ဂန္ထဝင်ရော့ခ်ကြယ်ပွင့် အဲရစ်ခ် ကလက်ပ်တန် နေထိုင်ခဲ့ဖူးသော လော့စ်အိန်ဂျလိနေအိမ် အရောင်းဈေးကွက်သို့ ပြန်လည်ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
781 Views

ဂန္ထဝင်ရော့ခ်ကြယ်ပွင့် အဲရစ်ခ် ကလက်ပ်တန် နေထိုင်ခဲ့ဖူးသော လော့စ်အိန်ဂျလိနေအိမ် အရောင်းဈေးကွက်သို့ ပြန်လည်ရောက်ရှိ

ဂန္ထဝင်ရော့ခ်ကြယ်ပွင့် အဲရစ်ခ် ကလက်ပ်တန် တစ်ခါက နေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနိးယားပြည်နယ်၊ လော့စ်အိန်ဂျလိနေအိမ် ကန်ဒေါ်လာ ၅ ဒသမ ၄၉၅ သန်းဖြင့် ဈေးခေါ်ကာ အရောင်းဈေးကွက်သို့ ပြန်လည်ရောက်ရှိလာကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါဈေးနှုန်းမှာ လွန်ခဲ့သော ၅ လခန့်က နောက်ဆုံးအကြိမ်ဈေးကွက်တင်ခဲ့စဉ်ကထက် ကန်ဒေါ်လာ ၇၅၀၀၀၀ ခန့် ပိုမိုများပြားနေသည်ဟု ဆိုသည်။

ယင်းနေအိမ်ကို ဗိသုကာပညာရှင် အေရာတာ အိုက်ဆိုဇာကီက ဒီဇိုင်းရေးဆွဲပေးထားခြင်းဖြစ်ပြီး လော့စ်အိန်ဂျလိ၏ နာမည်ကျော် ဗင်းနစ်ကမ်းခြေတွင် တည်ရှိသည်။
လက်ရှိပိုင်ရှင် စတီဖင် မဲဒိုးသည် ရောင်းထုတ်ရန်ကြိုးပမ်းနေသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

၂၀၁၁ ခုနှစ်တွင် ပထမဆုံးအကြိမ် အရောင်းဈေးကွက်တင်ခဲ့ပြီး ထိုစဉ်ကခေါ်ဈေးမှာ ကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ဖြစ်သည်။
ဤနေအိမ်ကို ရောင်းချရပါက ရရှိလာသည့်အမြတ်အစွန်းအားလုံးကို ဂျပန်နိုင်ငံ၊ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

သို့ရာတွင် နေအိမ်မှာ ရောင်းမထွက်ခဲ့။
မစ္စတာမဲဒိုးသည် ယခင်နှစ် ဇူလိုင်လအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၁၉၅ သန်းဖြင့် အရောင်းဈေးကွက်သို့ တင်ခဲ့ပြန်သည်။
ယင်းနောက် ၄ ဒသမ ၇၅ သန်းသို့ ဈေးလျှော့ပေးခဲ့သော်လည်း ရောင်းမထွက်ခဲ့။သို့ဖြင့် ဒီဇင်ဘာတွင် အရောင်းဈေးကွက်မှ ပြန်လည်ရုပ်သိမ်းခဲ့သည်။
ယင်းနေအိမ်ကို ၁၉၈၀ ပြည့်လွန်ကာလများအတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်ဗိသုကာပညာရှင်က ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။

ဗိသုကာပညာရှင်အာရာတာသည် လော့စ်အိန်ဂျလိရှိ ခေတ်ပြိုင်အနုပညာပြတိုက်ကိုလည်း ဒီဇိုင်းရေးဆွဲခဲ့သူ ဖြစ်သည်။
အဲရစ် ကလက်ပ်တန်သည် အဆိုပါနေအိမ်ကို ၁၉၉၉ ခုနှစ်တွင် ဝယ်ယူခဲ့ပြီး ၂၀၀၄ ခုနှစ်အထိ ပိုင်ဆိုင်ခဲ့သည်။ယင်းနောက်ပိုင်း မစ္စတာမဲဒိုးကို ကန်ဒေါ်လာ ၁ ဒသမ ၄၁၅ သန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်။

အဲရစ်ကလက်ပ်တန်က ၎င်းသည်အဆိုပါနေအိမ်ကို များစွာမြတ်နိုးကြောင်း သူ၏ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် Clapton: the Autobiography တွင် ရေးသားခဲ့ဖူးသည်။နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၃၀၀၀ ရှိပြီး အိပ်ခန်း ၃ ခန်းပါဝင်သည်။
ထူးခြားသည်မှာ မျက်နှာကျက် ပေ ၃၀ ခန့် မြင့်မားသည့် အခန်းတစ်ခန်း ပါဝင်ခြင်းဖြစ်သည်။

