လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ လိုလာတဲ့ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများ - Property News in Myanmar from iMyanmarHouse.com
1001 Views

လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ လိုလာတဲ့ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများ

အိမ်ရာလိုအပ်ချက် မြင့်မားဆဲဖြစ်တဲ့ ရန်ကုန်မြို့နဲ အခြားမြို့ကြီးတွေအတွက် လာမယ့် ၂ဝ၃ဝ ပြည့်နှစ် အတွင်းမှာ မြန်မာနိုင်ငံ အနှံ့အပြား အိမ်ရာ အရေ အတွက် တစ်သန်း တည်ဆောက်ပြီးစီးရေးကို ပြီးခဲ့တဲ့ အစိုးရလက်ထက် က တည်းက ကြွေးကြော်ခဲ့ပါတယ်။

အခု အစိုးရလက်ထက်မှာလည်း အဆိုပါ အိမ်ရာ အရေအတွက်ကို ပြည့်မီေ အာင် တည်ဆောက် မယ်ဆိုပြီး ဆက်လက်အကောင် အထည်ဖော် ဆောင် ရွက်နေတာ တွေ့မြင်ရပါတယ်။ ယခင်အစိုးရ တာဝန်ယူစဉ် အချိန်တုန်းကေ တာ့ ကြွေးကြော်မှုနဲ့ ကိုက်ညီတဲ့ နှစ်အလိုက်အိမ်ရာ လိုအပ်ချက် ပမာဏကို အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပါဘူး။

အစိုးရသစ် လက်ထက်မှာ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးနှစ် တာ စီမံကိန်းရေးဆွဲခဲ့ပြီး ၂ဝ၁၆-၁၇ မှ ၂ဝ၂ဝ-၂၁ ဘဏ္ဍာနှစ်အတွင်း အိမ် ရာအခန်းပေါင်း ၁ ဒသမ ၈သိန်း တည်ဆောက်သွားမယ်လို့ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကျင်းပခဲ့တဲ့ ရတနာနှင်းဆီ အ ဆင့်မြင့်အိမ်ရာမိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၂ဝ၁၆ မှ ၂ဝ၁၈ ဘဏ္ဍာနှစ် နှစ်နှစ် အ တွင်း ကျပ်သိန်း တစ်ရာတန် တိုက်ခန်း ရှစ်ထောင်ကို ဦးစားပေးတည်ေ ဆာက် ရောင်းချသွားမယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါသေးတယ်။

ရေတိုငါးနှစ်တာ အိမ်ရာတည်ဆောက်မှု စီမံကိန်းအရ အိမ်ရာအခန်းပေါင်း ၁ ဒသမ ၈ သိန်းကို ငါးနှစ်အတွင်း ပြီးစီးအောင် တည်ဆောက်ဖို့ဆိုရင် တ စ်နှစ်ကို ပျမ်းမျှအားဖြင့် အိမ်ရာအခန်းပေါင်း သုံးသောင်းခြောက်ထောင်ခန့် တည်ဆောက်ဖို့ လိုအပ်ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ လျာထားအကောင်အထည်ဖော်မှုတွေအရ ဆိုရင် ငါးနှစ်တာ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ နှစ်အလိုက် တိုက်ခန်းအရေအ တွက်ကို ပြည့်မီအောင် တည်ဆောက်ဖို့ဟာ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ် တယ်လို့ ပညာရှင်များက ထောက်ပြပါတယ်။

ယခုနှစ် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွင်းရန်ကုန်မြို့မှာ တန်ဖိုးနည်းနဲ့ တန်ဖိုး မျှတ အိမ်ရာ အခန်းစုစုပေါင်း ၂,၂ဝ၈ ခန်းနဲ့ အဆင့်မြင့်အိမ်ရာ ၁,၃၈ဝ ခန်း ကို တည်ဆောက် ရောင်းချပေးနိုင်ခဲ့တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့တွင် တန်းဖိုးနည်းနှင့် တန်ဖိုးမျှတ အိမ်ခန်း ၂,၂ဝ၈ ခန်းကို တည်ဆောက်ရောင်းချပေးနိုင် ခဲ့ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနမှ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောပါတယ်။

