အိမ်တွင်း ကြမ်းပိုးအန္တရာယ်တို့ကာကွယ် ရောဂါလည်းကင်းကျန်းမာခြင်း

အိမ်တွင်း ကြမ်းပိုးအန္တရာယ်တို့ကာကွယ် ရောဂါလည်းကင်းကျန်းမာခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
9 Aug 2020 10:37 am တွင် တင်ခဲ့သည်
20659 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ကျွန်တော်တို့အနေနှင့် လူလူခြင်းဒုက္ခပေးကြမှ အန္တရာယ်ဟုအများစုက ထင်တတ်ကြသည်။

လူတွေကို နေ့စဉ်တကယ်ဒုက္ခပေးနေသည်က ကိုယ့်အိမ်အတွင်း အင်းဆက်ပိုးမွှားများက ပိုများပါလိမ့်မည်။ထိုကဲ့သို့ များပြားလှသော အင်းဆက်ပိုးမွှားများထဲက ကြမ်းပိုး(ခေါ်)ဂျပိုးအကြောင်း ပြောကြည့်ကြမည်။ကျွန်တော်က ဂျပိုးလို့ရေးပါမည်။

ဂျပိုးထဲတွင် စာဂျပိုးသာကောင်းပြီး ဖျာဂျပိုးကတော့ ကျွန်တော်တို့လူသားတွေကို အတော်ပင်နှောင့်ယှက်လှသည်။

တစ်ခါတစ်ရံ အိမ်တွင်မကဘဲ လူအများ မပြတ်အသုံးပြုတတ်သည့် မီးရထားထိုင်ခုံများကြားတွင်ပင်နေရာယူစိုးမိုးပြီး သွေးစုပ်ရှင်သန် နေကြသည်က တော်တော်အမြင်ကပ်စရာကောင်းသည့် ဂျပိုးတို့၏ စွမ်းရည်ပင်ဖြစ်သည်။

သွေးဝနေသည့် ခြင်ကိုရိုက်သတ်လိုက်လို့ လက်တွင်နံစော်ပြီးမကျန်တတ်သော်လည်း ဂျပိုးတစ်ကောင်ကို သတ်မိပြီးရင်တော့ ဆိုးရွားသည့် အနံ့အသက်က စွဲကျန်ရစ်သည်။ဒီအနံ့ကိုပင် မှတ်မဲ့စိတ်ဖြင့် လူတို့နမ်းကြည့်တတ်မြဲပင်ဖြစ်သည်။

မိမိအိမ်တွင် အိပ်ရာ ခြင်ထောင်တို့ကို အမြဲမပြတ်သန့်ရှင်းအောင်ထားလျက်မှ ဂျပိုးများကူးစက်ပွားများလာပြီး ခြင်ထောင်၊ဖျာ၊ခေါင်းဦး တို့တွင် စွန်းပေညစ်ထေးလာပြီး ဖျက်မရသည့် အစွန်းအထေးတို့ ဖြစ်ကျန်ရစ်ခဲ့သည်။

အိမ်သို့ ညအိပ်လာတတ်သည့် ဧည့်သည် ဆွေမျိုးတို့ကြောင့်လည်း ဂျပိုးကူးစက်မှုခံရသည်။၎င်းတို့အိမ်တွင် ဂျပိုးများရှိခဲ့ပါက ခရီးဆောင် အိတ်နှင့် အဝတ်အစားတို့တွင် ဂျပို့တို့တွယ်မှီရှင်သန်နေတတ်ပြီး သူတို့ကူးလူးဆက်ဆံမိသည့် နေရာတိုင်းသို့ ပြန်နှံ့ကူးစက်တော့သည်။ ထိုနည်းဖြင့် မိမိတို့အိမ်သည်လည်း ကူးစက်ခြင်းခံရပါသည်။မိမိတို့အိမ်တွင် ဂျပိုးမရှိသော်လည်း ရှိသည့်အိမ်သို့ ညအိပ်ညနေသွားရောက် မိခြင်းကြောင့်လည်း ကူးစက်သည်။

