ကမ္ဘာပေါ်တွင် လုံခြုံ မှုမရှိဆုံး မြို့တော်များစာရင်းတွင် ရန်ကုန်မှာ ဒုတိယနေရာတွင် ရပ်တည် - Property News in Myanmar from iMyanmarHouse.com
3017 Views

ကမ္ဘာပေါ်တွင် လုံခြုံ မှုမရှိဆုံး မြို့တော်များစာရင်းတွင် ရန်ကုန်မှာ ဒုတိယနေရာတွင် ရပ်တည်

၂၀၁၇ ခုနှစ် လုံခြုံသောမြို့ တော်များညွှန်းကိန်းတွင် ရန်ကုန်သည် အောက်ဆုံးအဆင့်တွင် ရောက်ရှိလျှက်ရှိပြီး လုံခြုံ မှုမရှိဆုံး မြို့တော်များစာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်လျှက်ရှိသည်။အဆိုပါ ညွှန်းကိန်းကို eiu က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြီးမားဆုံးမြို့ တော်ရန်ကုန်သည် ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံတို့တွင် ရင်းနှီးမြှပ်နှံမှု နည်းပါးခြင်း ၊ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း ၊ယာဉ်လမ်းကြောင်းပိတ်ဆို့မှု ၊ အကြမ်းဖက်ဝါဒ နှင့်ရာသီဥတု ပြောင်းလဲမှု၊
အစရှိသည်တို့၏ ခြိမ်းခြောက်မှု ခံရလျှက်ရှိသည်။

ယင်းအစီရင်ခံစာအရ တကမ္ဘာလုံးအတိုင်းအတာ တွင် မြန်မာနိုင်ငံအောက် အန္တရာယ်အရှိဆုံးနေရာဟူ၍ ပါကစ္စတန်နိုင်ငံ ကရာချိ မြို့ တော်သာရှိတော့သည်။

ကမ္ဘာမြို့ ပေါင်း ၆၀ ကို ညွှန်းကိန်းပေါင်း ၄၉ ခုဖြင့် အကဲဖြတ်ထားခြင်းဖြစ်ပြီး
ဒစ်ဂျစ်တယ် လုံခြုံရေး ၊ ကျန်းမာမှုလုံခြုံရေး ၊ အခြေခံအဆောက်အအုံလုံခြုံရေး နှင့် တစ်ကိုယ်ရည်လုံခြုံရေးများပါဝင်သည်။

(ဒစ်ဂျစ်တယ်လုံခြုံရေး)

ဒစ်ဂျစ်တယ်လုံခြုံရေးကဏ္ဍတွင် အောက်ဆုံးအဆင့်၌ ရန်ကုန်ရောက်ရှိနေရခြင်း၏ အကြောင်းအရင်းမှာ ဝင်ငွေနိမ့်ပါးသော မြို့ ဖြစ်ခြင်းကြောင့်လည်း ပါဝင်သည်။ဒစ်ဂျစ်တယ်လုံခြုံရေးတွင်ရန်ကုန်သည် အမှတ်၁၀၀ ပေးထားသည့် အနက် ၃၉.၀၇ သာရရှိထားသည်။
ရန်ကုန်ကဲ့သို့ ဝင်ငွေနိမ့်ပါးသော မြို့ တော်များသည် ရောဂါကူးစက်မှုနှင့် ဆင်းရဲမွဲတေမှု အစရှိသည့် စိန်ခေါ်မှုများရင်ဆိုင်ရလျှက်ရှိရာ ဆိုက်ဘာလုံခြုံရေးကို ကိုင်တွယ်နိုင်ခြင်းမရှိကြချေ။
ရန်ကုန်၏ ဆိုက်ဘာလုံခြုံရေးနည်းပါးမှုမှာ ယခုနှစ်အတွင်း ထင်ရှားလာခဲ့သည်။နိုင်ငံပိုင်သတင်းစာနှင့် အစိုးရဝက်ဘ်ဆိုက်များစွာ တိုက်ခိုက်ခံခဲ့ရမှုက သက်သေပင်။

(ကျန်းမာမှုလုံခြုံရေး )

