄ႏွစ္ခြဲအတြင္း ၇ ဒႆမ ၃ ဘီလီယံကို ေခ်းယူခဲ့သည္။ထိုေၾကာင့္ NLD အစိုးရသည္ ဦးသိန္းစိန္ အစိုးရထက္ ေဒၚလာ ၂ ဒသမ ၁ ဘီလီယံကို ပိုမိုေခ်းယူခဲ့သည္။

ထိုသို႔ေခ်းယူရာတြင္ ၂၀၁၆-၁၇ ဘ႑ာႏွစ္တြက္ ေဒၚလာ ၁ ဒႆမ ၇ ဘီလီယံ၊ ၂၀၁၇-၁၈ ဘ႑ာႏွစ္တြင္ ၁ ဒႆမ ၉ ဘီလီယံ၊ ၂၀၁၈ ေျခာက္လဘ႑ာႏွစ္တြင္ ေဒၚလာ သန္း ၁၀၀ေက်ာ္၊ ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ေဒၚလာ သန္း ၇၀၀ႏွင့္ ၂၀၁၉-၂၀၂၀တြင္ ၂ ဒႆမ ၈ ဘီလီယံေခ်းယူခဲ့ျခင္းျဖစ္သည္။

ပညာေရးစရိတ္ ဦးသိန္းစိန္အစိုးရလက္ထက္တြင္ က်ပ္ ဘီလီယံ ၅၀၀၀ေက်ာ္အသုံးျပဳခဲ့ၿပီး NLD အစိုးရ လက္ထက္တြင္ က်ပ္ဘီလီယံ ၁၂၂၀၀ေက်ာ္ကို အသုံးျပဳခဲ့သည္။ထိုေၾကာင့္ NLDအစိုးရက ပညာေရးအသုံးစရိတ္ကို ယခင္အစိုးရထက္ တစ္ဆခြဲပိုမိုသုံးဆြဲခဲ့သည္။ က်န္းမာေရးတြင္ ယခင္အစိုးရက က်ပ္ ဘီလီယံ ၃၁၀၀ ၊ လက္႐ွိအစိုးရသည္ က်ပ္ဘီလီယံ ၆၂၀၀ ျဖင့္ ႏွစ္ဆေက်ာ္ပိုမိုသုံးဆြဲခဲ့သည္။

ဝန္ႀကီးဌာနက ထုတ္ျပန္ရာတြင္ NLD အစိုးရလက္ထက္တြင္ လွ်ပ္စစ္က႑တြင္ က်ပ္ဘီလီယံ ၃၅၀၀၀ေက်ာ္ကို အသုံးျပဳခဲ့ၿပီး ယခင္အစိုးရထက္ ၆၈ ရာခိုင္ႏႈန္း ပိုသုံးခဲ့သည္ဟုေဖာ္ျပထားသည္။

ထိုျပင္ ဝန္ႀကီးဌာနက ကိုဗစ္ကပ္ေရာဂါ ကုစားေရးအတြက္ အစိုးရ ျပည္သူလူထုကို ေခ်းေငြႏွင့္ ေထာက္ပံ့ျခင္း လုပ္ငန္းမ်ားအတြက္ က်ပ္ ဘီလီယံ ၁၉၈၉ ေက်ာ္ အကုန္အက်ခံခဲ့သည္ဟုဆိုသည္။

ထိုထဲတြင္ ေခ်းေငြထုတ္ျပန္မူ က်ပ္ဘီလီယံ ၁၀၅၀ေက်ာ္ႏွင့္ ေထာက္ပံ့မက က်ပ္ ဘီလီယံ ၉၄၀ေက်ာ္႐ွိသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service