အိမ်ရောင်းသူများနဲ့ အိမ်အပေါင်ခံသူများ - Property Knowledge in Myanmar from iMyanmarHouse.com
2230 Views

အိမ်ရောင်းသူများနဲ့ အိမ်အပေါင်ခံသူများ

Knowledge | Posted by Zarni Kyaw

ရာသီစက်ရဟတ်ကြီးက၊ ‘‘နွေ’’ မှမိုး၊ ‘‘ မိုး’’မှ ဆောင်း၊ ရာသီတွေ အလီလီ
ပြောင်းလဲလာခဲ့ပြီ… ပြောင်းလဲလာသည့် ရာသီတွေ နှစ်တွေကို ပြန်ပြောင်း ကြည့်လိုက်တော့၊ တစ်နှစ် နဲ့ တစ်နှစ် ပြောင်းလဲပုံတွေကလည်း၊ တစ်နှစ်နဲ့ တစ်နှစ် မတူညီတာတွေကိုတွေ့မြင်နေရပါတယ်။

(၁)၂၀၁၀၊ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်မတူသလို၊ ၂၀၁၃ နဲ့ ၂၀၁၄ မှာ အိမ်ခြံမြေ အရောင်းအဝယ် တွေလည်း ကွာခြားတာ ကိုလေ့လာကြည့်ရင်တွေ့ မြင်နိုင် ပါတယ်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ၊ အိမ်ခြံမြေ အရောင်းအဝယ် လှိုင်းဂ ယက်တွေကြားမှာအပျော်ကြီးပျော်ခဲ့ကြတဲ့ ၊ ပွဲစား ၊ ကုန်သည်၊ ဝယ်ရောင်း ၊ လုပ်ငန်းရှင်တွေ အားလုံး ၂၀၁၄ ရဲ့ နှစ်ကုန်ခါနီးအထိ အေးစက်တည်ငြိမ်ေ နတဲ့ အိမ်ခြံမြေအရောင်းအဝယ် လောကကို အားမလိုအားမရ ဖြစ်နေကြပါ တယ် ။

ငွေအရင်းအနှီးရှိသူတွေ ဝယ်ယူထားပြီး စုဆောင်းထားနိုင်ပေမယ့်၊ ငွေ အ ရင်းအနှီး လိုအပ်နေသူ၊ စီးပွားရေးလုပ်ငန်းတိုးချဲ့လုပ်ကိုင်လိုသူ၊ အိမ်ပိုင်ရှိ သူတွေကတော့ မြေနှင့်အိမ် ရှိပေမယ့် ‘‘ ငွေမရှိ ’’တာကြောင့် ၊ ငွေရဖို့ အိမ်ေ ရာင်းကြတယ် ။ မြေရောင်းကြတယ်။ ဒါပေမယ့် အရင်ကလို မြေဝယ်လိုသူ ၊ အိမ်ဝယ်လိုသူတွေက ကြိုက်ဈေး မပေးတော့ဘူး ။ ‘‘အောက်ဈေး’’ ပဲပေးကြ တယ်။

ဒီတော့ ရောင်းသူက "အောက်ဈေး" နဲ့ မရောင်းနိုင်ဘူးဆိုတော့ ပွဲပျက်တာေ ပါ့…. ပွဲပျက်လည်း ဘာအရေးလည်း "ငကန်းသေရင် ငဆွေလာမှာဘဲ" လို့၊ မိမိရဲ့  မာနကို မချချင်ကြဘူး။ အပေါ်စီးက ပြောလွန်းအားကြီးတော့.. ဝယ် မယ့် သူတွေက၊ အဲဒီအိမ်ရောင်းဖို့ ပွဲစားအပ်ထားတယ် ဆိုပေမယ့် သူတို့ရဲ့  ဆက်ဆံရေးကြောင့်၊ ရှောင်လွှဲသွားတာမျိုးတွေလည်း ကြုံရဘူးတယ်။

