ရန်ကင်းရှိ ဂျပန်အိမ်ယာစီမံကိန်းတွင် ထိုင်းဟိုတယ်နှစ်လုံးဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
960 Views

ရန်ကင်းရှိ ဂျပန်အိမ်ယာစီမံကိန်းတွင် ထိုင်းဟိုတယ်နှစ်လုံးဖွင့်လှစ်မည်

[Unicode]

ရန်ကင်းမြို့နယ်တွင် ဂျပန်က ဆောင်ရွက်နေသည့် Kajima အိမ်ရာစီမံကိန်းတွင် ထိုင်းဟိုတယ်လုပ်ငန်းစု Minor က ဟိုတယ်နှစ်ခုရင်းနှီးမြှုပ်နှံမည်ဟု ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်သည်။

Minor ဟိုတယ်လုပ်ငန်းစုက Avanni နှင့် Oaks ဟူသည့် ဟိုတယ်နှစ်လုံးကို ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

ထိုဂျပန်စီမံကိန်းတွင်ထိုင်းနိုင်ငံအခြေစိုက် Minor Hotel လက်အောက်ခံ Avani Yangon Hotel နှင့် Oaks Yangon တို့ပါဝင်လာသည်။ Avani Yangon Hotel တွင် အခန်းပေါင်း ၂၅၀ ပါဝင်မည်ဖြစ်ကြောင်း ဟိုတယ်ဘက်မှ ကြေညာထားသည်။

ဂျပန်နိုင်ငံ Kajima ကော်ပိုရေးရှင်းမှ ကန်ဒေါ်လာ သန်း ၄၀၀ ခန့် ရင်းနှီးမြှုပ်နှံထားသော မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအား ၂၀၂၄ ခုနှစ်တွင် မြင်တွေ့နိုင်မည်ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်နေစဉ်ကာလဖြစ်သောကြောင့် ကျန်းမာရေးလုံခြုံရေးစည်းကမ်းချက်များကို လိုက်နာရသဖြင့် ဆောက်လုပ်ရေးလုပ်ငန်း ယာယီခဏ နှေးကွေးနေခြင်းဖြစ်သည်။

Avani က ၂၀၂၄ တွင် ဟိုတယ် ၁၁ ခုကို နိုင်ငံလေးခုတွင် ဖွင့်လှစ်ရန်စီစဉ်ထားပြီး ထိုအထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။

‘‘နောက် ၂ နှစ်အတွင်းမှာ စီမံကိန်းအသစ်တွေ ထပ်မြင်တွေ့ ရတော့မှာပါ။ စီမံကိန်းတွေလည်း ထပ်ကြေညာသွားမှာပါ’’ ဟု Minor Hotel လုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ် Dillip Rajakarier ကပြောသည်။

Minor ဟိုတယ်လုပ်ငန်းသည် ထိုင်းနိုင်ငံ ဘန်ကောက်တွင် အခြေစိုက်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၂ ခုတွင် ဟိုတယ် ၁၄၅ ခုကို ပိုင်ဆိုင်ထားသည်။

ဂျပန် Kajima စီမံကိန်းသည် ဂျပန်က တိုက်ရိုက်ရင်းနှီးမြှပ်နှံထားသည့် ဒေါ်လာ သန်း ၄၀၀ တန် စီမံကိန်းတစ်ခုဖြစ်ပြီး ရန်ကင်းမြို့ နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီး ဌာနပိုင်မြေပေါ်တွင် ဟိုတယ်၊ ရုံးခန်းနှင့်အိမ်ရာများပါဝင်သော စီမံကိန်းဖြစ်ကာ ၂၀၂၄ တွင် ပြီးစီးမည်ဖြစ်သည်။

ထိုစီမံကိန်းသည် ဂျပန်ကုမ္ပဏီနှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနကြား BOT (တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း) စနစ်ဖြင့် နှစ် ၇၀ လုပ်ကိုင်ခွင့်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

Kajima ၏ စီမံကိန်းကိုမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၇ ဇူလိုင် ၁၁ ရက်တွင် ခွင့်ပြုမိန့် ထုတ်ပေးထားသည်။

အဆိုပါ စီမံကိန်းတွင် အထပ် ၂၀ ပါ ဟိုတယ်တစ်ခုအပါအဝင် အထပ်မြင့်အဆောက်အအုံသုံးခု ပါဝင်ပြီး စီမံကိန်းပြီးစီးပါက ကြမ်းခင်းဧရိယာပမာဏ စတုရန်းမီတာ ၁၇၀,၀၀၀ ရှိလာမည်ဟု ဂျပန်ကုမ္ပဏီက ဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကင္း႐ွိ ဂ်ပန္အိမ္ယာစီမံကိန္းတြင္ ထိုင္းဟိုတယ္ႏွစ္လုံးဖြင့္လွစ္မည္

ရန္ကင္းၿမိဳ႕နယ္တြင္ ဂ်ပန္က ေဆာင္႐ြက္ေနသည့္ Kajima အိမ္ရာစီမံကိန္းတြင္ ထိုင္းဟိုတယ္လုပ္ငန္းစု Minor က ဟိုတယ္ႏွစ္ခုရင္းႏွီးျမႇဳပ္ႏွံမည္ဟု ဩဂုတ္ ၄ ရက္တြင္ ထုတ္ျပန္သည္။

