ကမၻာေက်ာ္ အေမရိကန္သူေဌးၾကီး တီ-ဘြန္း ပစ္ကန္း စက္တင္ဘာ ၁၁ ရက္က ကြယ္လြန္သြားျပီျဖစ္ကာ ကန္ေဒၚလာ သန္း ၂၅၀ ျဖင့္ အေရာင္းေစ်းကြက္တင္ထားေသာ တကၠဆပ္ျပည္နယ္ရွိ စတုရန္းမိုင္ ၁၀၀ ေက်ာ္ က်ယ္ဝန္းသည့္ ယာေတာျခံၾကီးမွာ ေရာင္းမထြက္ဘဲ ရွိေနဆဲျဖစ္

ကမၻာေက်ာ္ အေမရိကန္သူေဌးၾကီး တီ-ဘြန္း ပစ္ကန္း စက္တင္ဘာ ၁၁ ရက္က ကြယ္လြန္သြားျပီျဖစ္ကာ ကန္ေဒၚလာ သန္း ၂၅၀ ျဖင့္ အေရာင္းေစ်းကြက္တင္ထားေသာ တကၠဆပ္ျပည္နယ္ရွိ စတုရန္းမိုင္ ၁၀၀ ေက်ာ္ က်ယ္ဝန္းသည့္ ယာေတာျခံၾကီးမွာ ေရာင္းမထြက္ဘဲ ရွိေနဆဲျဖစ္ - Property News in Myanmar from iMyanmarHouse.com
25 Sep 2019 12:19 pm တွင် တင်ခဲ့သည်
1084 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာေက်ာ္ အေမရိကန္သူေဌးၾကီး တီ-ဘြန္း ပစ္ကန္း၏ အမည္ရင္းမွာ ေသာမတ္စ္ ဘြန္း ပစ္ကန္ ဂ်ဴနီယာ ျဖစ္ျပီး ၁၉၂၈ ခုႏွစ္၊ ေမလ ၂၂ ရက္တြင္ အေမရိကန္ျပည္ေထာင္စု၊ အိုကလာဟိုးမားျပည္နယ္၊ ဟိုးလ္ဒန္းဗီးလ္ျမိဳ႕ကေလးတြင္ ေမြးဖြားသည္။

ပစ္ကန္းသည္ အသက္ ၁၂ ႏွစ္အရြယ္တြင္ သတင္းစာပို႔သမားအျဖစ္ စတင္လုပ္ကိုင္ခဲ့သည္။

ပစ္ကန္းက သတင္းစာ ၂၈ ေစာင္သာပို႔ခဲ့ရာမွ ၁၅၆ ေစာင္သို႔ လ်င္ျမန္စြာျမွင့္တင္ႏိုင္ခဲ့သည္။

တီ-ဘြန္း ပစ္ကန္းသည္ ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီၾကီး BP Capital Management ၏ ဥကၠဌလည္း ျဖစ္သည္။

မစၥတာ ပစ္ကန္းသည္ ယခုစက္တင္ဘာလ ၁၁ ရက္တြင္ ကြယ္လြန္သြားခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၉၁ ႏွစ္ရွိျပီ ျဖစ္သည္။

မစၥတာ ပစ္ကန္း ကြယ္လြန္သြားသည့္တိုင္ ၎၏ အေရာင္းေစ်းကြက္တင္ထားေသာ တကၠဆပ္ျပည္နယ္ ယာေတာျခံၾကီးမွာ ေရာင္းမထြက္ေသးေခ်။

ယာေတာျခံၾကီးကို မီဆာ ဗစၥတာဟု အမည္ေပးထားသည္။

မစၥတာပစ္ကန္းက မီဆာ ဗစၥတာ ယာေတာျခံၾကီးကို ၂၀၁၇ ခုႏွစ္တြင္ စတင္အေရာင္းေစ်းကြက္တင္ခဲ့ျခင္းျဖစ္ျပီး ကန္ေဒၚလာ သန္း ၂၅၀ ေစ်းေခၚခဲ့သည္။ မီဆာ ဗစၥတာ ယာေတာျခံ၏ အက်ယ္အဝန္းမွာ မူလက ယခုေလာက္မက်ယ္ဝန္းေသးေခ်။

