ရှမ်းပြည်နယ်တွင် ၁၀ နှစ်အတွင်း ရင်းနှီးမြှပ်နှံမူ လေးဆမြှင်တက်အောင် ဆောင်ရွက်မည့် စီမံကိန်းစတင်မိတ်ဆက်

ရှမ်းပြည်နယ်တွင် ၁၀ နှစ်အတွင်း ရင်းနှီးမြှပ်နှံမူ လေးဆမြှင်တက်အောင် ဆောင်ရွက်မည့် စီမံကိန်းစတင်မိတ်ဆက် - Property News in Myanmar from iMyanmarHouse.com
1 Aug 2020 12:00 pm တြင္ တင္ခဲ့သည္
393 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ျပည္တြင္း အိမ္ၿခံေျမ သတင္း | Posted by ေအးျမတ္သူ (iMyanmarHouse.com)

[Unicode]

ရှမ်းပြည်နယ်တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမူကို လာမည့် ၁၀ နှစ်အတွင်း လေးဆမြင့်တက်အောင် ဆောင်ရွက်သွားမည်ဟု ရှမ်းပြည်နယ် ရင်းနှီးမြှပ်နှံမူမြင့်တင်ရေး စီမံကိန်းတွင် ဖော်ပြထားသည်။

ထိုစီမံကိန်းကို ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(GIZ)၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ရှမ်းပြည်နယ်အစိုးရတို့က ပူးပေါင်း၍ ဇူလိုင်လကုန်ပိုင်းတွင် စတင်မိတ်ဆက်လိုက်ခြင်း ဖြစ်သည်။

ယင်းစီမံကိန်းတွင် ရှမ်းပြည် နယ်အတွင်းရှိ လက်ရှိစီးပွားရေး အခြေအနေများကိုဖော်ပြထားပြီး ရင်းနှီးမြှုပ်နှံမှုအခြေအနေ တိုးတက်ကောင်းမွန်လာစေရန်မဟာ ဗျူဟာများကိုလည်း ထည့်သွင်း ဖော်ပြထားသည်။

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းကို ရှမ်းပြည်နယ်အတွင်းရှိ ပြည်တွင်း နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား မြှင့်တင်နိုင်ရန်တွက် ဒေသဆိုင်ရာအစိုးရ၏ ဗဟိုလမ်းပြမြေပုံကဲ့သို့ အသုံးပြုဆောင်ရွက်မည်ဖြစ်သည်ဟု GIZ က ဆိုသည်။

ယင်းစီမံကိန်းကို ယခုနှစ် အစောပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ် ဒေသအားလုံးရှိ အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များက ပူးပေါင်းပါဝင်ရေးဆွဲထားသည်။

ထိုစီမံကိန်းသည် ရှမ်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လမ်းပြမြေပုံဖြစ်ပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှ ၂၀၃၀-၃၁ အထိ ဆောင်ရွက်ရန်ဖြစ်သည်။

ထိုစီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို လက်ရှိရှိနေ သည့် ဒေါ်လာသန်း ၇၃၀ အစား ဒေါ်လာနှစ်ဘီလီယံအထိရှိလာ ရန် ခန့်မှန်းထားသည်။

ထိုစီမံကိန်းထဲတွင် ရှမ်းပြည်နယ်၏ GDPကို နှစ်ဆဖြစ်ရန်နှင့် ရှမ်းပြည်နယ်အတွင်းနေထိုင်သူများအတွက် ဝင်ငွေကို နှစ်ဆဖြစ် ရန်မျှော်မှန်းထားကာ အလုပ်လက်မဲ့နှင့် ဆင်းရဲနွမ်းပါးမှုကိုလည်း နှစ်ဆလျှော့ချရန် ခန့်မှန်း ထားသည်။

ပြည်တွင်းရင်းနှီးမြှုပ်နှံမူကိုလက်ရှိရှိနေသည့် ကျပ်ဘီလီယံ ၆၀၀ ကို ဘီလီယံ ၃,၀၀၀ အထိ တိုးမြှင့်လာရန် ခန့်မှန်းထားကာ စီးပွားရေးလုပ်ငန်းများ မှတ်ပုံတင်နှုန်းကို ငါးဆအထိတိုးမြှင့်ရန်လည်း ခန့်မှန်းထားသည်။

ရှမ်းပြည်နယ်အတွင်း စိုက် ပျိုးရေးနှင့်မွေးမြူးရေး၊ အသေး စားကုန်ထုတ်လုပ်ငန်းများ၊ ခရီး သွားအခြေခံဝန်ဆောင်မှုလုပ် ငန်းများ၊နည်းပညာမြင့် ICT လုပ် ငန်းများနှင့် အခြေခံအဆောက်အ အုံနှင့် စွမ်းအင်ကဏ္ဍတို့ကို ဦးစား ပေးစီးပွားရေးလုပ်ငန်းများအဖြစ် သတ်မှတ်ထားသည်။

