မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ရွှေတူးဖော်ရန် မြေယာလက်ဦးရယူမှုများ ရှိနေဟု လွှတ်တော် ကိုယ်စားလှယ် ပြောကြား - Property News in Myanmar from iMyanmarHouse.com
6248 Views

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ရွှေတူးဖော်ရန် မြေယာလက်ဦးရယူမှုများ ရှိနေဟု လွှတ်တော် ကိုယ်စားလှယ် ပြောကြား

ဟုမ္မလင်းမြို့နယ်အတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ရွှေတူးဖော်ရန်အတွက် မြေယာလက်ဦးရယူမှုများ ရှိနေသည်ဟု ဟုမ္မလင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးသန့်က ပြောကြားသည်။

နှစ်ရှည်သီးနှံ စိုက်ပျိုးရန်ဟုဆိုကာ ကုမ္ပဏီအချို့မှ မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းဧကများစွာ လျှောက်ထားမှု ရှိနေပြီး ထိုသို့လျှောက်ထားသော နေရာ အ များစုသည် ရွှေထွက်ရှိသော ဒေသများဖြစ်နေကာ လက်တွေ့ အကောင် အ ထည်ဖော် စိုက်ပျိုးမှုလည်း လွန်စွာနည်းပါးနေခြင်းကြောင့် ထိုသို့ယူဆမြိ ခင်း ဖြစ်ကြောင်း ပြောကြားသည်။

“ဒါက ကျွန်တော့်ရဲ့ ထင်မြင်ချက်ပေါ့လေ။ မက်ကလက်ရွာ၊ နတ်နန်းရွာ၊ ပင်း ဖာ ဖာရွာ စတဲ့ဒေသတွေ ဆိုတာက ရွှေထွက်တဲ့ ဒေသတွေဖြစ်နေ တယ်။ မြေလွတ်၊ မြေလပ် နဲ့ မြေရိုင်းလျှောက်ထားတာကလည်း အဲဒီ ဒေ သဘက်မှာအများဆုံး လျှောက်ထားကြတာ တွေ့ရတယ်။ လျှောက်ထားတာကတော့ နှစ်ရှည်သီးနှံ စိုက်ပျိုးရန်ဆိုပြီး လျှောက်ထားပေမယ့် သွားကြည့်တဲ့ အခါ ဧက ၁၀၀ လျှောက်ထားရင် ဖော်ထားတာက အလွန်ဆုံးရှိလှ ဧက ၅၀ ပေါ့။ တချို့ဆို ၁၀ ဧကတောင်မရှိဘူး။ ဒီတော့ နောက်ပိုင်းကျရင် အဲဒီနေ ရာတွေမှာ ရွှေတူးဖော်ဖို့အတွက် မြေယာလက်ဦးမှု ယူထားတယ်လို့ ယူဆမိ တယ်” ဟု ဦးမျိုး ညွန့်မှ ပြောကြားသည်။

ထို့ပြင် ဖော်ထုတ်ခွင့်ရရှိထားသော ကုမ္ပဏီအချို့သည် ၎င်းတို့လုပ်ကိုင်ခွင့်ရ ရှိသော မြေအချို့ကို စိုက်ပျိုးမြေအဖြစ် ဖော်ထုတ်ခြင်းမရှိဘဲ ထိုမြေများ အ တွင်း ဒေသခံ ထင်းခွေသူများ၊ နွားလွှတ်သူများနှင့် အိမ်တိုင်ခုတ်သူများ ၀င်ေ ရာက်မိပါက အလျော်အစားအဖြစ် ငွေကြေးတောင်းယူမှုများလည်း ရှိနေေ ကြာင်း ဦးမျိုးညွန့်က ဆက်လက်ပြောကြားသည်။

