COVID-19 ရန်ပုံငွေမှ ဒုတိယအကြိမ် ကျပ် ဘီလီယံ (၁၀၀) ထပ်မံထုတ်ချေးမည် - Property News in Myanmar from iMyanmarHouse.com
897 Views

COVID-19 ရန်ပုံငွေမှ ဒုတိယအကြိမ် ကျပ် ဘီလီယံ (၁၀၀) ထပ်မံထုတ်ချေးမည်

[Unicode]

COVID-19 ရန်ပုံငွေ ဒုတိယအကြိမ်ပေးရန် ကျပ် ဘီလီယံ၁၀၀ရရှိထားသောကြောင့်မကြာခင် လျှောက်လွှာအသစ်များ ထပ်မံခေါ်ယူသွားမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးက ပြောသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးတွင် အစိုးရလေးနှစ်တာကာလ ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ၎င်းကဖြေကြားခြင်း ဖြစ်သည်။

‘‘လျှောက်လွှာသစ်တွေထပ်မံခေါ်ယူဖို့ကို မကြာခင်ရက်ပိုင်းအတွင်းမှာထုတ်ပြန်ပေးပါ့မယ်။ ထုတ်ပေးတဲ့အခါမှာ အတိုးနှုန်းလည်း မပြောင်းလဲပါဘူး။ ၁ ရာ ခိုင်နှုန်းနဲ့ပဲ ဆက်ပြီးထုတ်ပေးသွားပါ့မယ်’’ ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

ပထမအကြိမ် COVID-19 Fund ကျပ် ဘီလီယံ ၁၀၀ မှ ချေးငွေများကို ခြောက်ကြိမ် ထုတ်ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ လုပ်ငန်းပေါင်း ၃၀၉၄ ခုသို့ ချေးငွေ ၈၆.၇၄၁၉ ဘီလီယံ ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်ဟု အဆိုပါကော်မတီ ဥက္ကဌဦးသောင်းထွန်းကဆိုသည်။

မူလက လူမှုဖူလုံရေးရန်ပုံ ငွေကျပ်ဘီလီယံ ၅၀ နှင့် စီမံဘဏ္ဍာစက်မှုဝန်ကြီးဌာနမှ ကျပ်ဘီလီယံ ၅၀၊ စုစုပေါင်းမတည်ငွေ ကျပ်ဘီလီယံ ၁၀၀ ဖြင့် COVID-19 ကုစားရေး ရန်ပုံငွေ ထူထောင်ခဲ့သည်။

CMP အထည်ချုပ်လုပ်ငန်းကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍများနှင့် ပြည်တွင်းမှာရှိသော နိုင်ငံသားပိုင် အသေးစားလုပ်ငန်းများအဖြစ် ကဏ္ဍသုံးခုကို ရွေးချယ်ထုတ်ချေးပေးခဲ့သည်ဟု ဦးအောင်နိုင်ဦးက ရှင်းပြသည်။

ဒုတိယအကြိမ် COVID-19 ရန်ပုံငွေ ထပ်မံထားရှိပြီး ထုတ်ချေးရန် လုပ်ငန်းများ သတ်မှတ်မည်ဟု COVID- 19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။

(၇) ကြိမ်မြောက်အဖြစ်မကြာမီ ထုတ်ချေးပေးသွားမည့် အစီအစဉ်တွင် စိုက်ပျိုးမွေးမြူရေး ကဏ္ဍနှင့် ရေထွက်လုပ်ငန်းများ အပါအဝင် ကဏ္ဍနယ်ပယ်သစ်များကိုလည်း ထုတ်ချေးပေးသွားရန် ထည့်သွင်းစဉ်းစားထားသည် ဟု ဦးအောင်နိုင်ဦးကဆိုသည်။

‘‘ဒါကလည်း ဆက်တိုက် ပေးသွားမှာပါ။ မူလစဉ်းစားစဉ်က တော့ကဏ္ဍသုံးခုပါ။ သို့သော်လည်း ထပ်လုပ်တဲ့အပိုင်းမှာ တခြားကဏ္ဍတွေကိုလည်း လိုအပ်ချက်တွေပေါ်လာတာရှိတဲ့အတွက် နောက်ချေးငွေထပ်ထုတ် ပေးတဲ့အပိုင်းမှာ တိုင်းပြည်အတွက်အရေးကြီးတဲ့ စိုက်ပျိုးရေး ကဏ္ဍ၊ မွေးမြူရေး၊ ရေထွက်လုပ်ငန်းတွေကိုလည်း ထည့်စဉ်းစား ပေးဖို့ရှိပါတယ်’’ ဟု ဦးအောင် နိုင်ဦးက ရှင်းလင်းပြောကြားသည်။

လျှောက်လွှာများ တင်ပြ လျှောက်ထားရာတွင်လည်း ယခင်ဆောင်ရွက်ခဲ့စဉ်များအတိုင်း ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် များရှိ လုပ်ငန်းရှင်များသည် မိမိတို့ဒေသရှိ ကုန်သည်ကြီးများအသင်းထံတွင်လည်းကောင်း၊ ရန်ကုန်ရှိ လုပ်ငန်းရှင်များအနေဖြင့် UMFCCI ရုံးတွင်လည်းကောင်းလာရောက် လျှောက်ထားနိုင်ကြောင်း ရှင်းလင်းအသိပေး သည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ရန္ပုံေငြမွ ဒုတိယအႀကိမ္ က်ပ္ ဘီလီယံ (၁၀၀) ထပ္မံထုတ္ေခ်းမည္

COVID-19 ရန္ပုံေငြ ဒုတိယအႀကိမ္ေပးရန္ က်ပ္ ဘီလီယံ၁၀၀ရရွိထားေသာေၾကာင့္မၾကာခင္ ေလွ်ာက္လႊာအသစ္မ်ား ထပ္မံေခၚယူသြားမည္ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္း အတြင္းဝန္ ဦးေအာင္ႏိုင္ဦးက ေျပာသည္။

ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာန ႐ုံးတြင္ အစိုးရေလးႏွစ္တာကာလ ေဆာင္႐ြက္ခဲ့မႈမ်ားႏွင့္ပတ္သက္၍ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ မီဒီယာမ်ား၏ ေမးျမန္းမႈအေပၚ ၎ကေျဖၾကားျခင္း ျဖစ္သည္။

‘‘ေလွ်ာက္လႊာသစ္ေတြထပ္မံေခၚယူဖို႔ကို မၾကာခင္ရက္ပိုင္းအတြင္းမွာထုတ္ျပန္ေပးပါ့မယ္။ ထုတ္ေပးတဲ့အခါမွာ အတိုးႏႈန္းလည္း မေျပာင္းလဲပါဘူး။ ၁ ရာ ခိုင္ႏႈန္းနဲ႔ပဲ ဆက္ၿပီးထုတ္ေပးသြားပါ့မယ္’’ ဟု ဦးေအာင္ႏိုင္ဦးက ဆိုသည္။

ပထမအႀကိမ္ COVID-19 Fund က်ပ္ ဘီလီယံ ၁၀၀ မွ ေခ်းေငြမ်ားကို ေျခာက္ႀကိမ္ ထုတ္ေပးႏိုင္ခဲ့ၿပီး ျမန္မာႏိုင္ငံတစ္ဝန္းရွိ လုပ္ငန္းေပါင္း ၃၀၉၄ ခုသို႔ ေခ်းေငြ ၈၆.၇၄၁၉ ဘီလီယံ ထုတ္ေပးႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေပးခဲ့သည္ဟု အဆိုပါေကာ္မတီ ဥကၠဌဦးေသာင္းထြန္းကဆိုသည္။

မူလက လူမႈဖူလုံေရးရန္ပုံ ေငြက်ပ္ဘီလီယံ ၅၀ ႏွင့္ စီမံဘ႑ာစက္မႈဝန္ႀကီးဌာနမွ က်ပ္ဘီလီယံ ၅၀၊ စုစုေပါင္းမတည္ေငြ က်ပ္ဘီလီယံ ၁၀၀ ျဖင့္ COVID-19 ကုစားေရး ရန္ပုံေငြ ထူေထာင္ခဲ့သည္။

CMP အထည္ခ်ဳပ္လုပ္ငန္းက႑၊ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းက႑မ်ားႏွင့္ ျပည္တြင္းမွာရွိေသာ ႏိုင္ငံသားပိုင္ အေသးစားလုပ္ငန္းမ်ားအျဖစ္ က႑သုံးခုကို ေ႐ြးခ်ယ္ထုတ္ေခ်းေပးခဲ့သည္ဟု ဦးေအာင္ႏိုင္ဦးက ရွင္းျပသည္။

ဒုတိယအႀကိမ္ COVID-19 ရန္ပုံေငြ ထပ္မံထားရွိၿပီး ထုတ္ေခ်းရန္ လုပ္ငန္းမ်ား သတ္မွတ္မည္ဟု COVID- 19 ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားေရးလုပ္ငန္းေကာ္မတီက ထုတ္ျပန္ထားသည္။

(၇) ႀကိမ္ေျမာက္အျဖစ္မၾကာမီ ထုတ္ေခ်းေပးသြားမည့္ အစီအစဥ္တြင္ စိုက္ပ်ိဳးေမြးျမဴေရး က႑ႏွင့္ ေရထြက္လုပ္ငန္းမ်ား အပါအဝင္ က႑နယ္ပယ္သစ္မ်ားကိုလည္း ထုတ္ေခ်းေပးသြားရန္ ထည့္သြင္းစဥ္းစားထားသည္ ဟု ဦးေအာင္ႏိုင္ဦးကဆိုသည္။

‘‘ဒါကလည္း ဆက္တိုက္ ေပးသြားမွာပါ။ မူလစဥ္းစားစဥ္က ေတာ့က႑သုံးခုပါ။ သို႔ေသာ္လည္း ထပ္လုပ္တဲ့အပိုင္းမွာ တျခားက႑ေတြကိုလည္း လိုအပ္ခ်က္ေတြေပၚလာတာရွိတဲ့အတြက္ ေနာက္ေခ်းေငြထပ္ထုတ္ ေပးတဲ့အပိုင္းမွာ တိုင္းျပည္အတြက္အေရးႀကီးတဲ့ စိုက္ပ်ိဳးေရး က႑၊ ေမြးျမဴေရး၊ ေရထြက္လုပ္ငန္းေတြကိုလည္း ထည့္စဥ္းစား ေပးဖို႔ရွိပါတယ္’’ ဟု ဦးေအာင္ ႏိုင္ဦးက ရွင္းလင္းေျပာၾကားသည္။

ေလွ်ာက္လႊာမ်ား တင္ျပ ေလွ်ာက္ထားရာတြင္လည္း ယခင္ေဆာင္႐ြက္ခဲ့စဥ္မ်ားအတိုင္း ျဖစ္ၿပီး တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားရွိ လုပ္ငန္းရွင္မ်ားသည္ မိမိတို႔ေဒသရွိ ကုန္သည္ႀကီးမ်ားအသင္းထံတြင္လည္းေကာင္း၊ ရန္ကုန္ရွိ လုပ္ငန္းရွင္မ်ားအေနျဖင့္ UMFCCI ႐ုံးတြင္လည္းေကာင္းလာေရာက္ ေလွ်ာက္ထားႏိုင္ေၾကာင္း ရွင္းလင္းအသိေပး သည္။

 

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service