ထိန္ပင္အမႈိက္ပုံတြင္ မီးမေလာင္ႏိုင္ေစရန္ ဂ်ပန္ဖူကူအိုကာနည္းပညာအသုံးျပဳ၍ ပထမဆုံးစတင္လုပ္ေဆာင္ - Property News in Myanmar from iMyanmarHouse.com
2669 Views

ထိန္ပင္အမႈိက္ပုံတြင္ မီးမေလာင္ႏိုင္ေစရန္ ဂ်ပန္ဖူကူအိုကာနည္းပညာအသုံးျပဳ၍ ပထမဆုံးစတင္လုပ္ေဆာင္

### Zawgyi Version ###

ထိန္ပင္အမႈိက္ပုံတြင္ မီးမေလာင္ႏိုင္ေစရန္ ဂ်ပန္ဖူကူအိုကာနည္းပညာအသုံးျပဳ၍ ပထမဆုံးစတင္လုပ္ ေဆာင္ေနၿပီျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ့ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ပတ္ဝန္းက်င္ထိမ္းသိမ္းေရးႏွင့္သန္႔ရွင္း ေရးဌာနမွသိရသည္။

အဆိုပါအစီအစဥ္ကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီႏွင့္ကုလသမဂၢၿမိဳ႕ရြာႏွင့္ အိုးအိမ္ျပန္ လည္ထူေထာင္ေရးအဖြဲ႔ (UN Habitat)တို႔ပူးေပါင္းၿပီး အမႈိက္ပုံမီးမေလာင္ႏိုင္ေစရန္ ထိန္ပင္အမႈိက္ပုံကို ဂ်ပန္ဖူကူအိုကာနည္းပညာအသုံးျပဳ၍ပထမဆုံးစတင္လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါနည္းပညာကို ဂ်ပန္ႏိုင္ငံတြင္ လြန္ခဲ့သည့္ႏွစ္ေပါင္း ၅၀ ခန္႔ကပင္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ယခုအခါ ျမန္မာအပါအဝင္ ႏိုင္ငံေပါင္း ၁၄ ႏိုင္ငံတြင္ အသုံးျပဳေနၾကၿပီျဖစ္ေၾကာင္းသိရသည္။

ဖူကိုအိုကာနည္းစနစ္သည္ ေရဆုိး မရွိဘဲ ေလဝင္ေလထြက္ေကာင္းၿပီး အမႈိက္မ်ားကိုၿပိဳကြဲေအာင္လုပ္ၿပီး ဘက္တီးရီးယားမ်ား မေမြးႏိုင္ေစရန္ စီမံသည့္ စနစ္ျဖစ္ေၾကာင္းသိရသည္။၎စနစ္ကိုအသုံးျပဳရာတြင္ ႏိုင္ငံအလိုက္ဒီဇိုင္းေျပာင္းလဲ ေဆာင္ရြက္မႈရွိေၾကာင္းသိရသည္။

ထိန္ပင္ေနာက္ဆုံးစြန္႔ပစ္အမႈိက္ပုံတြင္ အသုံျပဳသည့္နည္းစနစ္မွာ Open During System ျဖစ္သည့္ အတြက္ အမႈိက္မွထြက္သည့္ အရည္ႏွင့္အနံ႔အသက္မ်ားေၾကာင့္ ပတ္ဝန္းက်င္ညစ္ညမ္းၿပီးဆိုးက်ိဳးမ်ားသက္ေရာက္လ်က္ရွိေၾကာင္းသိရသည္။

ဖူကူအိုကာနည္းပညာ အသုံးျပဳ စီမံကိန္းတြင္ Compnent(1) အေနျဖင့္ မိုးတြင္းကာလ၌ ေန႔စဥ္ အမႈိက္တန္ခ်ိန္ ၁၅၀၀ ကို ၈ လၾကာသည္အထိ စြန္႔ပစ္ႏိုင္ရန္အတြက္ အမႈိက္ခ်ကြင္းျပင္ဆင္ျခင္း၊ကားအဝင္ အထြက္လမ္းမ်ားျပင္ဆင္ျခင္း၊အမႈိက္မ်ားကို ၁၀ ေပ အျမင့္တစ္လႊာစီ သုံးလႊာအထိထပ္၍ စြန္႔ပစ္ႏိုင္ရန္ေဆာင္ ရြက္ျခင္း ကို ၄၅ ရက္ၾကာ ေဆာင္ရြက္ခဲ့ၿပီးျဖစ္ေၾကာင္းသိရသည္။