ကျန်းမာမှုလုံခြုံရေးတွင် ရန်ကုန်သည် ၄၅.၇၉ သာရရှိထားပြီး ဒါကာနှင့်ကရာချိတို့ထက်သာ အဆင့်မြင့်မားသည်။
အဆိုပါ မြို့ များအားလုံးသည် ဆင်းရဲသော မြို့ များသာ ဖြစ်ကြသည်။
သို့ရာတွင် ကျန်းမာမှုလုံခြုံရေးကို အဆုံးအဖြတ်ပေးသည်မှာ ဝင်ငွေတစ်ခုတည်းက မဟုတ်ချေ။
ထိပ်တန်းတွင်ရပ်တည်နေသည့် မြို့  ၁၀ မြို့ အနက် တိုကျိုနှင့် ဇူးရစ်သာ ဝင်ငွေမြင့်မားကြသည်။
ရန်ကုန်၏ ကျန်းမာရေးနိမ့်ပါးရခြင်း အကြောင်းအရင်းမှာ အဓိကအားဖြင့် မြန်မာအစိုးရက ၎င်းတို့၏ ရင်းမြစ်များကို မည်သို့ခွဲဝေ အသုံးပြုနေသည့် အချက်များပေါ် မူတည်သည်။
ကျန်းမာမှု လုံခြုံရေးကို အဆုံးဖြတ်ပေးမည့် ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနများမှာ ၂ ခုပေါင်း ၁၃ ရာခိုင်နှုန်း သာ ဘက်ဂျက်ရရှိထားသည်ဟု ဖော်ပြထားသည်။

(အခြေခံအဆောက်အအုံ လုံခြုံရေး)

ရန်ကုန်သည် အခြေခံအဆောက်အအုံ လုံခြုံရေးကဏ္ဍတွင် ၄၈ ဒသမ ၅၈ မှတ်သာရရှိထားပြီး ဒါကာနှင့် ကရာချိတို့ထက်သာ သာလွန်ထားပြီး ကမ္ဘာ့အောက်ဆုံးအဆင့်များတွင် ရပ်တည်လျက်ရှိသည်။
ယင်းမှာ အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်း၊ အုပ်ချုပ်ပုံညံ့ဖျင်းမှု၊ အခြေခံအဆောက်အအုံနှင့် စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများ အားနည်းမှုတို့ကြောင့်ဖြစ်သည်ဟု ဆိုသည်။
ရာသီဥတုပြောင်းလဲမှုတွင် ထိခိုက်လွယ်မှုရှိသည့်အချက်ကလည်း ရန်ကုန်၏ အခြေခံအဆောက်အအုံ လုံခြုံရေးကဏ္ဍ ကျဆင်းစေသည့် အချက်တစ်ရပ်ဖြစ်သည်။
ယခုညွှန်းကိန်းတွင် ပါဝင်သည့် ကမ္ဘာ့မြို့ကြီးပေါင်း ၆၀ အနက် နှစ်စဉ်သဘာဝဘေးကြောင့် သေဆုံးရမှုမြင့်မားသည့် မြို့ကြီးများစာရင်းတွင် ရန်ကုန်မှာ နံပါတ် ၁၅ နေရာတွင် ရပ်တည်လျက်ရှိသည်။

(တစ်ကိုယ်ရေလုံခြုံရေး)

ရန်ကုန်သည် တစ်ကိုယ်ရေ လုံခြုံရေးကဏ္ဍတွင် ၅၂ ဒသမ ၄၃ မှတ်ရရှိထားပြီး ရန်ကုန်အောက်တွင် ဟိုချီမင်းမြို့တော်၊ ကရာကက်စ်နှင့် ကရာချိမြို့များသာ ကျန်တော့သည်။
၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်များအကြား အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရသေဆုံးမှု များပြားသည့် မြို့ကြီးများစာရင်းတွင် ရန်ကုန်ကို နံပါတ် ၁၇ နေရာတွင် ဖော်ပြထားသည်။
ထို့အပြင် ရန်ကုန်၏ ယာဉ်လမ်းကြောပိတ်ဆို့မှု ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေသည်ဟုလည်း ဖော်ပြသည်။
လစဉ် ယာဉ်မတော်တဆမှုများကြောင့် လူပေါင်းရာနှင့်ချီ၍ သေဆုံးနေရပြီး နှစ်စဉ်သေဆုံးမှုပမာဏ မြင့်တက်လျက်ရှိသည်ဟု ဆိုသည်။
ရန်ကုန်ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်အရ ၂၀၁၆ ခုနှစ်၊ ပထမနှစ်ဝက်ကာလအတွင်း မုဒိမ်းမှု ၉၆ မှု၊ လူသတ်မှု ၉၃ မှု၊ လုယက်မှု ၂၆ မှုနှင့် ခိုးမှု ၃ မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်

Upcoming Property Events

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service