ကမ္ဘာကျော်ကားအမှတ်တံဆိပ်( ၁၅) ခု ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Centre-YCC ၌ ဖွင့်လှစ် ပြသ - Property News in Myanmar from iMyanmarHouse.com
1152 Views

ကမ္ဘာကျော်ကားအမှတ်တံဆိပ်( ၁၅) ခု ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Centre-YCC ၌ ဖွင့်လှစ် ပြသ

### Unicode Version ###

ကမ္ဘာကျော်ကားအမှတ်တံဆိပ်( ၁၅) ခုပါဝင်သည့် အပြည်ပြည်ဆိုင်ရာကားပြပွဲ ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Centre-YCC ၌ ဖေဖော် ဝါရီ ၂၁ ရက်က ဖွင့်လှစ်ပြသခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံ မော်တော်ယာဉ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ ဒုတိယအကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး BMW၊ Brilliance ၊ DFSK ၊ Ford ၊ FUSO ၊ GAC ၊Jaguar ၊ Land Rover ၊ Mazda ၊ Mercedes-Benz ၊ Nissan ၊Scania ၊ Suzuki ၊Toyota နှင့် Volvo စသည့် မော်တော်ယာဉ်အမျိုးအစားများကို ပါဝင်ပြသထားပြီး မြန်မာနိုင်ငံတွင် အကြီးဆုံး မော်တော်ကားပြပွဲကြီးဖြစ် ကြောင်း၊ အနည်းဆုံး ကျပ် ၉၅ သိန်းတန် miniTruck ကားများမှ စတင်၍ တန်ဖိုးမြင့် ဇိမ်ခံမော်တော်ကားများအထိ ဝယ်ယူနိုင်မှဖြစ် ကြောင်းလည်းသိရသည်။

ပြပွဲကို ဖေဖော်ဝါရီ ၂၃ ရက် အထိ ခင်းကျင်းပြသထားမည်ဖြစ်ပြီး ပြပွဲကာလအတွင်း Down payment နှင့်အရစ်ကျဝယ်ယူနိုင်အောင် စီစဉ်ပေးထားကြောင်း၊မော်တော်ယာဉ်အလုံးစုံအာမခံ ထားရှိနိုင်အောင်လည်း စီစဉ်ပြသပေးထားကြောင်း၊ မော်တော်ကားများကို ဘဏ်များနှင့်ချိတ်ဆက်ကာ ဝယ်ယူနိုင်အောင်လည်း စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံမော်တော်ယာဉ် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရန်အတွက် Future Driving Society ဆောင်ပုဒ်နှင့်အညီ အထူးအာရုံစိုက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မော်တော်ယာဉ်နှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများ၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေး စနစ်၊ လမ်းစနစ်နှင့် ကိုက်ညီပြီး လုံခြုံစိတ်ချရသည့် ဘယ်မောင်းစနစ်ယာဉ်များ ပိုမိုတိုးတက်လာရန် အဆိုပါ ကားပြပွဲကြီးကို ပြသရခြင်းဖြစ်ကြောင်း သိရသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###

 

ကမၻာေက်ာ္ကားအမွတ္တံဆိပ္( ၁၅) ခု ရန္ကုန္ၿမိဳ့ အင္းလ်ားကန္ဟိုတယ္ဝင္းအတြင္းရွိ Yangon Convention Centre-YCC ၌ ဖြင့္လွစ္ ျပသ

 

ကမၻာေက်ာ္ကားအမွတ္တံဆိပ္( ၁၅) ခုပါဝင္သည့္ အျပည္ျပည္ဆိုင္ရာကားျပပြဲ ရန္ကုန္ၿမိဳ့ အင္းလ်ားကန္ဟိုတယ္ဝင္းအတြင္းရွိ Yangon Convention Centre-YCC ၌ ေဖေဖာ္ ဝါရီ ၂၁ ရက္က ဖြင့္လွစ္ျပသခဲ့ေၾကာင္းသိရသည္။

ျမန္မာနိုင္ငံ ေမာ္ေတာ္ယာဥ္ေစ်းကြက္ ဖြံ့ၿဖိဳးတိုးတက္ရန္ရည္ရြယ္၍ ဒုတိယအႀကိမ္ေျမာက္က်င္းပျခင္းျဖစ္ၿပီး BMW၊ Brilliance ၊ DFSK ၊ Ford ၊ FUSO ၊ GAC ၊Jaguar ၊ Land Rover ၊ Mazda ၊ Mercedes-Benz ၊ Nissan ၊Scania ၊ Suzuki ၊Toyota ႏွင့္ Volvo စသည့္ ေမာ္ေတာ္ယာဥ္အမ်ိဳးအစားမ်ားကို ပါဝင္ျပသထားၿပီး ျမန္မာနိုင္ငံတြင္ အႀကီးဆုံး ေမာ္ေတာ္ကားျပပြဲႀကီးျဖစ္ ေၾကာင္း၊ အနည္းဆုံး က်ပ္ ၉၅ သိန္းတန္ miniTruck ကားမ်ားမွ စတင္၍ တန္ဖိုးျမင့္ ဇိမ္ခံေမာ္ေတာ္ကားမ်ားအထိ ဝယ္ယူနိုင္မွျဖစ္ ေၾကာင္းလည္းသိရသည္။

ျပပြဲကို ေဖေဖာ္ဝါရီ ၂၃ ရက္ အထိ ခင္းက်င္းျပသထားမည္ျဖစ္ၿပီး ျပပြဲကာလအတြင္း Down payment ႏွင့္အရစ္က်ဝယ္ယူနိုင္ေအာင္ စီစဥ္ေပးထားေၾကာင္း၊ေမာ္ေတာ္ယာဥ္အလုံးစုံအာမခံ ထားရွိနိုင္ေအာင္လည္း စီစဥ္ျပသေပးထားေၾကာင္း၊ ေမာ္ေတာ္ကားမ်ားကို ဘဏ္မ်ားႏွင့္ခ်ိတ္ဆက္ကာ ဝယ္ယူနိုင္ေအာင္လည္း စီစဥ္ထားေၾကာင္း သိရသည္။

ျမန္မာနိုင္ငံေမာ္ေတာ္ယာဥ္ ေစ်းကြက္ဖြံ့ၿဖိဳးတိုးတက္ရန္အတြက္ Future Driving Society ေဆာင္ပုဒ္ႏွင့္အညီ အထူးအာ႐ုံစိုက္ေဆာင္ရြက္ရန္ျဖစ္ေၾကာင္း၊ ေမာ္ေတာ္ယာဥ္ႏွင့္ပတ္သက္ေသာ စီးပြားေရးလုပ္ငန္းမ်ား၊ ျပည္တြင္းသယ္ယူပို႔ေဆာင္ေရး စနစ္၊ လမ္းစနစ္ႏွင့္ ကိုက္ညီၿပီး လုံျခဳံစိတ္ခ်ရသည့္ ဘယ္ေမာင္းစနစ္ယာဥ္မ်ား ပိုမိုတိုးတက္လာရန္ အဆိုပါ ကားျပပြဲႀကီးကို ျပသရျခင္းျဖစ္ေၾကာင္း သိရသည္။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service