မန္တလေးမြို့သစ်ပိုင်းမှာ သိန်း (၅၀၀)ဝန်းကျင် အိမ်ခြံမြေအချို့ အရောင်းအဝယ် ပြန်လိုက်စပြု - Property News in Myanmar from iMyanmarHouse.com
1585 Views

မန္တလေးမြို့သစ်ပိုင်းမှာ သိန်း (၅၀၀)ဝန်းကျင် အိမ်ခြံမြေအချို့ အရောင်းအဝယ် ပြန်လိုက်စပြု

အရောင်းအဝယ် စံချိန်တင်ကျဆင်းနေတဲ့ မန္တလေးအိမ်ခြံမြေ ဈေးကွက်က မြို့သစ်အပိုင်းတွေမှာ သည်လပိုင်း ကျပ်သိန်း (၅၀၀)ဝန်းကျင် အိမ်ခြံမြေအချို့ အရောင်းအဝယ် ပြန်လိုက်စပြုနေတယ်လို့ မြို့ခံအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်အချို့က ပြောပါတယ်။

 

အထူးသဖြင့် မန္တလေးမြို့သစ် ရပ်ကွက်တွေက တန်ဖိုး အသင့်အတင့် (ကျပ် သိန်း ၂၀၀ ခန့် မှ ၅၀၀ ကြား)ရှိ အိမ်ခြံမြေတွေ အရောင်းအဝယ်ပြန်ဖြစ်လာတာလို့ ဆိုပါတယ်။ သည်ရပ်ပိုင်းကတော့ အဝယ်ရော၊ အငှားရော အရင်ရက်ထက်စာရင် နည်းနည်းလေး ပိုအလုပ်ဖြစ်လာတယ်။ ပုံမှန်အားဖြင့်လည်း အိမ်ခြံမြေအရောင်းအဝယ်က သည်ဝါတွင်း (ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)မှာ လိုက်ဝယ်ကြတဲ့ အနေအထားအတွေ့အကြုံရှိတယ်။ သည်နှစ်ကတော့ ကျပ်ငွေတန်ဖိုးလျော့ကျလို့များပါဝင်ပက်သက်မလားတော့ မသိဘူး။ ငွေမထားရဲတော့လေလို့ ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးဝဏ္ဏစိုးက သူ့အမြင် ပြောပါတယ်။

 

လက်ရှိမှာ အရောင်းအဝယ်ဖြစ်တယ်ဆိုပေမဲ့ ဈေးကွက်ကြီးလှုပ်ခတ်လောက်အောင် ဝယ်တဲ့အနေအထားမျိုးမဟုတ်ဘဲ အရင်တုန်းက လုံးဝ အရောင်းအဝယ်ပြန်ဖြစ်စပြုတဲ့ အနေအထားတစ်ခုသာဖြစ်တယ်လို့ အကျိုးဆောင်အချို့က ဆိုပါတယ်။ အရင်တုန်းကတော့ လုံးဝထိုင်နေရတယ်။ အခုတော့ လိုက်ပြနေရတယ်ပေါ့၊ (၁၀၀၀) အောက်က အရောင်းအဝယ်ပိုဖြစ်တယ်၊ ၂၀၀ တန်၊ ၃၀၀ တန်၊ ၅၀၀ တန်တွေ အဲဒါလေးတွေ ပိုအဖြစ်များတယ်လို့ နာမည်ကြီး အကျိုးဆောင်ကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောပါတယ်။

မန္တလေးအိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အခြေအနေဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကအထိ အရောင်းအဝယ်ရပ်လုပ်နီးပါး အနေအထားမျိုး ရှိခဲ့ပါတယ်။ ' အရင်တုန်းက အိမ်ခြံမြေဈေးဆိုတာက စည်းမဲ့ကမ်းမဲ့ပရမ်းပတာဖြစ်နေတာ၊ အခုဈေးကွက်ပုံစံက တည်တည်ငြိမ်ငြိမ်လေး ပုံမှန်အရောင်းအဝယ်နဲ့ အလုပ်ဖြစ်နေတာလေး၊ အခုအလုပ်ဖြစ်တာက ' လို့ မြို့သစ်ဒေသခံ အကျိုးဆောင်က ပြောပါတယ်။ သြဂုတ်လလယ်ခန့်မှာ အရောင်းအဝယ် ပြန်ဖြစ်စပြုလာတယ်။ ယခုလ (သြဂုတ်လနောက်ပိုင်း)ထဲမှာတော့ အရောင်းအဝယ် အနည်းငယ်သွက်လာတယ်လို့ အကျိုးဆောင်အချို့က ပြောပါတယ်။

 ' အရောင်းအဝယ်က အရင်ကထက်စာရင် အလုပ်လေး နည်းနည်းပြန်ဖြစ်လာတယ်၊ အရင်တုန်းကရောင်းလိုအားကများပြီးတော့ ဈေးကတင်းခံနေတော့ အလုပ်မဖြစ်ဘူး၊ အခုကျတော့ သူ့ဈေးသူ့ဟာလေးတွေနဲ့ ဈေးတန်အမှန်လေးတွေဆို ဈေးကွက်ထဲ ရောင်းလို့ဝယ်လို့ဖြစ်နေတယ် ' လို့ အကျိုးဆောင်လုပ်ငန်းရှင် ဦးဝဏ္ဏစိုးက ပြောပါတယ်။

အိမ်ခြံမြေဈေးကို အဆမတန်ဈေးမြင့်ခေါ်နေလို့ လပေါင်းအတန်ကြာ အရောင်းအဝယ်မဖြစ်ခဲ့တဲ့ အခြေအနေကနေ ရောင်းလက်အချို့က အိမ်ခြံမြေဈေးလျှော့ချလာတာ၊ ခေါ်ဈေးကို အဆမတန် ဆွဲမတင်ဘဲ ကာလတန်ဖိုးအတိုင်း သတ်မှတ်ရောင်းချလာတာစတာတွေကြောင့် မန္တလေးအိမ်ခြံမြေဈေးကွက်မှာ အခုလို အရောင်းအဝယ်ပြန်ဖြစ်လာတာဖြစ်တယ်လို့ ဝါရင့် အိမ်ခြံမြေအကျိုးဆောင်အချို့က ယူဆ ပြောပါတယ်။

 

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service