ဘယ်လိုပင်ကူးကူး ဂျပိုးတို့မိမိအိမ်တွင် ရှိလာပြီဆိုလျှင် အိပ်ကောင်းခြင်းမအိပ်ရ ဖြစ်လာပါတော့မည်။နဂိုကမှ မိမိအိပ်ရာကို ရှုပ်ထွေးညစ်ပတ်အောင် ထားတတ်သူဖြစ်ပါက ဂျပိုးတို့က ပိုပြီးအကြိုက်တွေ့တတ်သည်။ ကောင်းကောင်းရှင်သန် ပေါက်ပွားတော့သည်။ ဖျာ၏ချုပ်ရိုး ကြား၊ခြင်ထောင်ချုပ်ရိုးကြား၊ကုတင်ကြမ်းကြား၊မိမိအိပ်ရာဘေးထားတတ်သည့် ပစ္စည်းအကြိုအကြားနှင့် စာအုပ်ကြားတို့တွင်ပင်မကျန် ကောင်းကြီးရှင်သန်ပါတော့မည်။

သွေးမစုပ်ဘဲ ၃ လ အထိ ရှင်သန်နိုင်ပြီး အပူ အအေး မြင့်မားသည် အချိန်များတွင်ပင် နေထိုင်ရှင်သန်နိုင်ကြသည်။ ဂျပိုးတို့တွယ်ကပ်ရှင် သန်နေသည့် ခြင်ထောင် ၊အိပ်ရာ၊ခေါင်းအုံးဖုံးနှင့် အဝတ်အစားများကို ရိုးရိုးရေအေးတွင်စိမ်ပြီး လျှော်ဖွပ်ရုံလောက်တော့ သိပ်မဖြုံလှပေ။ ရေနွေးဆူဆူလောင်းပြီး စိမ်ထားပါမှတော်ပါလိမ့်မည်။

ကြုံရာအင်းဆက်ကီလာတွေဝယ်ပြီးရှင်းရသည်။ အချိန်အခိုက်အတန့်တော့ ရှင်းသွားသလိုဖြစ်သော်လည်း ကြာလာလျှင်ပြန်တွေ့နေရတတ်သည်။

တစ်ချို့သုံးစွဲကြည့်ပြီး မိမိလည်းသုံးစွဲမိတာလေးတွေ ပြန်မျှဝေပေးပါဦးမည်။ ဖျာအောက်ဖက်ခြမ်းကို ဂတ်စ်မပါသည့် အင်းဆက်ဖြန်းဆေး ရေကို ခပ်ရွှဲရွှဲလေးဖြန်းကာ စိမ့်ဝင်အောင်ခဏထားပြီး နေလှန်းထားပြီးညတွင်ပြန်သုံးပါ။ မိမိအိပ်ရာ ဘေးအောက် နံရံတို့တွင်လည်းကောင်း ၊ ဂျပိုးနေနိုင်သည်ထင်သည့် နေရာများကို အကုန်ဖြန်းထားခြင်း၊အိပ်ရာ၊ခြင်ထောင်၊ခေါင်းအုံးတို့ကိုလည်း တစ်ပြိုင်တည်းရေနွေး ဆူဆူဖြင့်ပြုတ်လျှော်ခြင်းတို့သည် အကောင်းဆုံးဖြစ်ပြီးလိမ့်မည်။အခြားနည်းများအနေဖြင့်ပရုပ်လုံး အနံ့ကို ဂျပိုးများ ကြောက်သဖြင့် ခေါင်းအုံး စောင်၊ ခြင်ထောင်၊ အိပ်ရာဘေး တို့တွင် အလုံးလိုက်သော်လည်းကောင်း၊ အမှုန့်ပြု၍ သော်လည်းကောင်း ချထားပေးနိုင်ပါသည်။