''အစိုးရသစ်ရဲ့ ပထမဘဏ္ဍာနှစ်အတွင်းမှာ ရန်ကုန်တစ်မြို့တည်းမှာ ရောင်း ချခဲ့တဲ့ တန်ဖိုးနည်းနဲ့ တန်ဖိုးသင့်အိမ်ရာက ၂,၂ဝ၈ ခန်းရှိပါတယ်။ အိမ်ရာေ တွ အကုန်လုံး ရောင်းချပြီးတာ မဟုတ်သေးပါဘူး။ တချို့အိမ်ရာတွေက
ရောင်းချနေဆဲပဲ ရှိပါသေးတယ်''ဟု ၄င်းက ပြောပါတယ်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာတွေ အပြင် ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝဏ် ရ တနာအိမ်ရာ စီမံကိန်းရှိ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာမှအိမ်ခန်းပေါင်း ၁,၃၈ဝ ခန်းကိုလည်း တည်ဆောက် ရောင်းချပေးနိုင် ခဲ့ကြောင်း ဆောက် လုပ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။

ဒ့ါပြင် ရန်ကုန်မြို့မှာ ဆောက်လုပ်နေဆဲ တန်ဖိုးနည်းနဲ့ တန်ဖိုးသင့် အိမ်ရာေ တွ ရှိနေပြီး ထိုအိမ်ရာများထဲမှ အခန်းပေါင်း ၈,၇၁၂ ခန်းကို ယခု၂ဝ၁၇ ခုနှ စ် အတွင်း အပြီး တည်ဆောက်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

''လက်ရှိကာလမှာ တန်ဖိုးနည်းအိမ်ရာတွေကို ရန်ကုန်မြို့ အပါအဝင် မုံရွာ၊ မကွေးနဲ့ ပုသိမ်မြို့နယ်တွေမှာလည်း တည်ဆောက်နေပါတယ်။ ရန်ကုန်မြို့ အတွက် တန်ဖိုးနည်းအိမ်ရာ ၈,၇၁၂ ခန်းကို ဒီ ၂ဝ၁၇ ခုနှစ်အတွင်းမှာပဲ အ ပြီး တည်ဆောက်ရောင်းချပေးမှာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောပါတယ်။

ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့အပြင်မန္တလေးမြို့နဲ့ ပုသိမ်မြို့အပါအဝင် အခြားမြို့ကြီးတွေမှာလည်း တန်ဖိုးနည်းနဲ့ တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၈ဝဝကို တည်ဆောက်ရောင်းချပေးနိုင်ခဲ့ပြီး အိမ်ရာ အခန်းပေါင်း၁,၄၂ဝ ကို တည်ဆောက်ဆဲဖြစ်ကာ ယခု၂ဝ၁၇ ခုနှစ်အတွင်း အပြီး ရောင်းချပေး မယ် လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရတယ်။

ထို့ပြင် အိမ်ရာလိုအပ်လျက်ရှိသော ဖွဲ့ဖြိုးဆဲ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဝန်ထမ်းတွေအတွက် ဝန်ထမ်းအိမ်ရာတွေနဲ့ တန်ဖိုးနည်း အငှားချ အိမ်ရာေ တွကိုလည်း ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပေးနိုင်ခဲ့ကြောင်းေ ဆာက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

''၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွင်းမှာ ကယားပြည်နယ်က လွိုင်ကော်မြို့နယ် အတွင်းမှာပဲ ဝန်ထမ်း အိမ်ရာ အခန်းပေါင်း ၈၄ ခန်းနဲ့ အိမ်လခ လစဉ်ကြေး ကျပ် ၃၇,၂ဝဝ ပေးသွင်းရမယ့် အငှားချအိမ်ရာ အခန်းပေါင်း ၃၂ ခန်းကို တည်ဆောက် ပေးနိုင်ခဲ့ပါတယ်။ အဲဒီလိုပဲတကယ်အိမ်ရာတွေကို လိုအပ်နေ တဲ့ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်က မြို့ငယ်လေးတွေမှာလည်း တန်ဖိုး နည်း အိမ်ရာတွေကို တည်ဆောက်ပေးနိုင်ခဲ့ပါတယ်''ဟု ၄င်းက ပြောပါ တယ်။

