လုပ်ပိုင်ခွင့်ပေးထားသော်လည်း အကောင်အထည်မဖော်သည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဧကတစ်သန်းကျော် ပြန်လည်သိမ်းယူမည် - Property News in Myanmar from iMyanmarHouse.com
1476 Views

လုပ်ပိုင်ခွင့်ပေးထားသော်လည်း အကောင်အထည်မဖော်သည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဧကတစ်သန်းကျော် ပြန်လည်သိမ်းယူမည်

တစ်နိုင်ငံလုံးတွင် လုပ်ကိုင်ခွင့်ပြုထားသည့် မြေ လွတ်၊ မြေလပ်၊ မြေရိုင်း စု စု ပေါင်း ဧက နှစ်သန်းသုံးသိန်းကျော်အနက် အကောင်အထည်မဖော် သည့် ဧကတစ်သန်းသုံးသိန်း ကျော်ကို ပြန်လည်သိမ်းဆည်းရန် စီစဉ်နေသည်ဟု စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးလှကျော်က ပြော သည်။

‘‘ခွင့်ပြုထားတဲ့ ဧရိယာတွေ အနက် တစ်သန်းသုံးသိန်းကျော် က အကောင်အ ထည်ဖော်ဆောင် ရွက်ထားမှုမရှိတာ စိစစ်တွေ့ရှိရ ပါတယ်’’ဟု ဇူလိုင် ၃ ရက် ပြည် သူ့လွှတ်တော်တွင် ဒုတိယဝန်ကြီး က ပြောကြားခဲ့သည်။

အကောင်အထည်မဖော် သည့် ဧကများကို ပြန်လည်သိမ်း ဆည်းနိုင်ရန် သက်ဆိုင်ရာတိုင်း ဒေသကြီး အစိုးရအဖွဲ့အောက်ရှိ တိုင်းဒေသကြီး၊ ပြည် နယ် မြေ လွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့် ခွဲရေး အဖွဲ့ကို ညွှန်ကြားထား သည်ဟု ဦးလှကျော်က ပြောကြား သည်။

၂၀၁၂ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ၊ နည်း ဥပဒေများ မပြ ဋ္ဌာန်းမီကာလအ တွင်း မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်း စီမံခန့်ခွဲရေးဗဟို အ ဖွဲ့မှ ပုဂ္ဂ လိက၊ ကုမ္ပဏီ ၄,၉၂၂ ဦး ဧရိ ယာ ဧက ၂၂ သိန်းကျော် လုပ်ပိုင် ခွင့်ပြုခဲ့သည်။ ယင်းဥပဒေပြဋ္ဌာန်း ပြီးနောက်ပိုင်း ပုဂ္ဂလိက၊ ကုမ္ပဏီ အဖွဲ့အ စည်း ၄၅၉ ဦးအား ဧရိယာဧကကိုးသောင်းကျော် လုပ်ကိုင် ခွင့်ပြုခဲ့ရာ ယနေ့ အထိ ပုဂ္ဂလိက၊ ကုမ္ပဏီအဖွဲ့အစည်း ၅,၃၈၁ ဦးအား ဧရိယာ ဧက ၂၃ သိန်းကျော်(၂,၃၃၂,၂၇၅ ဒသမ ၁၀၅ ဧက) ခွင့်ပြုထားကြောင်း ၎င်းကြေ ပာကြားသည်။

ဇူလိုင် ၃ ရက် ပြည်သူ့လွှတ် တော်တွင် သာပေါင်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း က တစ်နိုင်ငံလုံးတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံ ခန့်ခွဲရေး ဗဟိုအဖွဲ့က ဧကပေါင်း မည်မျှပေးထားကြောင်းနှင့် အာမ ခံကြေး၊ မြေခွန်များ နှစ်စဉ်ေ ကာက်ခံရရှိခြင်း ရှိ၊ မရှိ မေးခွန်း အပေါ် အထက်ပါအတိုင်း ပြန် လည်ဖြေ ကြားသည်။

‘‘အဓိကက မြေခွန်ကြေး အာမခံကြေးနဲ့ပတ်သက်ပြီး မေး တာပါ။ ဒီမေးခွန်းရဲ့ ရည်ရွယ် ချက်ကတော့ ဒီမြေလွတ်၊ မြေရိုင်းတွေကို လက်ဝါးကြီးအုပ်ရယူ ထား ခြင်းမရှိဘဲနဲ့ မှန်မှန်ကန်ကန် ဖော် ထုတ်ပြီးတော့ နိုင်ငံတော်ဘဏ္ဍာ ငွေ အထောက်အပံ့ဖြစ်စေဖို့ ရည် ရွယ်ပါတယ်’’ဟု ဦးသိန်းထွန်းက ပြောသည်။

