အချက်အချာကျနေရာကျယ် အိမ်ခြံမြေအငှားသွက်နေ - Property News in Myanmar from iMyanmarHouse.com
1018 Views

အချက်အချာကျနေရာကျယ် အိမ်ခြံမြေအငှားသွက်နေ

မန္တလေးမြို့ အိမ်ခြံမြေအငှားဈေးကွက်မှာ အချက်အချာနေရာတွေက နေရာ ကျယ်ဝန်းတဲ့ အိမ်ခြံမြေတွေ ဈေးကွက်သွက်နေပါတယ်။
ဇွန်လဆန်းကနေ ဒီဇင်ဘာလအထိကာလဟာ မန္တလေးအိမ်ခြံမြေရောင်းဝယ်ငှား ဈေးကွက်ရဲ့ရာသီဖြစ်ပါတယ်။ အခုနှစ်ရာသီအစမှာပင် အရင်နှစ်ကထက်စာရင် မန္တလေးအိမ်ခြံမြေ အငှားသွက်နေတယ်။

ဥပမာ ပြီးခဲ့တဲ့ ရာသီအစက တစ်လငှားရမ်းခနှုန်းထား ကျပ်သိန်း (၅၀)ခန့် တန်မြေကွက်ကျယ်ငှားရမ်းဖို့ လာပြောထားသူနှစ်ဦးလောက်ပဲရှိခဲ့တယ်။ အခုအချိန်မှာ အဲသည့်နေရာမျိုးကို ငှားရမ်းခကျပ်သိန်း (၅၀) ထက်ပိုပေးပြီးငှားရမ်းလိုသူ လေးငါးဦးမက ရှိနေတယ်လို့ အကျိုးဆောင်လုပ်ငန်းရှင်အချို့ကဆိုပါတယ်။

လတ်တလောအိမ်ခြံမြေဈေးကွက်အတွင်းမှာ မြေကွက်ကျယ်ငှားရမ်းလိုသူများပြားပြီး မြေပိုင်ရှင်နည်းနေတဲ့အတွက် အငှားသွက်ဈေးတက်မယ်လို့ အကျိုးဆောင်လုပ်ငန်းရှင်အချို့ ကပြောပါတယ်။
မန္တလေးမြို့ရဲ့အဓိကလမ်းမကြီးတွေဖြစ်တဲ့လမ်း ၃၀၊ ၃၅ လမ်း၊ ၆၂၊ ၇၈ လမ်းနဲ့သိပ္ပံလမ်းပေါ်ကမြေကွက်ကျယ်တွေဟာ အရင်နှစ်တွေကထက် အငှားသွက်တယ်။ အငှားဈေးကွက်ကကောင်းသလို အငှားဈေးတွေက တက်တယ်။ နေရာကောင်းရင် ကောင်းသလိုတက်တယ်။ နေရာအကွက်အကွင်းအပေါ်မှာမူတည်ပြီး များများတက်တာနဲ့ နည်းနည်းတက်တာပဲကွာပါတယ်။

မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တွေရှိမြေကွက်အသင့်အတင့်ကျယ်ဝန်းတဲ့နေရာတွေမှာလည်းဈေးကွက်ကောင်းမွန်နေပါတယ်။
မြို့တွင်းအချက်အချာနေရာတွေမှာ အဓိကငှားရမ်းနေတာက ပြည်ပကစီးပွားရေး လုပ်ငန်းတွေ ပြည်ပကုမ္ပဏီနဲ့ချိတ်ဆက်လုပ်ကိုင်နေတဲ့ပြည်တွင်းစီးပွားရေးလုပ်ငန်းကုမ္ပဏီ တွေဖြစ်ပြီး ဆင်ခြေဖုံးရပ်ကွက်တွေမှာတော့ လူနေထိုင်ဖို့ ငှားရမ်းတာများတယ်လို့ အကျိုးဆောင် အချို့ဆီက သိရပါတယ်။

အခြေခံလူတန်းစားတွေအများဆုံးနေထိုင်ရာရပ်ကွက်တွေမှာလည်း အိမ်အငှားသွက် နေပြီး ငှားရမ်းခနှုန်းထားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကထက်စာရင် မြင့်တက်လာတယ်လို့ မြို့ခံအိမ်ခြံမြေအငှားအကျိုးဆောင်အချို့ကပြောပါတယ်။

ချမ်းအေးစံမြို့နယ်က ယာဉ်ပျံ၊ ရွှေယာဉ်မွန်၊ ကျန်းမာရေး၊ အောင်မြေသာစံမြို့နယ်က နန်းဦးလွင်၊ ဘူးကန်၊ သရက်ကုန်း၊ ပုသိမ်ကြီး မြို့နယ်။က မဲခင်းကုန်း၊ ကျွှဲရေကုန်းစတဲ့ ရပ်ကွက်တွေက အိမ်ငှားရမ်းခတွေလည်း မြင့်တက်လာပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service