အိမ်၊ ခြံ၊မြေ၊ တိုက်ခန်းဝယ်ယူသည့်အခါတွင် စရန်စာချုပ်ချုပ်ဆိုခြင်းအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
1369 Views

အိမ်၊ ခြံ၊မြေ၊ တိုက်ခန်းဝယ်ယူသည့်အခါတွင် စရန်စာချုပ်ချုပ်ဆိုခြင်းအကြောင်း

Knowledge | Posted by Si Thu Aung

### Unicode Version ###

အိမ်၊ ခြံမြေ၊ တိုက်ခန်းကို ဝယ်ယူမည်ဆိုလျှင် မြေကွက်၊ တိုက်ခန်း စိတ်ကြိုက်ဖြစ်လျှင် ဈေးနှုန်းညှိနှိုင်း ပြီးနောက် ရှေးဦးစွာ စရန်စာချုပ်ချုပ်ဆိုရန်လိုအပ်ပါသည်။ ထိုသို့စရန်စာချုပ်ချုပ်ဆိုပြီးမှသာ ပိုင်ဆိုင်မှု ခိုင်မာခြင်းရှိ/မရှိ စစ်ဆေးရန် ရောင်းသူမှ စာရွက်စာတမ်းမိတ္တူများ ပေးအပ်မည်ဖြစ်ပါသည်။ ထိုသို့စစ်ဆေးပြီး သတင်းစာတွင် အရောင်းအဝယ်အားကန့်ကွက်လိုခြင်း ရှိ/မရှိ ကြော်ငြာထည့်သွင်းရမှာဖြစ်ပါသည်။ ပိုင်ဆိုင်မှုလည်းခိုင်မာသည်၊ကန့်ကွက်သူလည်းမရှိဘူးဆိုလျှင် အရောင်းအဝယ်ကို ရှေ့ဆက်ဆောင်ရွက်ရမှာ ဖြစ်ပါသည်။

စရန်စာချုပ်ချုပ်ဆိုပြီးနောက် ရောင်းသူဘက်မှ အကြောင်းမညီညွတ်၍ မရောင်း ဖြစ် ရောင်းရန်ပျက်ကွက်ခြင်းသည် လိမ်လည်မှုဖြစ်သော ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၂၀ မမြောက်ပါဘူး။ ကတိပျက်ကွက်တာဖြစ်တဲ့အတွက် စာချုပ်ပါအတိုင်း နစ်နာကြေးသာတောင်းဆိုရမှာဖြစ်ပါသည်။ အကယ်၍ စာချုပ်ပါအတိုင်း နစ်နာကြေးမရရှိလျှင် တရားမကြောင်းအရသာ နစ်နာကြေးတောင်းဆိုရမှာဖြစ်ပါသည်။

ရောင်းသူသည် စရန်စာချုပ်ချုပ်ဆိုချိန်တွင် ပေးထားသည့်ကတိများပျက်ကွက်ခြင်း အရောင်းအဝယ်အ ပြီးသတ်စာချုပ်မချုပ်ဆိုမီ မည့်သည့်အချက်အလက်များဆောင်ရွက်ပေးမည်။ မည်သို့ပြုလုပ်ပေးမည် စသည် ဖြင့် ပေးထားသည့်ကတိများပျက်ကွက်ခြင်းသည်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၂၀ မမြောက်ပါဘူး။ လုပ်ဆောင်ပေးမည့်ကတိများပျက်ကွက်ခြင်းသည် စာချုပ်ကတိဖောက်ဖျက်ခြင်းသာဖြစ်ပါသည်။ ပြစ်မှုမမြောက်ပါ။ ကတိပျက်ကွက်တာဖြစ်တဲ့ အတွက် စာချုပ်ပါအတိုင်း နစ်နာကြေးသာတောင်းဆိုရမှာဖြစ်ပါသည်။ အကယ်၍ စာချုပ်ပါအတိုင်း နစ်နာကြေးမရရှိလျှင် တရားမကြောင်းအရသာ နစ်နာကြေးတောင်းဆိုရမှာဖြစ်ပါသည်။