ကြောင်ပန်းရွက်ကို အိပ်ရာအောက်ဖြန့်ခင်း၍ လည်းကောင်း၊ဒူးရင်းသီး အခွံကိုထား၍လည်းကောင်း၊ဆပ်ပြာမှုန့် ဆပ်ပြာခရင်တို့ကို ရေနှင့်ဖျော်၍ဖြန်းခြင်းဖြင့်လည်းကောင်း လုပ်နိုင်ပါသည်။အဆိုပါ ပစ္စည်းတို့၏ ပြင်းထန်သောအနံ့ကို ဂျပိုးများမခံနိုင်၍ ဖြစ်နိုင်ပေသည်။

ဂျပိုးဖြန်းဆေးတို့ကို မကြာမကြာဖြန်းခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။အဆိုပါဖြန်းဆေးများ အသုံးပြုမည်ဆိုလျှင် ကလေးသူငယ်များ ကို အဝေးတွင်ထား၍လည်းကောင်း ဆောင်ရွက်ပြီးမှ လုပ်ကိုင်ရပါမည်။

အကောင်းဆုံးမှာ မိမိတို့၏ အိပ်ရာနှင့် အိပ်ရာဝန်းကျင်တို့ကို အပြတ်သန့်ရှင်းပေးခြင်းသည်သာ အနံ့အသက်ဆိုးတို့၏ အန္တရာယ်မှကင်း ဝေးမည်ဖြစ်ကာ “အိမ်တွင်း အန္တရာယ်တို့ကာကွယ် ရောဂါလည်းကင်းကျန်းမာခြင်း” အကျိုးကို ခံစားရမှာဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္တြင္း  ၾကမ္းပိုးအႏၱရာယ္တို႔ကာကြယ္ ေရာဂါလည္းကင္းက်န္းမာျခင္း

ကၽြန္ေတာ္တို႔အေနႏွင့္ လူလူျခင္းဒုကၡေပးၾကမွ အႏၱရာယ္ဟုအမ်ားစုက ထင္တတ္ၾကသည္။

လူေတြကို ေန႔စဥ္တကယ္ဒုကၡေပးေနသည္က ကိုယ့္အိမ္အတြင္း အင္းဆက္ပိုးမႊားမ်ားက ပိုမ်ားပါလိမ့္မည္။ထိုကဲ့သို႔ မ်ားျပားလွေသာ အင္းဆက္ပိုးမႊားမ်ားထဲက ၾကမ္းပိုး(ေခၚ)ဂ်ပုိးအေၾကာင္း ေျပာၾကည့္ၾကမည္။ကၽြန္ေတာ္က ဂ်ပိုးလို႔ေရးပါမည္။

ဂ်ပိုးထဲတြင္ စာဂ်ပိုးသာေကာင္းၿပီး ဖ်ာဂ်ပိုးကေတာ့ ကၽြန္ေတာ္တို႔လူသားေတြကို အေတာ္ပင္ေႏွာင့္ယွက္လွသည္။

တစ္ခါတစ္ရံ အိမ္တြင္မကဘဲ လူအမ်ား မျပတ္အသုံးျပဳတတ္သည့္ မီးရထားထိုင္ခုံမ်ားၾကားတြင္ပင္ေနရာယူစိုးမိုးၿပီး ေသြးစုပ္ရွင္သန္ ေနၾကသည္က ေတာ္ေတာ္အျမင္ကပ္စရာေကာင္းသည့္ ဂ်ပိုးတို႔၏ စြမ္းရည္ပင္ျဖစ္သည္။

ေသြးဝေနသည့္ ျခင္ကိုရုိက္သတ္လိုက္လို႔ လက္တြင္နံေစာ္ၿပီးမက်န္တတ္ေသာ္လည္း ဂ်ပိုးတစ္ေကာင္ကို သတ္မိၿပီးရင္ေတာ့ ဆိုးရြားသည့္ အနံ႔အသက္က စြဲက်န္ရစ္သည္။ဒီအနံ႔ကိုပင္ မွတ္မဲ့စိတ္ျဖင့္ လူတို႔နမ္းၾကည့္တတ္ျမဲပင္ျဖစ္သည္။