“တောင်ခြေရင်းရွာ၊ မင်းကွန်းရွာ၊ နတ် နန်းရွာ၊ အော်သော်ရွာ စတဲ့ရွာေ တွဘက်ကို ခရီးထွက်တော့ ဒေသခံတွေက ပြောပြတာပေါ့။ ကျွန်တော် တို့ ဖြစ်စေချင်တာက တကယ်လို့ လျှောက်လိုက်ရင် တကယ်ကို အကောင် အထည်ဖော်။ ဒါမှ နိုင်ငံလည်း အကျိုးရှိမယ်၊ ပတ်ဝန်းကျင်က လူတွေလည်း အလုပ်ရမယ်။ အခုတော့ အကောင်အထည် မဖော်ဘဲနဲ့ ဒါငါတို့ကျထား တဲ့မြေဆိုပြီး လုပ်တာမျိုးကို မကြိုက်တာ။ အဲဒီမြေတွေအတွင်း ဒေသခံတွေက အိမ်တိုင်ဝင်ခုတ်၊ နွားဝင်ကျောင်းမိရင် အိမ်တိုင်တွေ သိမ်းပစ်တာတို့၊ နွားကို သိမ်းထားပြီး ငွေနဲ့ပြန်ရွေးခိုင်းတာတို့ လုပ်နေတော့ ဒေသခံတွေအတွက် အ ခက်အခဲ ဖြစ်လာတယ်” ဟု ဦးမျိုးညွန့်က ပြောကြားသည်။

ယခင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီအဖွဲ့မှ ပုဂ္ဂလိက၊ ကုမ္ပဏီ၊ တပ်ရင်းတပ်ဖွဲ့ စသည့်အဖွဲ့အစည်း ပေါင်း ၁၀၄ ဖွဲ့အား ဟုမ္မလင်းမြို့နယ်ရှိ မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းဧက နှစ်သိန်း ရှစ်ေ သာင်းကျော် လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ယင်း အနက်မှ အဖွဲ့အစည်း ၃၈ ခုသည် ၎င်းတို့ လျှောက်ထားသော မြေများမှ ဧရိယာ ခြောက် ထောင်ကျော်သာေ ဖ်ာထုတ်စိုက်ပျိုးထားသည်။ ကုမ္ပဏီအချို့ လျှောက်ထားသော ဧကသုံးေ သာင်းကျော်အား သက်တမ်းတိုးခွင့်ပြုထားကာ ဧကနှစ်သိန်းသုံးသောင်းကျော် မှာ ဖော်ထုတ်ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပြဋ္ဌာန်း ပြီးနောက် တိုင်းဒေသကြီး လုပ်ငန်းအဖွဲ့သည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ၁၃၁ ဧကကို ပုဂ္ဂလိက ၁၀ ဦးအား လုပ်ကိုင်ခွင့်ပေးခဲ့ပြီး မြေလွတ်၊ မြေ လပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီအဖွဲ့သည် ပုဂ္ဂလိကခုနစ်ဦး ကို မြေဧက ရှစ်ထောင်ကျော် လုပ်ကိုင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးလုပ်ငန်းအဖွဲ့မှ ခွင့်ပြုပေးထားသော ဧရိယာ ၁၃၁ ဧကတွင် ပုဂ္ဂလိက ရှစ်ဦးက ၈၁ ဧက ဖော်ထုတ်ထားပြီး ဧက ၅၀ ဖော်ထုတ်စိုက်ပျိုးရန် ကျန်ရှိနေသည်။ မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော် မတီအဖွဲ့မှ ခွင့်ပြုပေးထားသော ဧရိယာ ရှစ်ထောင်ကျော်တွင် ပုဂ္ဂလိက တစ် ဦးက ၁၀ ဧက ဖော်ထုတ်စိုက်ပျိုးထားပြီး ကျန်ဧရိယာများသည် ဖော်ထုတ် စိုက်ပျိုးရခြင်း မရှိသေးဘဲ ထိုဧရိယာများသည် သတ်မှတ်ကာလ ကျော် လွန်ခြင်း မရှိသေးကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service