ယခုစီမံကိန္းကို လႈိင္သာယာၿမိဳ႕နယ္ လက္ရွိထိန္ပင္အမႈိက္ပုံ ဧရိယာ၏ ၂ ဒသမ ၄ ဧကေပၚတြင္ ကနဦး စတင္လုပ္ေဆာင္ေနၿပီး ယင္းေၾကာင့္ အမႈိက္ပုံသို႔ေရာက္ရွိသည့္ အမႈိက္ပမာဏ ေလွ်ာ့ခ်ႏိုင္သည့္အျပင္ ဖန္လုံအိမ္ဓာတ္ေငြ႔ (Greenhouse Gas) ထြက္ရွိမႈေလ်ာ့က်ျခင္း၊အမႈိက္မွ အရည္ညစ္ညမ္းမႈ (Leachate)ကို ေလွ်ာ့ခ် ႏိုင္ျခင္းတို႔ႏွင့္ ေႏြရာသီတြင္ အလိုအေလ်ာက္မီးေလာင္မႈတို႔ကို ေလွ်ာ့ခ်သြားႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ထိန်ပင်အမှိုက်ပုံတွင် မီးမလောင်နိုင်စေရန် ဂျပန်ဖူကူအိုကာနည်းပညာအသုံးပြု၍ ပထမဆုံးစတင်လုပ် ဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့်သန့်ရှင်း ရေးဌာနမှသိရသည်။

အဆိုပါအစီအစဉ်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန် လည်ထူထောင်ရေးအဖွဲ့ (UN Habitat)တို့ပူးပေါင်းပြီး အမှိုက်ပုံမီးမလောင်နိုင်စေရန် ထိန်ပင်အမှိုက်ပုံကို ဂျပန်ဖူ ကူအိုကာနည်းပညာအသုံးပြု၍ပထမဆုံးစတင်လုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါနည်းပညာကို ဂျပန်နိုင်ငံတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ ခန့်ကပင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် အသုံးပြုနေကြပြီဖြစ်ကြောင်းသိရသည်။

ဖူကိုအိုကာနည်းစနစ်သည် ရေဆိုး မရှိဘဲ လေဝင်လေထွက်ကောင်းပြီး အမှိုက်များကိုပြိုကွဲအောင်လုပ်ပြီး ဘက်တီးရီးယားများ မမွေးနိုင်စေရန် စီမံသည့် စနစ်ဖြစ်ကြောင်းသိရသည်။၎င်းစနစ်ကိုအသုံးပြုရာတွင် နိုင်ငံအလိုက်ဒီဇိုင်းပြောင်းလဲ ဆောင်ရွက်မှုရှိကြောင်းသိရသည်။

ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် အသုံပြုသည့်နည်းစနစ်မှာ Open During System ဖြစ်သည့် အတွက် အမှိုက်မှထွက်သည့် အရည်နှင့်အနံ့အသက်များကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းပြီးဆိုးကျိုးများသက်ရောက်လျက်ရှိကြောင်းသိရသည်။

ဖူကူအိုကာနည်းပညာ အသုံးပြု စီမံကိန်းတွင် Compnent(1) အနေဖြင့် မိုးတွင်းကာလ၌ နေ့စဉ် အမှိုက်တန်ချိန် ၁၅၀၀ ကို ၈ လကြာသည်အထိ စွန့်ပစ်နိုင်ရန်အတွက် အမှိုက်ချကွင်းပြင်ဆင်ခြင်း၊ကားအဝင် အထွက်လမ်းများပြင်ဆင်ခြင်း၊အမှိုက်များကို ၁၀ ပေ အမြင့်တစ်လွှာစီ သုံးလွှာအထိထပ်၍ စွန့်ပစ်နိုင်ရန်ဆောင် ရွက်ခြင်း ကို ၄၅ ရက်ကြာ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ယခုစီမံကိန်းကို လှိုင်သာယာမြို့နယ် လက်ရှိထိန်ပင်အမှိုက်ပုံ ဧရိယာ၏ ၂ ဒသမ ၄ ဧကပေါ်တွင် ကနဦး စတင်လုပ်ဆောင်နေပြီး ယင်းကြောင့် အမှိုက်ပုံသို့ရောက်ရှိသည့် အမှိုက်ပမာဏ လျှော့ချနိုင်သည့်အပြင် ဖန်လုံအိမ်ဓာတ်ငွေ့ (Greenhouse Gas) ထွက်ရှိမှုလျော့ကျခြင်း၊အမှိုက်မှ အရည်ညစ်ညမ်းမှု (Leachate)ကို လျှော့ချ နိုင်ခြင်းတို့နှင့် နွေရာသီတွင် အလိုအလျောက်မီးလောင်မှုတို့ကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်းသိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service