အဲဒီလိုလာဝယ်တဲ့ သူအပေါ်မှာဆက်ဆံရေး မပြေပြစ်တာမျိုး ရှိရင်လည်း ဝယ်သူတွေက လန့်သွားတက်ကြတယ်။တခါ အိမ်ခြံမြေ အရောင်းအဝယ် လုပ်ကြတဲ့ သူမှန်သမျှ ပွဲစားမပါလျှင် အရောင်းအဝယ် ပွဲဖြစ်တာ နည်းသွား တက်ကြသည်။ ဒါကြောင့် အရောင်းအဝယ် မှန်လျှင် ပွဲစား ၂% ပေးရတာ ထုံးစံလိုဖြစ်နေပါပြီ။ ပွဲစား က ဝယ်သူခေါ်လာမယ်။

အရောင်းအဝယ် ပွဲဖြစ်ရင် ပွဲစားခ ၂% ပေးရမယ်ပြောတဲ့အခါ မပေးနိုင် ဘူး။ ရောင်းသူထံက "တင်ရိုက်လို့ ရရင်ယူ" ဆိုပြီး ပြောဆိုလွှတ်တတ်ကြ တယ်။ ရောင်းဈေးက မြင့်နေတော့ ပွဲတင်ရိုက်ဖို့ ဆိုတာကလည်း မဖြစ်နိုင်ရင် ပွဲစားကလည်း ၊ ဒီအိမ်နဲ့ ပတ်သက်လို့ ဝယ်သူနဲ့ ဆက်သွယ်မပေးချင်တာ မျိုးတွေလည်း တွေ့ရတက်တယ်။

ဒီထက်ဆိုးတာက ရောင်းမယ့် အိမ်က လူသေဘူးတယ်။ သရဲခြောက်ဘူး တယ်။ အိမ်မသန့်ဘူး..စသည်ဖြင့် သတင်းဆိုး ထွက်သွားရင် အဲဒီအိမ်မျိုးက ဝယ်မယ့်သူတွေ နောက်ဆုတ်ပြန်သွားကြတယ်။ အိမ်ရောင်းမည် ဆိုပြီး ဝယ် သူမလာတော့ ငွေရအောင် ဘယ်လိုရှာမလဲဆိုတော့ ၊ နောက်ဆုံးအရပ်ထဲက အပေါင်ဆိုင်ကို ရောက်တော့တာဘဲ။

အပေါင်ခံသူတွေကလည်း အိမ်တန်ဖိုးရဲ့  (၄)ပုံ(၁)ပုံ လောက်ဘဲ ငွေချေးပြီး.. အတိုးအရင်းနဲ့ အိမ်အပိုင်သိမ်းဖို့ ကြံစည်တက်ကြတယ်။အိမ်အပေါင်ခံတဲ့ သူ များကလည်း၊ သတိကြီးစွာထားပြီး၊ အပေါင်ခံသင့်တယ်။

အိမ်နဲ့မြေအပေါင်ခံတယ်ဆိုရင် ဂရန်အတုအစစ်၊ ပါမစ်အတုအစစ်၊ မှတ်ပုံ တင်အရောင်းအဝယ် စာချုပ်အတုအစစ်၊ မြေပုံမြေရာဇဝင် အတုအစစ်တွေ ကို ခွဲခြားသိဖို့တော့ လိုပါတယ် ။ အင်မတန် တိုးတက်နေတဲ့ ခေတ်ကြီးမှာ ကွန်ပြူတာကိုသုံးပြီး အတုကိုအစစ်လုပ်ဖို့ ဆိုတာအလွယ်လေးလို့ ပြောကြ တယ်။