အရောင်းအဝယ်စာချုပ်များတွင် စရန်စာချုပ်သည် အရေးကြီးပါသည်။ စာရန်စာချုပ်ချုပ်ဆိုရာတွင် သေချာစွာရေးသားရန်လိုအပ်မည်ဖြစ်ပြီး စာချုပ်တွင် ရေးသားထားသည့်ကတိများအတိုင်း အရောင်းအဝယ်ကိုရှေ့ဆက်ဆောင်ရွက်ရမှာဖြစ်ပါသည်။ စရန်စာချုပ်တွင် ရောင်းသူဘက်ပျက်ကွက်ပါက နစ်နာကြေးမည်ရွေ့မည်မျှဆိုတာ ထည့်သွင်းချုပ်ဆိုထားမှသာ စာချုပ်ပါအတိုင်း နစ်နာကြေးတောင်းဆိုနိုင်မှာဖြစ်ပါသည်။

စာရန်စာချုပ်ချုပ်ဆိုပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် အရောင်းအဝယ်ပျက်သွားသည့် အခါ ရောင်းသူဘက်မှပျက်ကွက်လျှင် စရန်ငွေပြန်တောင်းခြင်း၊ စရန်ငွေ (၂)ဆပြန်တောင်းခြင်းများ၊ ဝယ်ယူသူဘက်မှပျက်ကွက်လျှင် စရန်ငွေဆုံးရှုံးခြင်းများ စသည်ဖြင့် ဆောင်ရွက်ရမှာဖြစ်တဲ့ အတွက် ရောင်းသူ၊ ဝယ်သူ နှစ်ဦးနှစ်ဖက် အရှုပ်အရှင်းသက်သာစေရန် စရန်ငွေကို များများမပေးထားခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

အိမ္၊ ျခံ၊ေျမ၊ တိုက္ခန္း၀ယ္ယူသည့္အခါတြင္ စရန္စာခ်ဳပ္ခ်ဳပ္ဆိုျခင္းအေၾကာင္း

အိမ္၊ ျခံေျမ၊ တိုက္ခန္းကို ၀ယ္ယူမည္ဆိုလွ်င္ ေျမကြက္၊ တိုက္ခန္း စိတ္ႀကိဳက္ျဖစ္လွ်င္ ေစ်းႏႈန္းညွိႏိႈင္း ၿပီးေနာက္ ေရွးဦးစြာ စရန္စာခ်ဳပ္ခ်ဳပ္ဆိုရန္လိုအပ္ပါသည္။ ထိုသုိ႔စရန္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးမွသာ ပိုင္ဆိုင္မႈ ခိုင္မာျခင္းရွိ/မရွိ စစ္ေဆးရန္ ေရာင္းသူမွ စာရြက္စာတမ္းမိတၱဴမ်ား ေပးအပ္မည္ျဖစ္ပါသည္။ ထိုသုိ႔စစ္ေဆးၿပီး သတင္းစာတြင္ အေရာင္းအ၀ယ္အားကန္႔ကြက္လိုျခင္း ရွိ/မရွိ ေၾကာ္ျငာထည့္သြင္းရမွာျဖစ္္ပါသည္။ ပိုင္ဆုိင္မႈလည္းခိုင္မာသည္၊ကန္႔ကြက္သူလည္းမရွိဘူးဆိုလွ်င္ အေရာင္းအ၀ယ္ကို ေရွ႕ဆက္ေဆာင္ရြက္ရမွာ ျဖစ္ပါသည္။

စရန္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးေနာက္ ေရာင္းသူဘက္မွ အေၾကာင္းမညီညြတ္၍ မေရာင္း ျဖစ္ ေရာင္းရန္ပ်က္ကြက္ျခင္းသည္ လိမ္လည္မႈျဖစ္ေသာ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၄၂၀ မေျမာက္ပါဘူး။ ကတိပ်က္ကြက္တာျဖစ္တဲ့အတြက္ စာခ်ဳပ္ပါအတိုင္း နစ္နာေၾကးသာေတာင္းဆိုရမွာျဖစ္ပါသည္။ အကယ္၍ စာခ်ဳပ္ပါအတိုင္း နစ္နာေၾကးမရရွိလွ်င္ တရားမေၾကာင္းအရသာ နစ္နာေၾကးေတာင္းဆိုရမွာျဖစ္ပါသည္။

