ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းမှ ဆန်ခါတင်အရည်အသွေး ပြည့်မီသည့် တင်ဒါအောင်ကုမ္ပဏီများ - Property News in Myanmar from iMyanmarHouse.com
7891 Views

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းမှ ဆန်ခါတင်အရည်အသွေး ပြည့်မီသည့် တင်ဒါအောင်ကုမ္ပဏီများ

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်း၍ Public Private Partnership (PPP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း (YEX) Project Phase 1 အတွက် စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများထံမှ ဆန်ခါတင်အရည်အသွေး ပြည့်မီမှုလျှောက်လွှာ (၁၂)စောင် လက်ခံရရှိခဲ့ပါသည်။

ထိုသို့ တင်သွင်းလာသော ကုမ္ပဏီ(၁၂)ခု အနက်မှ ဆန်ခါတင် အရည်အသွေးပြည့်မီသည့် ကုမ္ပဏီ(၁၀)ခု အမည်စာရင်းအား ထုတ်ပြန်ကြေညာအပ်ပါသည်။

ဆန်ခါတင်အရည်အသွေး ပြည့်မီသူများသည် စီမံကိန်းနှင့်သက်ဆိုင်သော အချက်အလက်များနှင့် မှတ်တမ်းများကို ရယူနိုင်မှာဖြစ်ပြီး တင်ဒါအနိုင်ရရှိရန် ဆက်လက်ပါဝင်နိုင်မည် ဖြစ်ပါသည်။ တင်ဒါအနိုင်ရရှိရန် နောက်တစ်ဆင့်မှာ ကြိုတင်အရည်အသွေး ပြည့်မီသူများအား အဆိုပြုလျှောက်လွှာ (Request for Proposal) တင်သွင်းရန်ဖိတ်ခေါ်ပြီး သဘောတူညီမှုစာချုပ် (Concession Agreement) အား ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

ဤစီမံကိန်းသည် အစိုးရ၏ ဦးစားပေး ဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့၏ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှုအား လျော့ကျစေရန်နှင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများအတွက် ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန် ဖြစ်ပါသည်။

အဆိုပါ ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းမှ ဆန်ခါတင်အရည်အသွေး ပြည့်မီသည့် တင်ဒါအောင်ကုမ္ပဏီမျုားမှာ အထက်ပါအတိုင်းဖြစ်ပါသည်။

 "  မိုးပျံအမြန်လမ်း စီမံကိန်းကို မြန်မြန်ဆန်ဆန် အကောင်းအထည်ဖော်နိုင်ရင် ရန်ကုန်မြို့မှာ ကားလမ်းကြပ်တဲ့ ပြဿနာကို တစ်ဖက်တစ်လမ်းကနေဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ အများပြည်သူတွေအတွက်ရော ၊ စီးပွားရေးလုပ်ငန်းတွေအတွက်ပါ အကျိုးကျေးဇူးများစွာရရှိမယ့် စီမံကိန်းဖြစ်ပါတယ်။ အခုအချိန်မှာ မင်္ဂလာဒုံမြို့နယ်မှာနေတဲ့ လူတစ်ယောက်က ရန်ကုန်မြို့တွင်းမှာ အလုပ်လာလုပ်မယ်ဆိုရင် အချိန်(၁)နာရီခွဲကနေ (၂)နာရီ လောက်အထိကြာတာကိုတွေ့ရတယ်။  မိုးပျံလမ်းပြီးသွားတဲ့အချိန်မှာ ရန်ကုန်မြို့တွင်းကို လွယ်လွယ်ကူကူနဲ့ အချိန်တိုအတွင်းသွားလာနိုင်မယ်ဆိုရင် ပြည်သူတွေအတွက်အများကြီး အကျိုးကျေးဇူးရရှိစေမှာဖြစ်ပါတယ်။  ပြည်သူတွေရဲ့နေ့စဉ်ဘဝကို လွယ်ကူအဆင်ပြေစေမဲ့ ဒီလိုစီမံကိန်းမျိုးကို ဝမ်းသာအားရကြိုဆိုပါတယ်။  စီမံကိန်းအောင်မြင်အောင် အကောင်အထည်ဖော်ပေးမယ့် အစိုးရပိုင်းကတာဝန်ရှိသူများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်  " ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့ပါသည်။

 

Credit: Ministry of Construction and iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service