မိမိအိမ္တြင္ အိပ္ရာ ျခင္ေထာင္တို႔ကို အျမဲမျပတ္သန္႔ရွင္းေအာင္ထားလ်က္မွ ဂ်ပိုးမ်ားကူးစက္ပြားမ်ားလာၿပီး ျခင္ေထာင္၊ဖ်ာ၊ေခါင္းဦး တို႔တြင္ စြန္းေပညစ္ေထးလာၿပီး ဖ်က္မရသည့္ အစြန္းအေထးတို႔ ျဖစ္က်န္ရစ္ခဲ့သည္။

အိမ္သို႔ ညအိပ္လာတတ္သည့္ ဧည့္သည္ ေဆြမ်ိဳးတို႔ေၾကာင့္လည္း ဂ်ပိုးကူးစက္မႈခံရသည္။၎တို႔အိမ္တြင္ ဂ်ပိုးမ်ားရွိခဲ့ပါက ခရီးေဆာင္ အိတ္ႏွင့္ အဝတ္အစားတို႔တြင္ ဂ်ပို႔တို႔တြယ္မွီရွင္သန္ေနတတ္ၿပီး သူတို႔ကူးလူးဆက္ဆံမိသည့္ ေနရာတိုင္းသို႔ ျပန္ႏွံ႔ကူးစက္ေတာ့သည္။ ထိုနည္းျဖင့္ မိမိတို႔အိမ္သည္လည္း ကူးစက္ျခင္းခံရပါသည္။မိမိတို႔အိမ္တြင္ ဂ်ပိုးမရွိေသာ္လည္း ရွိသည့္အိမ္သို႔ ညအိပ္ညေနသြားေရာက္ မိျခင္းေၾကာင့္လည္း ကူးစက္သည္။

ဘယ္လိုပင္ကူးကူး ဂ်ပိုးတို႔မိမိအိမ္တြင္ ရွိလာၿပီဆိုလွ်င္ အိပ္ေကာင္းျခင္းမအိပ္ရ ျဖစ္လာပါေတာ့မည္။နဂိုကမွ မိမိအိပ္ရာကို ရႈပ္ေထြးညစ္ပတ္ေအာင္ ထားတတ္သူျဖစ္ပါက ဂ်ပိုးတို႔က ပိုၿပီးအႀကိဳက္ေတြ႔တတ္သည္။ ေကာင္းေကာင္းရွင္သန္ ေပါက္ပြားေတာ့သည္။ ဖ်ာ၏ခ်ဳပ္ရိုး ၾကား၊ျခင္ေထာင္ခ်ဳပ္ရိုးၾကား၊ကုတင္ၾကမ္းၾကား၊မိမိအိပ္ရာေဘးထားတတ္သည့္ ပစၥည္းအၾကိဳအၾကားႏွင့္ စာအုပ္ၾကားတို႔တြင္ပင္မက်န္ ေကာင္းႀကီးရွင္သန္ပါေတာ့မည္။

ေသြးမစုပ္ဘဲ ၃ လ အထိ ရွင္သန္ႏိုင္ၿပီး အပူ အေအး ျမင့္မားသည္ အခ်ိန္မ်ားတြင္ပင္ ေနထိုင္ရွင္သန္ႏိုင္ၾကသည္။ ဂ်ပိုးတို႔တြယ္ကပ္ရွင္ သန္ေနသည့္ ျခင္ေထာင္ ၊အိပ္ရာ၊ေခါင္းအုံးဖုံးႏွင့္ အဝတ္အစားမ်ားကို ရုိးရိုးေရေအးတြင္စိမ္ၿပီး ေလွ်ာ္ဖြပ္ရုံေလာက္ေတာ့ သိပ္မျဖဳံလွေပ။ ေရေႏြးဆူဆူေလာင္းၿပီး စိမ္ထားပါမွေတာ္ပါလိမ့္မည္။