မစၥတာ ပစ္ကန္းက ယာေတာျခံ၏ ပထမဆံုးအစိတ္အပိုင္းကို လြန္ခဲ့ေသာ ၄၆ ႏွစ္က စတင္ဝယ္ယူခဲ့သည္။

စတင္ဝယ္ယူခဲ့စဥ္က ဧက ၂၉၀၀ သာျဖစ္ျပီး ယေန႔အခ်ိန္တြင္မူ ယာေတာျခံၾကီး၏ အက်ယ္အဝန္းမွာ စတုရန္းမိုင္ ၁၀၀ ပတ္လည္ေက်ာ္ (သို႔မဟုတ္) ဧကေပါင္း ၆၅၀၀၀ ေက်ာ္ အထိ က်ယ္ဝန္းေနျပီ ျဖစ္သည္။

“ဒီ ယာေတာျခံကို ေရာင္းခ်ေရးဟာ အသက္ ၈၉ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ အဘိုးအိုတစ္ဦးအတြက္ လုပ္သင့္တဲ့အလုပ္တစ္ခု ျဖစ္ပါတယ္”ဟု မစၥတာပစ္ကန္း မကြယ္လြန္မီက ေျပာၾကားဖူးသည္။

မစၥတာ ပစ္ကန္း၏ ဘဝတစ္ေလွ်ာက္ ကန္ေဒၚလာ ၁ ဘီလီယံေက်ာ္ ေပးလွဴခဲ့ျပီးျဖစ္ကာ ယခု မီဆာ ဗစၥတာ ယာေတာျခံၾကီးကို ေရာင္းထြက္ပါကလည္း ရရွိလာမည့္ အျမတ္အစြန္းမ်ားကို ၎တည္ေထာင္ထားသည့္ တီ-ဘြန္း ပစ္ကန္း ေဖာင္ေဒးရွင္းသို႔ ေပးအပ္ကာ လွဴဒါန္းမႈမ်ား ျပဳလုပ္သြားမည္ဟု ကတိျပဳခဲ့သည္။

မီဆာ ဗစၥတာ ယာေတာျခံၾကီးအတြင္း အၾကီးမားဆံုး အေဆာက္အအံုမွာ "The Lodge" ဟု အမည္ေပးထားသည့္ စံအိမ္ျဖစ္ျပီး အက်ယ္အဝန္းမွာ စတုရန္းေပ ၃၃၀၀၀ ရွိသည္။

အဆိုပါစံအိမ္ၾကီးအတြင္း ထိုင္ခံု ၃၀ ဆန္႔ ရုပ္ရွင္ရံုတစ္ခုလည္း ထည့္သြင္းေပးထားသည္။

ယာေတာျခံအတြင္း ဝိုင္သိုေလွာင္ခန္း၊ ႏွစ္ထပ္အေဆာက္အအံု အရက္ဘားတို႔အျပင္ "Lake House" အမည္ရွိ စံအိမ္တစ္လံုးလည္း ပါဝင္ေသးသည္။

"Lake House" စံအိမ္ကို ၂၀၀၈ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး ေနအိမ္အက်ယ္အဝန္း ၁၂၀၀၀ စတုရန္းေပရွိကာ လသာေဆာင္မ်ား၏ စုစုေပါင္း အက်ယ္အဝန္းသည္ပင္လွ်င္ စတုရန္းေပ ၄၀၀၀ နီးပါးရွိသည္။