စီးပွားရေးလုပ်ငန်းများတွင် အခက်အခဲများရှိပြီး မဖွံ့ဖြိုးသေးသည့် အခြေခံအဆောက်အအုံများ၊ ကျွမ်းကျင် လုပ်သားရှားပါးခြင်း၊ မဖွံ့ဖြိုးသေးသည့် ဒေသခံလုပ်ငန်းများနှင့် စီးပွားရေးစနစ်များ၊ လုံခြုံရေးတို့ဖြစ်သည်ဟု ဆို ထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရွမ္းျပည္နယ္တြင္ ၁၀ ႏွစ္အတြင္း ရင္းႏွီးျမႇပ္ႏွံမူ ေလးဆျမႇင္တက္ေအာင္ ေဆာင္႐ြက္မည့္ စီမံကိန္းစတင္မိတ္ဆက္

ရွမ္းျပည္နယ္တြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမူကို လာမည့္ ၁၀ ႏွစ္အတြင္း ေလးဆျမင့္တက္ေအာင္ ေဆာင္႐ြက္သြားမည္ဟု ရွမ္းျပည္နယ္ ရင္းႏွီးျမႇပ္ႏွံမူျမင့္တင္ေရး စီမံကိန္းတြင္ ေဖာ္ျပထားသည္။

ထိုစီမံကိန္းကို ဂ်ာမနီ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ(GIZ)၊ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္ႏွင့္ ရွမ္းျပည္နယ္အစိုးရတို႔က ပူးေပါင္း၍ ဇူလိုင္လကုန္ပိုင္းတြင္ စတင္မိတ္ဆက္လိုက္ျခင္း ျဖစ္သည္။

ယင္းစီမံကိန္းတြင္ ရွမ္းျပည္ နယ္အတြင္းရွိ လက္ရွိစီးပြားေရး အေျခအေနမ်ားကိုေဖာ္ျပထားၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈအေျခအေန တိုးတက္ေကာင္းမြန္လာေစရန္မဟာ ဗ်ဴဟာမ်ားကိုလည္း ထည့္သြင္း ေဖာ္ျပထားသည္။

ရွမ္းျပည္နယ္ ရင္းႏွီးျမႇဳပ္ႏွံမႈျမႇင့္တင္ေရးစီမံကိန္းကို ရွမ္းျပည္နယ္အတြင္းရွိ ျပည္တြင္း ႏွင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအား ျမႇင့္တင္ႏိုင္ရန္တြက္ ေဒသဆိုင္ရာအစိုးရ၏ ဗဟိုလမ္းျပေျမပုံကဲ့သို႔ အသုံးျပဳေဆာင္႐ြက္မည္ျဖစ္သည္ဟု GIZ က ဆိုသည္။

ယင္းစီမံကိန္းကို ယခုႏွစ္ အေစာပိုင္းတြင္ စတင္ခဲ့ျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္ ေဒသအားလုံးရွိ အစိုးရႏွင့္ ပုဂၢလိက အဖြဲ႕အစည္း အသီးသီးမွ ကိုယ္စားလွယ္မ်ားက ပူးေပါင္းပါဝင္ေရးဆြဲထားသည္။

ထိုစီမံကိန္းသည္ ရွမ္းျပည္နယ္၏ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ လမ္းျပေျမပုံျဖစ္ၿပီး ၂၀၁၉-၂၀ ဘ႑ာႏွစ္မွ ၂၀၃၀-၃၁ အထိ ေဆာင္႐ြက္ရန္ျဖစ္သည္။

ထိုစီမံကိန္းတြင္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈကို လက္ရွိရွိေန သည့္ ေဒၚလာသန္း ၇၃၀ အစား ေဒၚလာႏွစ္ဘီလီယံအထိရွိလာ ရန္ ခန႔္မွန္းထားသည္။

ထိုစီမံကိန္းထဲတြင္ ရွမ္းျပည္နယ္၏ GDPကို ႏွစ္ဆျဖစ္ရန္ႏွင့္ ရွမ္းျပည္နယ္အတြင္းေနထိုင္သူမ်ားအတြက္ ဝင္ေငြကို ႏွစ္ဆျဖစ္ ရန္ေမွ်ာ္မွန္းထားကာ အလုပ္လက္မဲ့ႏွင့္ ဆင္းရဲႏြမ္းပါးမႈကိုလည္း ႏွစ္ဆေလွ်ာ့ခ်ရန္ ခန႔္မွန္း ထားသည္။

ျပည္တြင္းရင္းႏွီးျမႇဳပ္ႏွံမူကိုလက္ရွိရွိေနသည့္ က်ပ္ဘီလီယံ ၆၀၀ ကို ဘီလီယံ ၃,၀၀၀ အထိ တိုးျမႇင့္လာရန္ ခန႔္မွန္းထားကာ စီးပြားေရးလုပ္ငန္းမ်ား မွတ္ပုံတင္ႏႈန္းကို ငါးဆအထိတိုးျမႇင့္ရန္လည္း ခန႔္မွန္းထားသည္။