ၾကံဳရာအင္းဆက္ကီလာေတြဝယ္ၿပီးရွင္းရသည္။ အခ်ိန္အခိုက္အတန္႔ေတာ့ ရွင္းသြားသလိုျဖစ္ေသာ္လည္း ၾကာလာလွ်င္ျပန္ေတြ႔ေနရတတ္သည္။

တစ္ခ်ဳိ႔သုံးစြဲၾကည့္ၿပီး မိမိလည္းသုံးစြဲမိတာေလးေတြ ျပန္မွ်ေဝေပးပါဦးမည္။ ဖ်ာေအာက္ဖက္ျခမ္းကို ဂတ္စ္မပါသည့္ အင္းဆက္ျဖန္းေဆး ေရကို ခပ္ရႊဲရႊဲေလးျဖန္းကာ စိမ့္ဝင္ေအာင္ခဏထားၿပီး ေနလွန္းထားၿပီးညတြင္ျပန္သုံးပါ။ မိမိအိပ္ရာ ေဘးေအာက္ နံရံတို႔တြင္လည္းေကာင္း ၊ ဂ်ပိုးေနႏိုင္သည္ထင္သည့္ ေနရာမ်ားကို အကုန္ျဖန္းထားျခင္း၊အိပ္ရာ၊ျခင္ေထာင္၊ေခါင္းအုံးတို႔ကိုလည္း တစ္ၿပိဳင္တည္းေရေႏြး ဆူဆူျဖင့္ျပဳတ္ေလွ်ာ္ျခင္းတို႔သည္ အေကာင္းဆုံးျဖစ္ၿပီးလိမ့္မည္။အျခားနည္းမ်ားအေနျဖင့္ပ႐ုပ္လုံး အနံ႔ကို ဂ်ပိုးမ်ား ေၾကာက္သျဖင့္ ေခါင္းအံုး ေစာင္၊ ျခင္ေထာင္၊ အိပ္ရာေဘး တို႔တြင္ အလုံးလိုက္ေသာ္လည္းေကာင္း၊ အမႈန္႔ျပဳ၍ ေသာ္လည္းေကာင္း ခ်ထားေပးႏိုင္ပါသည္။

ေၾကာင္ပန္းရြက္ကို အိပ္ရာေအာက္ျဖန္႔ခင္း၍ လည္းေကာင္း၊ဒူးရင္းသီး အခြံကိုထား၍လည္းေကာင္း၊ဆပ္ျပာမႈန္႔ ဆပ္ျပာခရင္တို႔ကို ေရႏွင့္ေဖ်ာ္၍ျဖန္းျခင္းျဖင့္လည္းေကာင္း လုပ္ႏိုင္ပါသည္။အဆိုပါ ပစၥည္းတို႔၏ ျပင္းထန္ေသာအနံ႔ကို ဂ်ပိုးမ်ားမခံႏိုင္၍ ျဖစ္ႏိုင္ေပသည္။

ဂ်ပိုးျဖန္းေဆးတို႔ကို မၾကာမၾကာျဖန္းျခင္းျဖင့္လည္း ကာကြယ္နိုင္ပါသည္။အဆိုပါျဖန္းေဆးမ်ား အသုံးျပဳမည္ဆိုလွ်င္ ကေလးသူငယ္မ်ား ကို အေဝးတြင္ထား၍လည္းေကာင္း ေဆာင္ရြက္ၿပီးမွ လုပ္ကိုင္ရပါမည္။

အေကာင္းဆုံးမွာ မိမိတို႔၏ အိပ္ရာႏွင့္ အိပ္ရာဝန္းက်င္တို႔ကို အျပတ္သန္႔ရွင္းေပးျခင္းသည္သာ အနံ႔အသက္ဆိုးတို႔၏ အႏၱရာယ္မွကင္း ေဝးမည္ျဖစ္ကာ “အိမ္တြင္း အႏၱရာယ္တို႔ကာကြယ္ ေရာဂါလည္းကင္းက်န္းမာျခင္း” အက်ိဳးကို ခံစားရမွာျဖစ္သည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
area-one-business-complex
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service