စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံအချို့ကို အပြီးသတ် ရောင်းချရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
2884 ကြိမ် ကြည့်ရှု့ ပြီး

စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံအချို့ကို အပြီးသတ် ရောင်းချရန်စီစဉ်

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင် (iMyanmarHouse.com)

စက်မှုဝန်ကြီးဌာန လက်အောက်မှ နှစ်စဉ်အရှုံးပေါ်နေသော စက်ရုံ ၅၆ ရုံအနက်အချို့ကို ပုဂ္ဂလိကသို့အပြီးသတ် ရောင်းချရန် စီစဉ်နေသည်။

ယင်းအစီအစဉ်ကို စက်မှုဝန်ကြီးဌာနက ပုဂ္ဂလိကပိုင်ကော် မရှင်သို့ တင်ပြဆောင်ရွက်နေကြောင်း စက်မှုဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောသော်လည်း အသေးစိတ်ကို မသိရသေးပေ။

‘‘မြန်မြန်မသွားနိုင်ပါဘူး။ တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်းသွား တာဖြစ်ပါတယ်။ အရင်ကမှားခဲ့ တဲ့အမှားတွေကို ထပ်မမှားအောင် တော်တော်ကြီးသတိကြီးကြီးထား ပြီးသွားနေတဲ့အနေအထားမျိုးရှိ ပါတယ်’’ ဟု ၎င်းကဆိုသည်။ တပ်မတော်အစိုးရ လက်ထက်နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှု များရှိခဲ့သည့်ကာလတွင် စက်မှု ၀န်ကြီးဌာနလက်အောက်ရှိလုပ်ငန်းများအတွက် တရုတ်ထံမှအတိုးနှုန်းကြီးကြီးနှင့် ဈေးကြီးကြီး ပေးကာ စက်ပစ္စည်းများရတာယူခဲ့ရသည့် အခြေအနေမျိုးကို ထပ်မကျူးလွန်မိအောင် ဆိုလိုခြင်းဖြစ်သည်ဟု အမြဲတမ်းအတွင်းဝန်က ထပ်လောင်းရှင်းပြသည်။

ထိုစဉ်ကစက်မှုဝန်ကြီးဌာန လက်အောက်ရှိစက်ရုံ ၁၁၃ ရုံ အနက် ၅၇ ရုံကိုပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း စက်မှုဝန်ကြီးဌာနက ရရှိသည့် အကျိုးအမြတ်သည်လွန်စွာနည်း ပါးခဲ့သည့်အပြင် ပြန်လည်စိစစ်ရန်ပြည်ထောင်စုလွှတ်တော် ၌ပင် တိုက်တွန်းမှုများရှိခဲ့သည်။

ကျပ်ဘီလျံနှင့် ချီအရှုံးပေါ်နေသော အကြီးစားစက်​ရုံအများစုကို ရပ်ဆိုင်းထားရန် ၂၀၁၇ - ၁၈ အမျိုးသားစီမံကိန်းအပေါ် ဥပဒေကြမ်း ပူးပေါင်းကော်မတီ က ထပ်မံလေ့လာတွေ့ရှိ တင်ပြမှု ကြောင့်စက်ရုံ၊ အလုပ်ရုံ ၂၄ ရုံကို ယာယီရပ်ဆိုင်းရန် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့ဖူးသည်။

နိုင်ငံတော်က ဆက်လက် လုပ်ကိုင်သင့်သည့် စက်ရုံအချို့ မှလွဲပြီး ကျန်အားလုံးကို ပုဂ္ဂလိက ထံအပြီးအပြတ်လွှဲပြောင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ၀န်ကြီးဌာနက ထုတ်ပြန်သည်။

စက်မှုဝန်ကြီးဌာနအနေဖြင့် အနာဂတ်အစီအစဉ်အရ စက်မှုဇုန် လုပ်ငန်းများတိုးတက်ရေးသာဆောင်ရွက်မည်ဖြစ်ကြောင်းဆိုထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မြန်မာနိုင်ငံသားများအတွက် ထိုင်းနိုင်ငံတွင် ရေရှည်နေထိုင်ခွင့် Long Term Visa ရရှိရန် iMyanmarHouse.com မှ ပထမဆုံး ဝန်ဆောင်မှုပေးနေပြီ...
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com မှ Ms. Grace Aung အား အထွေထွေမန်နေဂျာရာထူးဖြင့် ခန့်အပ်ကြောင်း သတင်းရရှိ...
မြို့သစ်စီမံကိန်းအတွက် လျှပ်စစ်ဖြန့် ဖြူးဖို့  ထိုင်းကုမ္ပဏီကိုရွေးချယ်ထား
One Direction အဖွဲ့မှ အဆိုတော်ဟောင်း ဇိန် မလိခ်က ချစ်သူ အမေရိကန်မော်ဒယ်လ် ဂျီဂျီ ဟာဒစ်နှင့် လမ်းခွဲပြီးနောက် နယူးယောက် penthouse ခန်းကို ကန်ဒေါ်လာ ၁၀ သန်းကျော်ဖြင့် အရောင်းဈေးကွက်တင်...
မန်ချက်စတာ ယူနိုက်တက်အသင်း၏ ဂန္ထဝင်ကြယ်ပွင့်၊ အင်္ဂလန်နိုင်ငံ ကမ္ဘာ့ဖလားရခဲ့သည့် လက်ရွေးစင်အသင်းတွင် ပါဝင်ခဲ့သူ ဘော်ဘီ ချာလ်တန်နှင့်ဇနီး အပန်းဖြေခဲ့ကာ အိုးထရက်ဖို့ဒ်နှင့် ၂ နာရီခရီးသာဝေးကွာသည့် စံအိမ်ကြီး ပေါင် ၆ သိန်းနီးပါး...
သြဂုတ် တတိယပတ်အတွင်းစက်မှုလုပ်ငန်း ၁၁ ခုကို ခွင့်ပြုပေးထား
အင်္ဂလန်ထိပ်သီး Liverpool ကလပ်အသင်းအခြေစိုက်ရာ လီဗာပူးမြို့တွင် ဇနီးမောင်နှံ ၂ ဦးက နေအိမ်ဟောင်းတစ်လုံးကို ၁ ပေါင် (မြန်မာငွေ ၁၈၄၇ ကျပ်) ဖြင့် ဝယ်ယူကာ ပြုပြင်မွမ်းမံခဲ့သော နေအိမ် ယခုအခါ ပေါင် ၁၂၅၀၀၀ (မြန်မာငွေ သိန်း...
ထိုင်းနှင့်အိန္ဒိယနိုင်ငံ အခြေစိုက်ကုမ္ပဏီနှစ်ခုကို ရန်ကုန်မြို့သစ်၏ အခြေခံအဆောက်အအုံစီမံကိန်းများ ဆောင်ရွက်ရန်ရွေးချယ်...
တန်ဖိုးနည်းအိမ်ရာများကို ကျူးကျော်များနှင့် ဝန်ထမ်းများအတွက်ဆောက်ပေးမည်ဆိုပါက အစိုးရကမြေအခမဲ့ပေးမည်...
ရန်ကုန်ဆောက်လုပ်ရေးပါမစ် အွန်လိုင်းမှ လျှောက်ထားလျှင် ၄၅ ရက်အတွင်းရရှိမည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)