ကျပ်သိန်းနှစ်သောင်းကျော်တန် မြေကွက်နှစ်ကွက်ကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မန္တလေး စည်ပင်သို့လှူဒါန်း - Property News in Myanmar from iMyanmarHouse.com
989 Views

ကျပ်သိန်းနှစ်သောင်းကျော်တန် မြေကွက်နှစ်ကွက်ကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မန္တလေး စည်ပင်သို့လှူဒါန်း

မန္တလေးတွင် လမ်း ဖောက်လုပ်စဉ် လမ်းကိုပိတ်နေ သည့် မြေကွက်နှစ် ကွက်နှင့်ပတ် သက်၍ ပိုင်ရှင်ဖြစ်သူကို မြို့တော် စည်ပင်သာယာရေးကော် မတီက သွားရောက်ညှိနှိုင်းစဉ် ပိုင်ရှင်က အပေးအယူတစ်စုံတစ် ရာပြုလုပ်ြ ခင်း မရှိဘဲ ကာလတန်ဖိုးမြေကွက် နှစ်ကွက်ပေါင်း ကျပ်သိန်းနှစ် သောင်းေ ကျာ်တန်သော အဆိုပါ မြေကွက်ကို လှူဒါန်းသည်။

မြေကွက်များကို သပိတ် ကျင်းမြို့နယ် ရေထွက်ကျေးရွာရှိ ရွှေတူးဖော်ရေး လုပ်ကွက်များ လုပ်ကိုင်ခွင့်ရ မြန်မာစည်သူရွှေ တူးဖော်ရေးကုမ္ပဏီပိုင်ရှင် ဦးဝန် ရှန်ရှုံးက လှူဒါန်းခဲ့သည်။

မဟာအောင်မြေမြို့နယ် ၄၁ လမ်းနှင့် လမ်း ၆၀ ထောင့် တွင် လမ်းဖောက် လုပ်ရန် ပေ ၄၀ × ပေ ၁၈၀ နှင့် ပေ ၄၀× ပေ ၈၀ မြေကွက်တို့သည် ပိတ်ေ နသဖြင့် စည်ပင်သာယာက သွားရောက် ညှိနှိုင်းစဉ် အထက်ပါပုဂ္ဂိုလ်ကလှူ ဒါန်းခဲ့ခြင်းဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇော အောင်က ပြောသည်။ ယင်းမြေ ကွက်နှစ်ကွက်စလုံးသည် ဂရန် အ မည်ပေါက်မြေကွက်များဖြစ်၍ ခိုင်မာမှုရှိသဖြင့် အလွယ်တကူ ဖျက်သိမ်း၍ မရကြောင်း အထက် ပါတာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါလမ်းဖောက်လုပ်ပြီး စီးပါက မန္တလေးမြို့ပတ်လမ်းမှ မဟာအောင်ြေ မမြို့နယ် ၆၈ လမ်းအထိ တိုက်ရိုက်ပေါက်ပြီး အဓိကမိန်းလမ်းမကြီးတစ်ခုဖြစ် လာမည်ဟု မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီမှ သိရ သည်။

‘‘လှူတဲ့သူက ဘာအခွင့်အ ရေးမှ၊ ဘာမှ တောင်းဆိုခြင်းမရှိပါ ဘူး။ လူမှုရေး အရ မေတ္တာရပ်ခံ တဲ့အခါမှာ လူထုအတွက်ကောင်း စားဖို့ သူကလှူဒါန်းတြာ ဖစ်ပါ တယ်’’ ဟု ဦးကျော်ဇောအောင်က ပြောသည်။

၄၁ လမ်းဖောက်လုပ်ရန် မဟာအောင်မြေမြို့နယ် မဟာ မြိုင်ရပ်ကွက်ပိုင်း (၂)မှ ဦးဝန်ရှန်ရှုံးအမည်ပေါက် ပေ ၄၀ × ပေ ၁၈၀ နှင့်ဇနီးဖြစ်သူ ဒေါ်ရင် ရင်ဖန် အမည်ပေါက် ပေ ၄၀ × ပေ ၈၀ တို့ကို ဩဂုတ် ၁၁ ရက်နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဥက္က ဋ္ဌ ဒေါက်တာရဲလွင် ရှေ့၌ လှူဒါန်းပေးခဲ့ခြင်းဖြစ် သည်။

လှူဒါန်းခဲ့သည့် ပိုင်ရှင်သည် သပိတ်ကျင်းမြို့နယ်ရှိ မြန်မာစည် သူရွှေတူးေ ဖ်ာရေးကုမ္ပဏီ၊ W-7 Gems ကုမ္ပဏီနှင့် စိုက်ပျိုးရေးခြံ များလုပ်ကိုင်သည့် ကိုးကန့်လူမျိုး မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး မန္တလေးမြို့တွင် ၃၅ နှစ်ကြာ နေ ထိုင်ခဲ့သူဖြစ်သည်။

‘‘ဘာကြောင့်လှူဖြစ်တာလဲ ဆိုတော့ ဒီလမ်းပေါက်ရင် တ ကယ်အဆင်ပြေ သွားမယ်။ ကျွန် တော်က ၃၅ နှစ်အတွင်း နေထိုင် တာမှာ မိသားစုနဲ့အတူေ ချာချော မွေ့မွေ့နေထိုင်ရတယ်။ ဘာအ နှောင့်အယှက်မရှိဘူး။ စိတ်ချမ်း သာတယ်။ ပျော်ရွှင်တယ်။ နိုင်ငံ တော်ကို ကျေးဇူးတင်သင့်တယ်။ မန္တလေးမြို့ ကို ကျေးဇူးတင်သင့် ပါတယ်။ စီးပွားရေးကတော့ ကျောက်တူး တယ်။ ရွှေတူး တယ်။ ခြံစိုက်ပါတယ်’’ ဟု မြေကွက်အ လှူရှင်ဦးဝန်ရှန်ရှုံးက ပြောသည်။

Credit : 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ

Upcoming Property Events

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

From 18 Oct To 19 Oct

INNO CITY

From 18 Oct To 19 Oct

Mingalar Market

Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service