စာရေးသူ မြို့  တော်ခန်းမအဝင်မှာ ခဏခဏ ကြုံဖူးတာကတော့ မှတ်ပုံတင် ကို Scan ဖတ်ပြီးအတု ပြုလုပ်ထားတာကို အဝင်ဝ ကလုံခြုံ ရေးတွေက ကတ်ပြားကိုလက်နဲ့ ပွတ်ကြည့်တာနဲ့တင် သိနေကြတယ်လေ။ ဒါလည်း သူ တို့ရဲ့  အတွေ့အကြုံပဲလေ။ လေးစားပါတယ်။မှတ်ပုံတင်ကဒ်ပြားထက် ဂရန်တို့ စာချုပ်စာတမ်းတို့ ၊မြေပုံမြေရာဇဝင် တို့ဆိုတာကိုလည်း အတုအပပြုလုပ်ြ ပီး ပေါင်နှံလာ ကြတာကိုလည်းတွေ့ဘူးတယ်။ တစ်ခါကတောင်ဥက္ကလာပ မြို့ နယ်ကအမျိုးသားနဲ့ အမျိုးသမီးနှစ်ဦး မှာစာရေးသူတို့လိုဘဲ အရောင်းအဝယ် စာချုပ်ချုပ်ဆိုလို့ မြေပုံ/မြေရာဇဝင် လာလျှောက် ကြတယ်။

သူတို့ အလှည့်ရောက်လို့ ဂရန်နဲ့ စာချုပ်အဆက်အစပ် တွေပြခိုင်းတဲ့အခါ အ မျိုးသားလုပ်သူ ကဂရန်မူရင်း ကိုထုတ်ပြပါတယ်။ ဌာနစုမှူးကဂရန်ကို မြင်က တည်းကမသင်္ကာလို့ ထင်ပါရဲ့ ။ အပြန်ပြန် အလှန်လှန် စစ်ကြည့်ပါတယ်။

ဂရန်နဲ့ပူးတွဲပါတဲ့ သက်သေခံမြေပုံ တွေစစ်ဆေးကြည့်ပါတယ် ။မြေတိုင်းဌာန ခွဲမှူး….စတဲ့လက်မှတ်တွေ အားလုံးတူညီနေတာတွေ့ရပါတယ်။ ဒါနဲ့ အတုအ စစ်သေချာအောင် တာဝန်ခံ (၂) ယောက်(၃) ယောက် အမျိုးမျိုးစစ်တော့မှ ကွန်ပြူတာစနစ်နဲ့ Scan ဖတ်ထားတာကိုတွေ့ ရတော့တယ်။ ဒီဂရန်ကြီးဟာ အတုကြီးဖြစ်နေတယ် ပြောတော့မှ ပိုင်ရှင်ဟာမှတ်မိမျက်နှာပျက်နေပါတယ်။

ပိုင်ရှင်ဟာ ရိုးသားသူဖြစ်တာကြောင့် ဂရန်သာမကဘဲသူ့လက်ဝယ်တွင် ပါ လာသည့် မှတ်ပုံတင် အရောင်းအဝယ် စာချုပ်နဲ့ ဘဏ်ငွေချေးရန် မြေပုံကူး စာရွက် တွေပါပြတယ်။ အားလုံးအတုတွေ ဖြစ်နေတယ်။ဒီတော့မှ အလွန်စိတ် ပျက်သွားတဲ့ အမူအယာနဲ့ ‘‘ ဘယ်လိုမှတော့ မထင်ပါနဲ့ ဆရာတို့ရယ်၊ ကျွန်ေ တ်ာလည်းမသင်္ကာလို့ သိချင်တာနဲ့ အခုလိုမြေပုံကူးလာလျှောက်ကြည့်တာပါ။ အခုတော့ သိန်း(၁၅၀၀) ဆုံးပါပြီဆိုပြီး စာရွတ်စာတမ်း များကို ပြန်လည် သိမ်းယူပြီးခေါင်းငိုက်ဆိုက် မြို့ တော်ခန်းမကနေ ပြန်လည် ထွက်သွားပါေ တာ့တယ်။

ဒါကြောင့် အိမ်အပေါင်ခံသူများ၊ မြေကွက် အပေါင်ခံစားသူများသို့ မှာကြား လိုက်ပါရစေ။ အိမ်/မြေပတ်သတ်တဲ့ စာရွတ်စာတမ်းတွေလည်း အတုေ တွ ပေါ်လာတာကြောင့် အပေါင်ခံရင်တောင် အတုအစစ် ခွဲခြားစိစစ်ပြီးသေ ချာမှ ငွေထုတ်ချေးသင့်ပါကြောင်း နှစ်သစ်အကြို သတင်းကောင်းပါးလိုက်ရ ပါတယ်။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service