အတိုင္ပင္ခံရဲ႕ ကိုရီးယားခရီးစဥ္မွာ MOU သုံးေစာင္လက္မွတ္ေရးထိုးခဲ့ - Property News in Myanmar from iMyanmarHouse.com
812 Views

အတိုင္ပင္ခံရဲ႕ ကိုရီးယားခရီးစဥ္မွာ MOU သုံးေစာင္လက္မွတ္ေရးထိုးခဲ့

### Zawgyi Version ###

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ကိုရီးယားႏိုင္ငံခရီးစဥ္အတြင္းမွာ ႏွစ္ႏိုင္ငံ နားလည္မႈသေဘာတူစာခ်ဳပ္ MoU လက္မွတ္သုံးခုေရးထိုးခဲ့ပါတယ္။

ငါးလုပ္ငန္းဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ နားလည္မႈသေဘာတူစာခ်ဳပ္၊ အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာ သင္တန္းမ်ားပူးေပါင္းေဆာင္႐ြက္မႈ သေဘာတူစာခ်ဳပ္နဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးက႑ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ နားလည္မႈစာခြၽန္လႊာေတြကို လက္မွတ္ေရးထိုးခဲ့တာပါ။

ႏွစ္ႏိုင္ငံစီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ရာမွာလည္း အဖြဲ႕အစည္းဆိုင္ရာအေျခခံအေဆာက္အဦးနဲ႔ ဥပေဒမူေဘာင္ေတြကိုလည္း အေလးထားအာ႐ုံစိုက္ဖို႔လိုအပ္တယ္လို႔ အတိုင္ပင္ခံကေျပာပါတယ္။

ဒါ့ေၾကာင့္ျမန္မာႏိုင္ငံအေနနဲ႔ ေဒသတြင္းဘက္စုံစီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ RCEP ေဆြးေႏြးညႇိႏႈိင္းမႈေတြကို ျမန္ျမန္အၿပီးသတ္ဖို႔အျပည့္အဝ ကတိျပဳထားတယ္လို႔ ဆိုပါတယ္။

လက္ရွိမွာလည္း ကိုရီးယားႏိုင္ငံအေနနဲ႔ ဒလတံတားစီမံကိန္း၊ ဒလၿမိဳ႕သစ္စီမံကိန္းေတြကို အေကာင္အထည္ေဖာ္ဖို႔ လုပ္ေဆာင္ေနၿပီး မၾကာေသးမီကလည္း ကိုရီးယား-ျမန္မာစက္မႈဇုန္ကို ရန္ကုန္တိုင္းအတြင္း အေကာင္အထည္ေဖာ္ထားပါတယ္။

ဒါ့အျပင္ မဲေခါင္-ကိုရီးယား စီးပြားေရးေကာင္စီစတင္ဖြဲ႕စည္းျခင္းအတြက္ နားလည္မႈစာခြၽန္လႊာ MoU ကိုလည္း ကုန္သည္စက္မႈအသင္းခ်ဳပ္ဥကၠဌ ဦးေဆာင္ၿပီး ပါဝင္လက္မွတ္ေရးထိုးခဲ့ပါေသးတယ္။

ကိုရီးယားႏိုင္ငံဟာ ျမန္မာႏိုင္ငံအတြင္း လုပ္ငန္းေပါင္း ၁၇၉ ခုနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈအဆင့္ေလးေနရာမွာ ရပ္တည္ေနၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏကေတာ့ အေမရိကန္ေဒၚလာ သန္း ၃၅၀၀ ေက်ာ္အထိရွိေနတာပါ။ ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကိုရီးယားနိုင်ငံခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ နားလည်မှုသဘောတူစာချုပ် MoU လက်မှတ်သုံးခုရေးထိုးခဲ့ပါတယ်။

ငါးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုသဘောတူစာချုပ်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့တာပါ။

နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရာမှာလည်း အဖွဲ့အစည်းဆိုင်ရာအခြေခံအဆောက်အဦးနဲ့ ဥပဒေမူဘောင်တွေကိုလည်း အလေးထားအာရုံစိုက်ဖို့လိုအပ်တယ်လို့ အတိုင်ပင်ခံကပြောပါတယ်။

ဒါ့ကြောင့်မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု RCEP ဆွေးနွေးညှိနှိုင်းမှုတွေကို မြန်မြန်အပြီးသတ်ဖို့အပြည့်အဝ ကတိပြုထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ကိုရီးယားနိုင်ငံအနေနဲ့ ဒလတံတားစီမံကိန်း၊ ဒလမြို့သစ်စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေပြီး မကြာသေးမီကလည်း ကိုရီးယား-မြန်မာစက်မှုဇုန်ကို ရန်ကုန်တိုင်းအတွင်း အကောင်အထည်ဖော်ထားပါတယ်။

ဒါ့အပြင် မဲခေါင်-ကိုရီးယား စီးပွားရေးကောင်စီစတင်ဖွဲ့စည်းခြင်းအတွက် နားလည်မှုစာချွန်လွှာ MoU ကိုလည်း ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဌ ဦးဆောင်ပြီး ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။

ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံအတွင်း လုပ်ငန်းပေါင်း ၁၇၉ ခုနဲ့ ရင်းနှီးမြှုပ်နှံမှုအဆင့်လေးနေရာမှာ ရပ်တည်နေပြီး ရင်းနှီးမြှုပ်နှံမှုပမာဏကတော့ အမေရိကန်ဒေါ်လာ သန်း ၃၅၀၀ ကျော်အထိရှိနေတာပါ။ နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

shwe-wutthmone
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service