ထို့အပြင် အာမခံမပေး၊ နှစ် စဉ်ကြေးလည်းမပေးဘဲ မြေလွတ်၊မြေရိုင်းပေါ် တွင် မြေကြီးတူးဖော် ရောင်းချခြင်း၊ မြေကြီးပေါ်ရှိ အ ပင်များကို သစ်ထုတ် လုပ်ငန်း လုပ်ကိုင်နေခြင်း၊ မီးသွေးဖုတ်ခြင်းတို့ လုပ်ကိုင်နေသည်ကို တွေ့ရ သည်ဟု ၎င်းက ပြောသည်။

၂၀၁၂ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၉ အရ မြေ လွတ်၊ မြေလပ်၊ မြေ ရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပေးသည့်အခါ အာမ ခံကြေးပေး သွင်းပြီးမှ ခွင့်ပြုမိန့်ထုတ်ပေးရ မည်ဟု ပြဋ္ဌာန်းထားကြောင်း ဦး လှကျော်က ပြန်လည်ဖြေရှင်းသည်။

သို့သော်လည်း မေးခွန်းမေး မြန်းသူ ဦးသိန်းထွန်းက ဆက်စပ် မေးခွန်း အေ နဖြင့် ‘‘ကျွန်တော့်မြို့ နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်း ဦးစီးဌာ နကို မြေခွန် ပေးရဲ့လား ပြောပြခိုင်းတော့ မြေခွန်ကြေး လုံးဝမပေးပါဘူး။ အာမခံကြေးပေးတယ်။ မပေးတဲ့သူ လည်း မပေးဘူး။ လက်တွေ့တွေ့ နေရ တယ်။ နှစ်စဉ်ကြေးလည်း မပေးဘူး’’ဟု ၎င်းက ပြောသည်။

ထိုအကြောင်းအရာကို ဦးလှကျော်က ယခင် ၁၉၉၁ မြေလွတ်၊ မြေလပ်၊ မြေ ရိုင်းများ စီမံခန့်ခွဲ ရေး ဗဟိုအဖွဲ့ လုပ်ထုံးလုပ်နည်း နှင့် ဆောင်ရွက်စဉ်က အ ခွန် ကောက်ခံခြင်းမပါဝင်ဘဲ ၂၀၁၂ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံ ခန့်ခွဲေ ရး ဥပဒေပြဋ္ဌာန်းပြီးမှသာ ဥပဒေနှင့်အညီ အခွန်ကောက်ခံ ခြင်း၊ ကင်းလွတ်ြ ခင်းကိစ္စများကို ပြဋ္ဌာန်းထားသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် မြေလွတ်၊ မြေ လပ်၊ မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့် ပတ် သက်၍ သတ် မှတ်ကင်းလွတ်ခွင့်ကာလကုန်ဆုံး ပြီးနောက်ပိုင်း ကောက်ခံ ရရှိလာ မည့် မြေခွန်များကို နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေအဖြစ် ၂၀၁၂ မြေ လွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲ ရေး ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အ ညီ မြန်မာ့ စီးပွားရေးဘဏ်သို့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကစ၍ ကောက်ခံပေးရေး ဆောင် ရွက် မည်ဖြစ်ကြောင်း ဦးလှကျော်က ပြောသည်။

မြေလွတ်၊ မြေလပ်၊ မြေရိုင်း အသုံးပြုခွင့်ရရှိထားသော မြေများအတွက်ြေ မခွန်ကို လုပ်ငန်းအမျိုး အစားအလိုက် သတ်မှတ်ထား သော မြေခွန် ကင်း လွတ်ခွင့်ကာလ ကုန်ဆုံးသည့်နေ့ကစ၍ တစ်နှစ် လျှင် တစ်ကြိမ်ပေးသွင်းစေ ရန် သတ်မှတ်ထားသည်ဟု ဦးလှ ကျော်က ပြောသည်။

ယင်းမြေများတွင် စိုက်ပျိုး ရေးလုပ်ငန်းအတွက် နှစ်ရှည်ပင် စိုက်ပျိုးမြေဖြစ် လျှင် တစ်ဧကအ တွက် သုံးထောင်ကျပ်၊ ဥယျာဉ်ခြံ စိုက်ပျိုးမြေအတွက် တစ်ဧ ကလျှင်နှစ်ထောင်ကျပ်၊ ရာသီသီးနှံ၊ စက် မှုကုန်ကြမ်းရာသီ သီးနှံစိုက်ပျိုး မြေ တစ်ဧကလျှင် တစ်ထောင် ကျပ်သာ ပေးသွင်းရသည်။

အလားတူ မွေးမြူရေးလုပ် ငန်းများတွင် ငါး၊ ပုစွန်၊ ကဏန်း မွေးမြူရေး လုပ် ငန်း အသုံးပြုမြေ ဖြစ်ပါက တစ်ဧကလျှင် သုံး ထောင်ကျပ်၊ တိရစ္ဆာန်ေ မွးမြူရေး မြေဖြစ်ပါက တစ်ဧကလျှင် တစ် ထောင်ကျပ်၊ ဓာတ်သတ္တုထုတ် လုပ်ခြင်း လုပ်ငန်းအသုံးပြုမြေဖြစ် ပါက တစ်ဧကအတွက် ငါးထောင် ကျပ် သာ ပေးသွင်းရသည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service