မစ္စတာမဲဒိုးသည် အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဗိသုကာပညာရှင်၊ သရုပ်ဆောင်တစ်ဦးဖြစ်သည်။
ယခုနေအိမ်ကို ဝယ်ယူခဲ့စဉ်က နေအိမ်၏ အသံစနစ်အတွင်း အသံဖမ်းယူထားသည့် အသံဖိုင်တစ်ခုတွေ့ခဲ့ရပြီး အဲရစ်ကလက်ပ်တန် ဂစ်တာတီးထားမှုကို အသံဖမ်းထားခြင်းဖြစ်သည်ဟု ယူဆရကြောင်း မစ္စတာမဲဒိုးက ပြောကြားသည်။
ဝယ်ယူသူအနေဖြင့် အဆိုပါအသံဖိုင်ကိုပါ ရရှိမည်ဖြစ်ကြောင်းလည်း မစ္စတာမဲဒိုးက ပြောကြားသည်။

အဲရစ်ကလက်ပ်တန်၏ ၄ နှစ်သားအရွယ် သားငယ် ကော်နာသည် ၁၉၉၁ ခုနှစ်၊ မတ်လ ၂၀ ရက်တွင် နယူးယောက်မိုးမျှော်တိုက်ကြီး တစ်ခု၏ ၅၃ ထပ်မှ ပြုတ်ကျကာ သေဆုံးသွားခဲ့သည်။
အဲရစ်ကလပ်ပ်တန်သည် သားငယ်အတွက် အလွန်ယူကြုံးမရဖြစ်ခဲ့ပြီး “ကောင်းကင်ဘုံမှ မျက်ရည်များ” (Tears in Heaven) အမည်ရှိ တေးသီချင်းကို ဖွဲ့ဆိုကာ Single အယ်လ်ဘမ်အဖြစ် ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် ထုတ်လုပ်ခဲ့ရာ ၃ လအကြာတွင် အမေရိကန် ပြည်ထောင်စု၌ ချပ်ရေ ၁ သန်းကျော်ရောင်းချခဲ့ရပြီး နှစ်ကုန်တွင်ကား အချပ်ရေ ၂၃၀၀၀၀၀ ကျော်ရောင်းချခဲ့ရကာ ဆင်ဂယ်လ် အယ်လ်ဘမ်များတွင်
အရောင်းရဆုံးအဖြစ် နံပါတ် ၁ ချိတ်ဆွဲခဲ့သည်။

အဆိုပါသီချင်းကို အဆိုတော်ထွဏ်းထွဏ်းက ကောင်းကင်ကလူ
အမည်ဖြင့် ပြန်လည်သီဆိုခဲ့ရာတွင်လည်း အောင်မြင်မှု
အလွန်ရရှိခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂန္ထဝင်ရော့ခ်ကြယ်ပွင့် အဲရစ်ခ် ကလက်ပ်တန် နေထိုင်ခဲ့ဖူးသော လော့စ်အိန်ဂျလိနေအိမ် အရောင်းဈေးကွက်သို့ ပြန်လည်ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဂန္ထဝင်ရော့ခ်ကြယ်ပွင့် အဲရစ်ခ် ကလက်ပ်တန် နေထိုင်ခဲ့ဖူးသော လော့စ်အိန်ဂျလိနေအိမ် အရောင်းဈေးကွက်သို့ ပြန်လည်ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဂန္ထဝင်ရော့ခ်ကြယ်ပွင့် အဲရစ်ခ် ကလက်ပ်တန် နေထိုင်ခဲ့ဖူးသော လော့စ်အိန်ဂျလိနေအိမ် အရောင်းဈေးကွက်သို့ ပြန်လည်ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဂန္ထဝင်ရော့ခ်ကြယ်ပွင့် အဲရစ်ခ် ကလက်ပ်တန် နေထိုင်ခဲ့ဖူးသော လော့စ်အိန်ဂျလိနေအိမ် အရောင်းဈေးကွက်သို့ ပြန်လည်ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဂန္ထဝင်ရော့ခ်ကြယ်ပွင့် အဲရစ်ခ် ကလက်ပ်တန် နေထိုင်ခဲ့ဖူးသော လော့စ်အိန်ဂျလိနေအိမ် အရောင်းဈေးကွက်သို့ ပြန်လည်ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service