မီဆာ ဗစၥတာ ယာေတာျခံၾကီးတြင္ ကိုယ္ပိုင္ေလယာဥ္ကြင္းတစ္ခုလည္း ပါဝင္ျပီး ေပ ၆၀၀၀ ရွည္လ်ားသည့္ ေလယာဥ္ေျပးလမ္းႏွင့္ စတုရန္းေပ ၂၅၀၀၀ ခန္႔ က်ယ္ဝန္းသည့္ ေလယာဥ္သိုေလွာင္ရံုတစ္ခုတို႔လည္း ပါဝင္ေသးသည္။

မစၥတာ ပစ္ကန္း၏ ဘဝတစ္ေလွ်ာက္ ၅ ၾကိမ္ အိမ္ေထာင္ျပဳခဲ့ျပီး ပဥၥမေျမာက္ဇနီးႏွင့္ ယခုျခံဝန္းၾကီးအတြင္းရွိ ဘုရားေက်ာင္းတြင္ ၂၀၁၄ ခုႏွစ္အတြင္း လက္ထပ္ခဲ့ၾကသည္။

ျခံဝန္းအတြင္း လူလုပ္ ေရကန္ေပါင္း ၂၀ နီးပါးပါဝင္ျပီး မစၥတာ ပစ္ကန္း၏ ေျပာၾကားခ်က္အရ ကမၻာ့အေကာင္းဆံုး ငံုးဖမ္းရာ ေနရာတစ္ခုျဖစ္သည္ဟု ဆိုသည္။ ေဂါက္ရိုက္ရန္အတြက္လည္း ေဂါက္ကြင္းတစ္ခု ေဖာက္လုပ္ေပးထားေသးသည္။

“ကၽြန္ေတာ့္ရဲ႕ အျမင္အာရံု၊ အၾကားအာရံုေတြ မေကာင္းေတာ့တာေၾကာင့္ ကၽြန္ေတာ္ျမတ္ႏိုးတဲ့အရာေတြ၊ အထူးသျဖင့္ ေဂါက္ရိုက္တာနဲ႔ အမဲလိုက္တာေတြကို စြန္႔လႊတ္ဖို႔ အခ်ိန္မဖိတ္ေခၚဘဲ ဆိုက္ေရာက္လာခဲ့ပါျပီ။ ဒါေတြကို လက္ခံျပီး ကၽြန္ေတာ့္ဘဝကို ေျပာင္းလဲလိုက္ဖို႔ အခ်ိန္က်ပါျပီ”ဟု မစၥတာပစ္ကန္းက ေျပာၾကားသြားသည္။

စိတ္မေကာင္းဖြယ္ရာမွာ သူ၏ျခံၾကီး ေရာင္းမထြက္မီတြင္ပင္ ကြယ္လြန္သြားခဲ့ျခင္း ျဖစ္သည္။

ဧကေပါင္း ၆၅၀၀၀ က်ယ္ဝန္းသည့္ ယာေတာျခံၾကီးအတြင္း အလ်ား ၁၂ မိုင္ခန္႔ရွည့္လ်ားသည့္ စမ္းေခ်ာင္းတစ္ခုလည္း ပါဝင္သည္။

မီဆာ ဗစၥတာ ယာေတာျခံၾကီးသည္ ကမၻာေပၚတြင္ အေရာင္းေစ်းကြက္ဝင္လာသည့္ ေစ်းအၾကီးဆံုး အိမ္ျခံေျမမ်ားတြင္ တစ္ခုအပါအဝင္လည္း ျဖစ္ေလသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကမ္ဘာကျော် အမေရိကန်သူဌေးကြီး တီ-ဘွန်း ပစ်ကန်း၏ အမည်ရင်းမှာ သောမတ်စ် ဘွန်း ပစ်ကန် ဂျူနီယာ ဖြစ်ပြီး ၁၉၂၈ ခုနှစ်၊ မေလ ၂၂ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားပြည်နယ်၊ ဟိုးလ်ဒန်းဗီးလ်မြို့ကလေးတွင် မွေးဖွားသည်။

