သတ္မွတ္ခ်က္ မျပည့္မီပါက ကြန္ဒိုအေဆာက္အအုံအျဖစ္မွ ပယ္ဖ်က္မည္ - Property News in Myanmar from iMyanmarHouse.com
1233 Views

သတ္မွတ္ခ်က္ မျပည့္မီပါက ကြန္ဒိုအေဆာက္အအုံအျဖစ္မွ ပယ္ဖ်က္မည္

### Zawgyi Version ###

ရန္ကုန္တိုင္းေဒသႀကီး ကြန္ဒိုမီနီယံႀကီးၾကပ္ေရးေကာ္မတီမွ ေဆာက္လုပ္ၿပီးႏွင့္ ေဆာက္လုပ္ဆဲ ကြန္ဒိုမီနီယံ တိုက္ခန္းမ်ားကို ကြန္ဒိုမီနီယံ အေဆာက္အအုံ အဆင့္ရွိ၊ မရွိ ယခုႏွစ္မကုန္ခင္ ႏိုင္ဝင္ဘာလအတြင္း စိစစ္ၿပီး သတ္မွတ္ခ်က္မျပည့္မီပါက ကြန္ဒိုအေဆာက္အအုံအျဖစ္မွပယ္ဖ်က္မည္ျဖစ္ေၾကာင္း သိရသည္။

စီမံကိန္း ၂၄ ခုရွိရာတြင္ ၁၅ ခု ေလာက္ကစတင္ေနၿပီျဖစ္ေၾကာင္း၊အခန္းတြင္း တန္ဖိုးကိုတြက္ခ်က္ၿပီး အၾကမ္းဖ်င္းတြဲတင္ရမွာျဖစ္ေၾကာင္း၊ ခံဝန္ထိုးၿပီးလွ်င္လိုအပ္သည္မ်ားကို စိစစ္ၿပီး ကြန္ဒိုမီနီယံႀကီးၾကပ္ေရး ေကာ္မတီ၏ ဆုံးျဖတ္ခ်က္ႏွင့္ စတင္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

ကြန္ဒိုမီနီယံဥပေဒကို အေကာင္အထည္ေဖာ္နိုင္ရန္ ႀကီးၾကပ္ေရးေကာ္မတီရွိရန္အတြက္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ ၃၁ ရက္က ေဆာက္လုပ္ေရးဝန္ႀကီး ဌာနမွ ရန္ကုန္တိုင္းေဒသႀကီး၏ ကြန္ဒိုမီနီယံႏွင့္ ပတ္သက္ေသာ ႀကီးၾကပ္ေရးေကာ္မတီကို ဖြဲ႕စည္းခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

ကြန္ဒိုမ်ားမွာ အနည္းဆုံး ေျခာက္ထပ္ႏွင့္ အထက္ရွိရမည္ျဖစ္ၿပီး အက်ယ္အဝန္းအားျဖင့္ ၂၀ဝ၀ဝ စတုရန္းေပ အထက္ရွိေသာ ေျမေပၚတြင္ တည္ေဆာက္ထားရမည္ျဖစ္ေၾကာင္း၊ ကြန္ဒိုဥပေဒသစ္အရ ေျမပိုင္ရွင္တစ္ဦးတည္းအမည္ေပါက္ မဟုတ္ေတာ့ဘဲ စီမံခန္႔ခြဲေရးေကာ္မတီထံတြင္ ယင္းေျမကို အပ္ႏွံရမည္ျဖစ္ၿပီး တစ္ဦးတစ္ေယာက္ပိုင္ေၿမ မွ အမ်ားပိုင္ေျမအျဖစ္ လႊဲေျပာင္းရမည္ျဖစ္ေၾကာင္း သိရသည္။

ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံကြီးကြပ်ရေးကော်မတီမှ ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲ ကွန်ဒိုမီနီယံ တိုက်ခန်းများကို ကွန်ဒိုမီနီယံ အဆောက်အအုံ အဆင့်ရှိ၊ မရှိ ယခုနှစ်မကုန်ခင် နိုင်ဝင်ဘာလအတွင်း စိစစ်ပြီး သတ်မှတ်ချက်မပြည့်မီပါက ကွန်ဒိုအဆောက်အအုံအဖြစ်မှပယ်ဖျက်မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်း ၂၄ ခုရှိရာတွင် ၁၅ ခု လောက်ကစတင်နေပြီဖြစ်ကြောင်း၊အခန်းတွင်း တန်ဖိုးကိုတွက်ချက်ပြီး အကြမ်းဖျင်းတွဲတင်ရမှာဖြစ်ကြောင်း၊ ခံဝန်ထိုးပြီးလျှင်လိုအပ်သည်များကို စိစစ်ပြီး ကွန်ဒိုမီနီယံကြီးကြပ်ရေး ကော်မတီ၏ ဆုံးဖြတ်ချက်နှင့် စတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ကွန်ဒိုမီနီယံဥပဒေကို အကောင်အထည်ဖော်နိုင်ရန် ကြီးကြပ်ရေးကော်မတီရှိရန်အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ရန်ကုန်တိုင်းဒေသကြီး၏ ကွန်ဒိုမီနီယံနှင့် ပတ်သက်သော ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကွန်ဒိုများမှာ အနည်းဆုံး ခြောက်ထပ်နှင့် အထက်ရှိရမည်ဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၂၀ဝဝဝ စတုရန်းပေ အထက်ရှိသော မြေပေါ်တွင် တည်ဆောက်ထားရမည်ဖြစ်ကြောင်း၊ ကွန်ဒိုဥပဒေသစ်အရ မြေပိုင်ရှင်တစ်ဦးတည်းအမည်ပေါက် မဟုတ်တော့ဘဲ စီမံခန့်ခွဲရေးကော်မတီထံတွင် ယင်းမြေကို အပ်နှံရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ပိုင်မြေ မှ အများပိုင်မြေအဖြစ် လွှဲပြောင်းရမည်ဖြစ်ကြောင်း သိရသည်။

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service