Minor ဟိုတယ္လုပ္ငန္းစုက Avanni ႏွင့္ Oaks ဟူသည့္ ဟိုတယ္ႏွစ္လုံးကို ရင္းႏွီးျမႇဳပ္ႏွံမည္ ျဖစ္သည္။

ထိုဂ်ပန္စီမံကိန္းတြင္ထိုင္းႏိုင္ငံအေျခစိုက္ Minor Hotel လက္ေအာက္ခံ Avani Yangon Hotel ႏွင့္ Oaks Yangon တို႔ပါဝင္လာသည္။ Avani Yangon Hotel တြင္ အခန္းေပါင္း ၂၅၀ ပါဝင္မည္ျဖစ္ေၾကာင္း ဟိုတယ္ဘက္မွ ေၾကညာထားသည္။

ဂ်ပန္ႏိုင္ငံ Kajima ေကာ္ပိုေရး႐ွင္းမွ ကန္ေဒၚလာ သန္း ၄၀၀ ခန္႔ ရင္းႏွီးျမႇဳပ္ႏွံထားေသာ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးစီမံကိန္းအား ၂၀၂၄ ခုႏွစ္တြင္ ျမင္ေတြ႕ႏိုင္မည္ျဖစ္သည္။

ကိုဗစ္-၁၉ ကပ္ေရာဂါကို ထိန္းခ်ဳပ္ေနစဥ္ကာလျဖစ္ေသာေၾကာင့္ က်န္းမာေရးလုံျခဳံေရးစည္းကမ္းခ်က္မ်ားကို လိုက္နာရသျဖင့္ ေဆာက္လုပ္ေရးလုပ္ငန္း ယာယီခဏ ေႏွးေကြးေနျခင္းျဖစ္သည္။

Avani က ၂၀၂၄ တြင္ ဟိုတယ္ ၁၁ ခုကို ႏိုင္ငံေလးခုတြင္ ဖြင့္လွစ္ရန္စီစဥ္ထားၿပီး ထိုအထဲတြင္ ျမန္မာႏိုင္ငံလည္း ပါဝင္သည္။

‘‘ေနာက္ ၂ ႏွစ္အတြင္းမွာ စီမံကိန္းအသစ္ေတြ ထပ္ျမင္ေတြ႕ ရေတာ့မွာပါ။ စီမံကိန္းေတြလည္း ထပ္ေၾကညာသြားမွာပါ’’ ဟု Minor Hotel လုပ္ငန္းစု၏ အမႈေဆာင္အရာ႐ွိခ်ဳပ္ Dillip Rajakarier ကေျပာသည္။

Minor ဟိုတယ္လုပ္ငန္းသည္ ထိုင္းႏိုင္ငံ ဘန္ေကာက္တြင္ အေျခစိုက္ၿပီး ကမ႓ာ့ႏိုင္ငံေပါင္း ၂၂ ခုတြင္ ဟိုတယ္ ၁၄၅ ခုကို ပိုင္ဆိုင္ထားသည္။

ဂ်ပန္ Kajima စီမံကိန္းသည္ ဂ်ပန္က တိုက္႐ိုက္ရင္းႏွီးျမႇပ္ႏွံထားသည့္ ေဒၚလာ သန္း ၄၀၀ တန္ စီမံကိန္းတစ္ခုျဖစ္ၿပီး ရန္ကင္းၿမိဳ႕ နယ္႐ွိ ေဆာက္လုပ္ေရးဝန္ႀကီး ဌာနပိုင္ေျမေပၚတြင္ ဟိုတယ္၊ ႐ုံးခန္းႏွင့္အိမ္ရာမ်ားပါဝင္ေသာ စီမံကိန္းျဖစ္ကာ ၂၀၂၄ တြင္ ၿပီးစီးမည္ျဖစ္သည္။

ထိုစီမံကိန္းသည္ ဂ်ပန္ကုမၸဏီႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီး ဌာနၾကား BOT (တည္ေဆာက္၊ လည္ပတ္၊ လႊဲေျပာင္း) စနစ္ျဖင့္ ႏွစ္ ၇၀ လုပ္ကိုင္ခြင့္ျဖင့္ ေဆာင္႐ြက္ျခင္းျဖစ္သည္။

Kajima ၏ စီမံကိန္းကိုျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္က ၂၀၁၇ ဇူလိုင္ ၁၁ ရက္တြင္ ခြင့္ျပဳမိန္႔ ထုတ္ေပးထားသည္။

အဆိုပါ စီမံကိန္းတြင္ အထပ္ ၂၀ ပါ ဟိုတယ္တစ္ခုအပါအဝင္ အထပ္ျမင့္အေဆာက္အအုံသုံးခု ပါဝင္ၿပီး စီမံကိန္းၿပီးစီးပါက ၾကမ္းခင္းဧရိယာပမာဏ စတုရန္းမီတာ ၁၇၀,၀၀၀ ႐ွိလာမည္ဟု ဂ်ပန္ကုမၸဏီက ဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service