ပစ်ကန်းသည် အသက် ၁၂ နှစ်အရွယ်တွင် သတင်းစာပို့သမားအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။

ပစ်ကန်းက သတင်းစာ ၂၈ စောင်သာပို့ခဲ့ရာမှ ၁၅၆ စောင်သို့ လျင်မြန်စွာမြှင့်တင်နိုင်ခဲ့သည်။

တီ-ဘွန်း ပစ်ကန်းသည် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး BP Capital Management ၏ ဥက္ကဌလည်း ဖြစ်သည်။

မစ္စတာ ပစ်ကန်းသည် ယခုစက်တင်ဘာလ ၁၁ ရက်တွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ်ရှိပြီ ဖြစ်သည်။

မစ္စတာ ပစ်ကန်း ကွယ်လွန်သွားသည့်တိုင် ၎င်း၏ အရောင်းဈေးကွက်တင်ထားသော တက္ကဆပ်ပြည်နယ် ယာတောခြံကြီးမှာ ရောင်းမထွက်သေးချေ။

ယာတောခြံကြီးကို မီဆာ ဗစ္စတာဟု အမည်ပေးထားသည်။

မစ္စတာပစ်ကန်းက မီဆာ ဗစ္စတာ ယာတောခြံကြီးကို ၂၀၁၇ ခုနှစ်တွင် စတင်အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ သန်း ၂၅၀ ဈေးခေါ်ခဲ့သည်။ မီဆာ ဗစ္စတာ ယာတောခြံ၏ အကျယ်အဝန်းမှာ မူလက ယခုလောက်မကျယ်ဝန်းသေးချေ။

မစ္စတာ ပစ်ကန်းက ယာတောခြံ၏ ပထမဆုံးအစိတ်အပိုင်းကို လွန်ခဲ့သော ၄၆ နှစ်က စတင်ဝယ်ယူခဲ့သည်။

စတင်ဝယ်ယူခဲ့စဉ်က ဧက ၂၉၀၀ သာဖြစ်ပြီး ယနေ့အချိန်တွင်မူ ယာတောခြံကြီး၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၀၀ ပတ်လည်ကျော် (သို့မဟုတ်) ဧကပေါင်း ၆၅၀၀၀ ကျော် အထိ ကျယ်ဝန်းနေပြီ ဖြစ်သည်။

“ဒီ ယာတောခြံကို ရောင်းချရေးဟာ အသက် ၈၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဘိုးအိုတစ်ဦးအတွက် လုပ်သင့်တဲ့အလုပ်တစ်ခု ဖြစ်ပါတယ်”ဟု မစ္စတာပစ်ကန်း မကွယ်လွန်မီက ပြောကြားဖူးသည်။

မစ္စတာ ပစ်ကန်း၏ ဘဝတစ်လျှောက် ကန်ဒေါ်လာ ၁ ဘီလီယံကျော် ပေးလှူခဲ့ပြီးဖြစ်ကာ ယခု မီဆာ ဗစ္စတာ ယာတောခြံကြီးကို ရောင်းထွက်ပါကလည်း ရရှိလာမည့် အမြတ်အစွန်းများကို ၎င်းတည်ထောင်ထားသည့် တီ-ဘွန်း ပစ်ကန်း ဖောင်ဒေးရှင်းသို့ ပေးအပ်ကာ လှူဒါန်းမှုများ ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သည်။

မီဆာ ဗစ္စတာ ယာတောခြံကြီးအတွင်း အကြီးမားဆုံး အဆောက်အအုံမှာ "The Lodge" ဟု အမည်ပေးထားသည့် စံအိမ်ဖြစ်ပြီး အကျယ်အဝန်းမှာ စတုရန်းပေ ၃၃၀၀၀ ရှိသည်။

