ပိုင်ရိုက်သည့်လုပ်ငန်းလိုင်စင်ထုတ်ပေးလျှက်ရှိရာ ကုမ္ပဏီ ၅၀ကျော်ကို နောက်ဆုံးအသုတ်အထိ ထုတ်ပေးထား - Property News in Myanmar from iMyanmarHouse.com
767 Views

ပိုင်ရိုက်သည့်လုပ်ငန်းလိုင်စင်ထုတ်ပေးလျှက်ရှိရာ ကုမ္ပဏီ ၅၀ကျော်ကို နောက်ဆုံးအသုတ်အထိ ထုတ်ပေးထား

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပိုင်ရိုက်သည့်ကုမ္ပဏီများကိုလုပ်ငန်းလိုင်စင် ထုတ်ပေးလျှက်ရှိရာ စုစုပေါင်းကုမ္ပဏီ ၅၀ကိုထုတ်ပေးလိုက်ပြီဖြစ်ကြောင်းသတင်းရရှိသည်။

ဧပြီလအထိ ရန်ကုန်မြို့တော်စည်ပင်က ပိုင်ရိုက်သည့်ကုမ္ပဏီ ၄၃ခုကို စိစစ်ပြီးလိုင်စင်ထုတ်ပေးထားရာ မေလတွင် ထပ်မံပြီး ကုမ္ပဏီ ၇ခုကို ထုတ်ပေးလိုက်သောကြောင့် စုစုပေါင်းကုမ္ပဏီ ၅၀ အထိရှိသွားပြီဖြစ်သည်။

ထုတ်ပေးလိုက်သည့်ကုမ္ပဏီများတွင် ဆောက်လုပ်ရေးကုမ္ပဏီကြီးအများစုက ပိုင်ရိုက်သည့်လုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်နေသောကြောင့် အဆိုပါကုမ္ပဏီများ ပါဝင်လာခဲ့သည်။
Crown Advance ၊ ASIA express အစရှိသော နာမည်ရဆောက်လုပ်ရေးကုမ္ပဏီများ မှာ နောက်ဆုံး အသုတ်တွင်လိုင်စင်ထုတ်ပေးရာတွင်ပါဝင်ခဲ့သည်။

ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီက မြေ သားစမ်းသပ်ခြင်း
(Soil Test)လုပ်ငန်းများကို တရားဝင်အသိအမှတ်ပြုလိုင်စင်
ထုတ်ပေးလျက်ရှိရာ ကုမ္ပဏီလေးခုက လိုင်စင်ထပ်မံရရှိခဲ့ကြောင်း သတင်းရရှိသည်။

မူလက မြေသား စမ်းသပ် ခြင်းအတွက် ကုမ္ပဏီ ၁၁ ခုအား လိုင်စင်စတင်ထုတ်ပေးခဲ့ပြီး ယခုတစ်ကြိမ်နှင့်ဆိုလျှင်
ကုမ္ပဏီ ၁၅ခုအထိ လိုင်စင်ထုတ်ပေးပြီးဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ဆောက်လုပ်ရေးလုပ်ငန်းများ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေရန်
ယခုကဲ့သို့ မြေသားစမ်းသပ်သည့် လုပ်ငန်း၊ ပိုင်ရိုက်ခြင်းလုပ်ငန်းများကို စိစစ်ကန့်သတ်ပြီးခွင့်ပြုလာခြင်းဖြစ်သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

From 03 Jun To 30 Jun

AREA ONE Online Sales Event

shwe-wutthmone
myat-ingyin

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service