မွန်ပြည်နယ် ကဗျာဝကမ်းခြေ အပန်းဖြေစခန်း တည်ဆောက်ရေးစီမံကိန်း လာမည့်နှစ်တွင် စတင်မည် - Property News in Myanmar from iMyanmarHouse.com
7482 Views

မွန်ပြည်နယ် ကဗျာဝကမ်းခြေ အပန်းဖြေစခန်း တည်ဆောက်ရေးစီမံကိန်း လာမည့်နှစ်တွင် စတင်မည်

မွန်ပြည်နယ်၊ ရေးမြို့မှ ၁၇ မိုင်ခန့် ကွာဝေးသော ကဗျာဝကမ်းခြေတွင် အ ပန်းဖြေစခန်းတည်ဆောက်ရေးစီမံကိန်း ကို လာမည့်နှစ်တွင် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း မော်လမြိုင်မြို့ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဦးဟောက်ကျင်မုန်က နိုဝင် ဘာလ ၃ ရက်တွင်ပြောသည်။

ခရီးသွားဝင်ရောက်မှုများလာ

''ကမ်းခြေကတော့ သဘာဝအတိုင်း ပဲရှိမယ်။ ခရီးသွားဧည့်သည်တွေ သွား လာရေးလွယ်အောင်နဲ့ တည်းခိုရေးအဆင် ပြေအောင် ဟိုတယ်စီမံကိန်းတွေ၊ ဈေးဆိုင် တွေ၊ ကားပါကင်တွေနဲ့ လမ်းအဆင့်မြှင့် တင်မှုပိုင်းတွေကို ပြည်တွင်းကုမ္ပဏီတစ်ခု က ဆောင်ရွက်မှာပါ။ မွန်ပြည်နယ်က အခုလမ်းပန်းဆက်သွယ်ရေး ကောင်းလာတော့ ခရီးသွားဝင်ရောက်သူများလာတာတွေ့ရတယ်။ ကမ်းခြေတွေနဲ့ပတ်သက်လို့ကဗျာဝ ကမ်းခြေကလွဲပြီး ကျန်တာတွေအတွက်တင် ပြထားတာမရှိသေးဘူး''ဟု ၎င်းကပြောသည်။

အဆိုပါ ကဗျာဝကမ်းခြေသို့ လာ ရောက်သူ နည်းပါးနေသေးသော်လည်း နေ့စဉ်လာရောက် အပန်းဖြေသူရှိကြောင်း နှင့် ကမ်းခြေအပန်းဖြေစခန်း အမြန်ဆုံး အကောင်အထည်ပေါ်လာပါက ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း သစ်များ ပိုမိုရရှိလာနိုင်သောကြောင့် စီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော်ရန် ဒေသခံများက မျှော်လင့်လျက်ရှိကြောင်း သိရသည်။


ရှေးဟောင်းကျုံးတော်ကြီး

''ကမ်းခြေအပန်းဖြေစခန်းအပြင် အနီးနားမှာ လည်ပတ်စရာနေရာတွေပါ ဆောင်ရွက်ပေးရင် လာရောက်သူတွေအ တွက် ပိုအဆင်ပြေမှာပါ။ လောလောဆယ် ကမ်းခြေမှာတော့ ခေတ္တနားနေဖို့အတွက်ပဲ အဆင်ပြေဦးမှာပါ။ တစ်ရက်၊ နှစ်ရက်တည်းချင်ရင်တော့ ကမ်းခြေကဆိုင်တွေ မှာပြောပြီးတော့ တည်းလိုရတယ်။ကမ်း ခြေတစ်ဝိုက်မှာ ပင်လယ်စာတွေမှာလို့ရတဲ့ ဆိုင်တွေအတော်များများရှိပါတယ်။ကမ်း ခြေလည်ပတ်ပြီးရင်တော့ ရေးမြို့က ဘုရား စေတီတွေနဲ့၊ မြို့ရဲ့အထင်ကရ ရှေးဟောင်း ကျုံးတော်ကြီးဖြစ်တဲ့ ရေကန်ကြီးကိုလည်း သွားရောက်လည်ပတ်လို့ရပါတယ်''ဟု ကဗျာဝကမ်းခြေသို့ သွားရောက်လည်ပတ် ခဲ့သူတစ်ဦးက ပြောသည်။

ကမ်းခြေအရှည် ၈ မိုင်ခန့် ရှည်လျား သော ကဗျာဝကမ်းခြေတွင် ပြည်တွင်း ကုမ္ပဏီတစ်ခုမှ အပန်းဖြေကမ်းခြေစခန်း တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၂ သန်း ရင်းနှီးမြှုပ်နှံရန် ယခင်က စီစဉ်ထားကာ နိုင်ငံတကာကုမ္ပဏီများနှင့် ပူး ပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

''ကမ်းခြေကိုသွားတဲ့ လမ်းတစ် လျှောက်မှာလည်း ဘေးဘက်ဝဲယာ စိမ်းစိမ်းစိုစိုရှုခင်းသစ်လေးတွေနဲ့ ရော်ဘာခြံ တွေကိုလည်းတွေ့မြင်ရမှာပါ။ ကမ်းခြေ သွားတဲ့ လမ်းတစ်လျှောက်ဟာလည်း အခုဆိုရင် မီနီဘတ်စ်အရွယ်အစားအထိ တောင် သွားရအဆင်ပြေနေပြီဖြစ်ပါတယ်''ဟု ဒေသခံတစ်ဦးက ပြောသည်။

Credit: Pyi Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်

Upcoming Property Events

From 18 Oct To 19 Oct

INNO CITY

From 18 Oct To 19 Oct

Mingalar Market

From 18 Oct To 19 Oct

INNO CITY

MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service