အဆိုပါစံအိမ်ကြီးအတွင်း ထိုင်ခုံ ၃၀ ဆန့် ရုပ်ရှင်ရုံတစ်ခုလည်း ထည့်သွင်းပေးထားသည်။

ယာတောခြံအတွင်း ဝိုင်သိုလှောင်ခန်း၊ နှစ်ထပ်အဆောက်အအုံ အရက်ဘားတို့အပြင် "Lake House" အမည်ရှိ စံအိမ်တစ်လုံးလည်း ပါဝင်သေးသည်။

"Lake House" စံအိမ်ကို ၂၀၀၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး နေအိမ်အကျယ်အဝန်း ၁၂၀၀၀ စတုရန်းပေရှိကာ လသာဆောင်များ၏ စုစုပေါင်း အကျယ်အဝန်းသည်ပင်လျှင် စတုရန်းပေ ၄၀၀၀ နီးပါးရှိသည်။

မီဆာ ဗစ္စတာ ယာတောခြံကြီးတွင် ကိုယ်ပိုင်လေယာဉ်ကွင်းတစ်ခုလည်း ပါဝင်ပြီး ပေ ၆၀၀၀ ရှည်လျားသည့် လေယာဉ်ပြေးလမ်းနှင့် စတုရန်းပေ ၂၅၀၀၀ ခန့် ကျယ်ဝန်းသည့် လေယာဉ်သိုလှောင်ရုံတစ်ခုတို့လည်း ပါဝင်သေးသည်။

မစ္စတာ ပစ်ကန်း၏ ဘဝတစ်လျှောက် ၅ ကြိမ် အိမ်ထောင်ပြုခဲ့ပြီး ပဉ္စမမြောက်ဇနီးနှင့် ယခုခြံဝန်းကြီးအတွင်းရှိ ဘုရားကျောင်းတွင် ၂၀၁၄ ခုနှစ်အတွင်း လက်ထပ်ခဲ့ကြသည်။

ခြံဝန်းအတွင်း လူလုပ် ရေကန်ပေါင်း ၂၀ နီးပါးပါဝင်ပြီး မစ္စတာ ပစ်ကန်း၏ ပြောကြားချက်အရ ကမ္ဘာ့အကောင်းဆုံး ငုံးဖမ်းရာ နေရာတစ်ခုဖြစ်သည်ဟု ဆိုသည်။ ဂေါက်ရိုက်ရန်အတွက်လည်း ဂေါက်ကွင်းတစ်ခု ဖောက်လုပ်ပေးထားသေးသည်။

“ကျွန်တော့်ရဲ့ အမြင်အာရုံ၊ အကြားအာရုံတွေ မကောင်းတော့တာကြောင့် ကျွန်တော်မြတ်နိုးတဲ့အရာတွေ၊ အထူးသဖြင့် ဂေါက်ရိုက်တာနဲ့ အမဲလိုက်တာတွေကို စွန့်လွှတ်ဖို့ အချိန်မဖိတ်ခေါ်ဘဲ ဆိုက်ရောက်လာခဲ့ပါပြီ။ ဒါတွေကို လက်ခံပြီး ကျွန်တော့်ဘဝကို ပြောင်းလဲလိုက်ဖို့ အချိန်ကျပါပြီ”ဟု မစ္စတာပစ်ကန်းက ပြောကြားသွားသည်။

စိတ်မကောင်းဖွယ်ရာမှာ သူ၏ခြံကြီး ရောင်းမထွက်မီတွင်ပင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ဧကပေါင်း ၆၅၀၀၀ ကျယ်ဝန်းသည့် ယာတောခြံကြီးအတွင်း အလျား ၁၂ မိုင်ခန့်ရှည့်လျားသည့် စမ်းချောင်းတစ်ခုလည်း ပါဝင်သည်။

မီဆာ ဗစ္စတာ ယာတောခြံကြီးသည် ကမ္ဘာပေါ်တွင် အရောင်းဈေးကွက်ဝင်လာသည့် ဈေးအကြီးဆုံး အိမ်ခြံမြေများတွင် တစ်ခုအပါအဝင်လည်း ဖြစ်လေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service