ရွမ္းျပည္နယ္အတြင္း စိုက္ ပ်ိဳးေရးႏွင့္ေမြးျမဴးေရး၊ အေသး စားကုန္ထုတ္လုပ္ငန္းမ်ား၊ ခရီး သြားအေျခခံဝန္ေဆာင္မႈလုပ္ ငန္းမ်ား၊နည္းပညာျမင့္ ICT လုပ္ ငန္းမ်ားႏွင့္ အေျခခံအေဆာက္အ အုံႏွင့္ စြမ္းအင္က႑တို႔ကို ဦးစား ေပးစီးပြားေရးလုပ္ငန္းမ်ားအျဖစ္ သတ္မွတ္ထားသည္။

စီးပြားေရးလုပ္ငန္းမ်ားတြင္ အခက္အခဲမ်ားရွိၿပီး မဖြံ႕ၿဖိဳးေသးသည့္ အေျခခံအေဆာက္အအုံမ်ား၊ ကြၽမ္းက်င္ လုပ္သားရွားပါးျခင္း၊ မဖြံ႕ၿဖိဳးေသးသည့္ ေဒသခံလုပ္ငန္းမ်ားႏွင့္ စီးပြားေရးစနစ္မ်ား၊ လုံၿခဳံေရးတို႔ျဖစ္သည္ဟု ဆို ထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

ေနာက္ဆံုးရ အိမ္ၿခံေျမ သတင္းမ်ား

ကန်ဒေါ်လာ ၇ သန်းခန့်နှင့် ကျပ် သန်း ၂၀၀၀ ကျော်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း ၃ ခုကို ရန်ကုန်တိုင်းအတွင်း ခွင့်ပြု...
လန်ဒန်မြို့လယ်ရှိ အလွန်တရာကြီးမားလှသောစံအိမ်ကြီး ပေါင် သန်း ၂၀၀ နီးပါးဖြင့် ရောင်းချမည်
လန်ဒန်မြို့လယ်ရှိ အလွန်တရာကြီးမားလှသောစံအိမ်ကြီး ပေါင် သန်း ၂၀၀ နီးပါးဖြင့် ရောင်းချမည်
ဗီယက္နမ္တြင္ ေၾကြပန္းကန္ေပါင္း ၁၀၀၀၀ ခန္႔ျဖင့္ ေနအိမ္ေဆာက္လုပ္
ဗီယက္နမ္တြင္ ေၾကြပန္းကန္ေပါင္း ၁၀၀၀၀ ခန္႔ျဖင့္ ေနအိမ္ေဆာက္လုပ္
အခွန်ပေးဆောင်ခြင်းကို အောက်တိုဘာလမှစ၍ အီလက်ထရောနစ် စနစ်ဖြင့် ဆောင်ရွက်မည်
အခွန်ပေးဆောင်ခြင်းကို အောက်တိုဘာလမှစ၍ အီလက်ထရောနစ် စနစ်ဖြင့် ဆောင်ရွက်မည်
ပြည်ပရွှေတင်ပို့ရာတွင် ဘဏ် အချင်းချင်းချိတ်ဆက်ရောင်းချသည့် စနစ်သာ ကျင့်သုံးရမည်ဟုဆို
ပြည်ပရွှေတင်ပို့ရာတွင် ဘဏ် အချင်းချင်းချိတ်ဆက်ရောင်းချသည့် စနစ်သာ ကျင့်သုံးရမည်ဟုဆို
Sputnik V ကိုဗစ်ကာကွယ်ဆေးသတင်းကြောင့် လေကြောင်းနှင့် ခရီးသွားကုမ္ပဏီများ ရှယ်ယာဈေးထိုးတက်
Sputnik V ကိုဗစ်ကာကွယ်ဆေးသတင်းကြောင့် လေကြောင်းနှင့် ခရီးသွားကုမ္ပဏီများ ရှယ်ယာဈေးထိုးတက်
အာရှမှ ထူးဆန်းသော ကိုရိုနာဗိုင်းရပ်စ် ကုသဆေးများ
အာရှမှ ထူးဆန်းသော ကိုရိုနာဗိုင်းရပ်စ် ကုသဆေးများ
ပုသိမ်စက်မှုမြို့တော်ရှိ မြေဧက ၆၇၀၀ တွင် စက်မှုဆိပ်ကမ်းတည်ဆောက်မည်ဟုဆို
ပုသိမ်စက်မှုမြို့တော်ရှိ မြေဧက ၆၇၀၀ တွင် စက်မှုဆိပ်ကမ်းတည်ဆောက်မည်ဟုဆို
ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခြင်းကို Letter of Credit (L/C) စနစ်ဖြင့်သာ ခွင့်ပြုမည်...
ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခြင်းကို Letter of Credit (L/C) စနစ်ဖြင့်သာ ခွင့်ပြုမည်...
Samanea Yangon Market ရှိဆိုင်ခန်းများ ယခုနှစ်နိုဝင်ဘာလအတွင်း ဖွင့်လှစ်မည်
Samanea Yangon Market ရှိဆိုင်ခန်းများ ယခုနှစ်နိုဝင်ဘာလအတွင်း ဖွင့်လှစ်မည်

အိမ္ၿခံေျမ သတင္းမ်ားကို
Email ျဖင့္ ဖတ္ရန္

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)