ေရာင္းသူသည္ စရန္စာခ်ဳပ္ခ်ဳပ္ဆိုခ်ိန္တြင္ ေပးထားသည့္ကတိမ်ားပ်က္ကြက္ျခင္း အေရာင္းအ၀ယ္အ ၿပီးသတ္စာခ်ဳပ္မခ်ဳပ္ဆိုမီ မည့္သည့္အခ်က္အလက္မ်ားေဆာင္ရြက္ေပးမည္။ မည္သို႔ျပဳလုပ္ေပးမည္ စသည္ ျဖင့္ ေပးထားသည့္ကတိမ်ားပ်က္ကြက္ျခင္းသည္လည္း ရာဇသတ္ႀကီးဥပေဒပုဒ္မ-၄၂၀ မေျမာက္ပါဘူး။ လုပ္ေဆာင္ေပးမည့္ကတိမ်ားပ်က္ကြက္ျခင္းသည္ စာခ်ဳပ္ကတိေဖာက္ဖ်က္ျခင္းသာျဖစ္ပါသည္။ ျပစ္မႈမေျမာက္ပါ။ ကတိပ်က္ကြက္တာျဖစ္တဲ့ အတြက္ စာခ်ဳပ္ပါအတိုင္း နစ္နာေၾကးသာေတာင္းဆိုရမွာျဖစ္ပါသည္။ အကယ္၍ စာခ်ဳပ္ပါအတိုင္း နစ္နာေၾကးမရရွိလွ်င္ တရားမေၾကာင္းအရသာ နစ္နာေၾကးေတာင္းဆိုရမွာျဖစ္ပါသည္။

အေရာင္းအ၀ယ္စာခ်ဳပ္မ်ားတြင္ စရန္စာခ်ဳပ္သည္ အေရးႀကီးပါသည္။ စာရန္စာခ်ဳပ္ခ်ဳပ္ဆိုရာတြင္ ေသခ်ာစြာေရးသားရန္လိုအပ္မည္ျဖစ္ၿပီး စာခ်ဳပ္တြင္ ေရးသားထားသည့္ကတိမ်ားအတိုင္း အေရာင္းအ၀ယ္ကိုေရွ႕ဆက္ေဆာင္ရြက္ရမွာျဖစ္ပါသည္။ စရန္စာခ်ဳပ္တြင္ ေရာင္းသူဘက္ပ်က္ကြက္ပါက နစ္နာေၾကးမည္ေရြ႕မည္မွ်ဆိုတာ ထည့္သြင္းခ်ဳပ္ဆိုထားမွသာ စာခ်ဳပ္ပါအတိုင္း နစ္နာေၾကးေတာင္းဆိုႏိုင္မွာျဖစ္ပါသည္။

စာရန္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးေနာက္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အေရာင္းအ၀ယ္ပ်က္သြားသည့္ အခါ ေရာင္းသူဘက္မွပ်က္ကြက္လွ်င္ စရန္ေငြျပန္ေတာင္းျခင္း၊ စရန္ေငြ (၂)ဆျပန္ေတာင္းျခင္းမ်ား၊ ၀ယ္ယူသူဘက္မွပ်က္ကြက္လွ်င္ စရန္ေငြဆံုးရံႈးျခင္းမ်ား စသည္ျဖင့္ ေဆာင္ရြက္ရမွာျဖစ္တဲ့ အတြက္ ေရာင္းသူ၊ ၀ယ္သူ ႏွစ္ဦးႏွစ္ဖက္ အရႈပ္အရွင္းသက္သာေစရန္ စရန္ေငြကို မ်ားမ်ားမေပးထားျခင္းသည္ အေကာင္းဆံုး ျဖစ္ပါသည္။

 

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service