ဒေါ်လာဈေးတက်လာလို့  ဆောက်လုပ်ရေးလုပ်ငန်းတွေ ကုန်ကျစရိတ်မြင့်လာ - Property News in Myanmar from iMyanmarHouse.com
1335 Views

ဒေါ်လာဈေးတက်လာလို့  ဆောက်လုပ်ရေးလုပ်ငန်းတွေ ကုန်ကျစရိတ်မြင့်လာ

ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသော ပစ္စည်းများသည်ပြည်ပက တင်သွင်း နေရခြင်းကြောင့် လက်ရှိဒေါ်လာဈေးနှုန်းများ မြင့်တက်နေချိန်တွင် ဆောက်လုပ်ရေးအနေဖြင့် ကုန်ကျစရိတ် များ သိသိသာသာ မြင့်မားလာသည်။

ထို့အပြင် အိမ်ခြံမြေဈေးကွက်အေးစက်နေသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ဆုံးရှုံးမှု တစ်ဘက်တွင် ပိုမိုကြီးမားလာကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးမျိုးမြင့်က ပြောသည်။

လုပ်ငန်းများ အနည်းငယ်အေးနေချိန်တွင် ယခုလို ဒေါ်လာဈေးမြင့်တက်လာခြင်းက တိုင်းပြည်စီးပွားရေးအပေါ် ဆုံးရှုံးနစ်နာမှုရှိနေပြီး လုပ်ငန်းရှင်များ အခက်ကြုံနေရတယ်လို့ ဦးမျိုးမြင့်ကဆိုပါတယ်။

ဆောက်လုပ်ရေးလုပန်ငန်းသုံးပစ္စည်း၈၀ရာခိုင်နှုန်းသည်ပြည်ပမှ တင်သွင်းနေရသောကြောင့် အဓိက အခက်အခဲ ဖြစ်ပေါ်နေခြင်းဖြစ်ကာ ဈေးကွက်တည်ငြိမ်မှသာ ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်လည်ပတ်ရန်စီစဉ်ထားတယ်လို့  ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကဆိုပါတယ်။ ဒေါ်လာဈေးနှင့်ရွှေဈေးမြင့်တက်လာခြင်းအပေါ် အစိုးရ ကထိန်းညှိပေးနေသည်ဆိုခြင်းကြောင့် အခြေအနေကိုစောင့်ကြည့်နေတာလို့  လုပ်ငန်းရှင်တွေကဆိုပါတယ်။

လက်ရှိမှာ ကွန်ဒိုတိုက်ခန်းများထက်ရပ်ကွက်အတွင် ကန်ထရိုက်တိုက်ခန်းဈေးကွက်ဘက်တွင် အရစ်ကျစနစ်ဖြင့် အနည်းငယ်အရောင်းအဝယ်ဖြစ်နေတယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေကဆိုပါတယ်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
platinum-garden
kt

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service