ရှေးဟောင်းတိုက်ခန်းတွေကို ပြန်လည်ပြင်ဆင်လာတဲ့ ပုံစံတွေခေတ်စားလာ - Property News in Myanmar from iMyanmarHouse.com
893 Views

ရှေးဟောင်းတိုက်ခန်းတွေကို ပြန်လည်ပြင်ဆင်လာတဲ့ ပုံစံတွေခေတ်စားလာ

[Unicode]

နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်တဲ့ ရန်ကုန်ကရှေ့ဟောင်းတိုက်ခန်းဟောင်းတွေကိုပြန်လည်ပြင်ဆင်လာတာတွေခေတ်စားလာပါပြီ ၁၇ ပေ၊ ပေ ၄၀ ပဲ ရှိတဲ့ ရှေးတိုက်ဟောင်းတစ်ခန်းကို ပြုပြင်ဖို့အတွက် တိုက်ရဲ့ ကြံ့ခိုင်မှုအပိုင်းအပါအဝင် ဒီဇိုင်းစဉ်းစားရာမှာ တိုက်ခန်းကို ပြန်အသုံးပြုမယ့် သူတွေအတွက်စဉ်းစားပြီး ဒီအိမ်ကို ပြန်လည်ပြင်ဆင်ခဲ့တဲ့ Doh Eain ရဲ့ Design and Construction officer က ရှင်းပြထားပါတယ်။

တစ်နေ့တခြားအိုဟောင်းလာတဲ့ တိုက်တာအဆောက်အအုံတွေကို ပြင်ဆင်ဖို့ စဉ်းစားရာမှာ ဒီနေ့ အိမ် အစီအစဉ်လေးက အထောက်အကူဖြစ်လိမ့်မယ်လို့ ရည်ရွယ်ပြီးလုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။

ပြင်ဆင်စရိတ်ကြီးမားပေမယ့် မူလလက်ရာအတိုင်း မပျက်မယွင်းလှပစွာ ပြန်လည်ပြင်ဆင်ရတယ်လို့ဆိုပါတယ်။

ပြန်လည်ပြင်ဆင်တဲ့တိုက်ခန်းတွေကို ဦးစားပေးအနေနဲ့ကြဲံ့ခိုင်မှုပိုင်းကိုစစ်ဆေးပြီးမှသာ ပြင်ဆင်သင့်မသင့် ဆုံးဖြတ်ပြီးလုပ်ဆောင်ကြတာလို့သိရပါတယ်။

များသောအားဖြင့်ရန်ကုန်မြို ့တွင်းပိုင်းက ကိုလိုနီလက်ကျန်တိုက်ခန်းတွေကိုပြင်ဆင်လာကြတာပဲဖြစ်ပါတယ်။

ပန်းချီပြခန်း၊ ရိုးရာလက်မှုဆိုင်၊ လူနေအိမ်တွေအဖြစ် အများဆုံးအသုံးပြုဖို့ပြင်ဆင်ကြပြီး ကိုလိုနီခေတ်ဟန်နဲ့နေထိုင်လိုတဲ့နိုင်ငံခြားသားတွေကိုဌားရမ်းတာဝန်ဆောင်မှုပေးတာတွေပြုလုပ်နေကြတာပါ။

ရန်ကုန်မြို့မှာ ကိုလိုနီခေတ်က ရှေးဟောင်း အဆောက်အဦတွေ အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။

ပြုပြင်င်ထိန်းသိမ်းမှု အားနည်းလို့ ယိုယွင်းပျက်စီးလာနေတဲ့ အဆောက်အအုံတွေကို ထိန်းသိမ်း ဖို့လိုအပ်လာနေပြီဖြစ်ပါတယ်။

ရှေးဟောင်း အဆောက်အအုံတွေကို ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားနေတဲ့ရန်ကုန်အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ Yangon Heritage Trust က ဒေါက်တာ သန့်မြင့်ဦး က ဒီအဆောက်အအုံတွေကို ကာကွယ်ထိန်းသိမ်းသွားဖို့နဲ့ လူတွေအတွက် ပိုပြီး နေချင့်စဖွယ် ဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့တွင် ရှေးဟောင်းအဆောက်အအုံများစွာရှိသည့်အနက် အုပ်ချုပ်ရေး ဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းအဆောက်အအုံ အများစုမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မြို့ပြအမွေ အနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန် သတ်မှတ်ထားသည့် စာရင်းတွင် ပါရှိပြီး ပုဂ္ဂလိက ရှေးဟောင်းအဆောက်အအုံအချို့မှာလည်း ထိန်းသိမ်းစောင့်ရှောက် သင့်သည့် အနေအထားတွင် ရှိလာခဲ့သည်။

ရှေးဟောင်းအဆောက်အအုံတွေပြန်လည်ပြုပြင်ရာမှာ ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီရဲ့ ခွင့်ပြုချက်ကိုလည်း ရယူရတယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲ့ဒီ့အဆောက်အအုံတွေ ပြန်လည်ထိန်းသိမ်းတာကို Yangon Heritage Trust ၊ ဒို့အိမ်နဲ့ အခြားအဖွဲ့အစည်းတွေအပါအဝင် ပြည်ပအဖွဲ့အစည်းတချို့လည်းပါဝင်လုပ်ဆောင်လျှက်ရှိတာ ဖြစ်ပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Upcoming Property Events

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

From 27 Sep To 28 Sep

18th Property and Car Expo

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service