အဆိုပါတန်ဖိုးနည်းအိမ်ရာများ ရောင်းချပေးရာတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး တိုးတက်ရေးဘဏ်နှင့် ပူးပေါင်းကာ ရှစ်နှစ်မှ တစ်ဆယ့်ငါးနှစ် အထိ အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဝင်ငွေနည်းပြည်သူများ ၊ နိုင်ငံ ဝန်ထမ်းများနှင့် ပင်စင်စားများကို ဦးစားပေး ရောင်းချပေးမည်ဖြ စ်ကြောင်း ၄င်းက ပြောပါတယ်။

အစိုးရသစ်လက်ထက်မှ စတင်ကာ မြို့သစ်များတွင် တန်ဖိုးနည်းအိမ်ရာများ၊ တန်ဖိုးသစ်အိမ်ရာများ ဆောက်လုပ်ရာတွင်ပြည်တွင်း ဆောက်လုပ်ရေးလုပ်
ငန်းရှင်ကြီးများကို သာမက အသေးစားဆောက်လုပ်ရေး လုပ်ငန်းရှင်များကို ပါ အစိုးရနှင့် ပူးပေါင်းပြီးအိမ်ရာများ တည်ဆောက်ရန် ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီအပေါ် ဆောက်လုပ်ေ ရး လုပ်ငန်းရှင်ပေါင်း ၂,ဝဝဝ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ ဆော က်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက ပူးပေါင်းပါဝင်ရန် အဆင်သင့် ရှိတယ်လို့ အသင်းဥက္ကဋ္ဌဖြစ်သူ ဦးသာဌေးက ယခုလအတွင်း ပြုလုပ်ခဲ့တဲ့ စင်ကာပူနိုင်ငံအခြေစိုက် Surbana Jurong နှင့် ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ လုပ်ငန်းများ ပူးပေါင်း လုပ်ကိုင်မှုသဘောတူ လက်မှတ် ရေးထိုးပွဲမှာ ပြောကြားခဲ့ပါတယ်။

''ကျွန်တော်တို့ အသင်းကို မကြာသေးခင်ကပဲ အစိုးရက တန်ဖိုးနည်း အိမ် ရာတွေ ဆောက်လုပ်ဖို့ တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်တို့ အစိုး ရနဲ့ ပူးပေါင်းပြီး တစ်နိုင်ငံလုံးမှာ တန်ဖိုးနည်းနဲ့ တန်ဖိုးမျှတ တိုက်ခန်းေ တွ ဆောက်လုပ်ပါမယ်။

ဘယ်နေရာတွေမှာ အိမ်ရာတွေ တည်ဆောက်မယ်၊ ဘယ်တော့ စဆောက် လုပ်မယ် ဆိုတာကိုတော့ မတိုင်ပင်ရသေးပါဘူး။ အမြန်ဆုံး စတင်ဆောက် လုပ်တော့မှာဖြစ်လို့ လာမယ့် ဘတ်ဂျက်နှစ်မှာ အိမ်ရာတွေကို စတင်ေ ဆာက်လုပ်နေဖို့ကိုတော့ မျှော်လင့်ထားပါတယ်''ဟု ၄င်းက ပြောပါတယ်။

၂ဝ၃ဝ ခုနှစ်တွင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃ဝ ကျော်ကို စနစ်ကျသော မြို့ပြ အဖြစ် အကွက်ချ တည်ဆောက်ပြီးဖြစ်သည့် မြို့များဖြစ်ရေးနှင့် အဆိုပါမြို့ များတွင် အစိုးရပိုင်းနှင့် ပုဂ္ဂလိကပိုင်းတို့မှ တည်ဆောက်မည့် အိမ်ခန်း တစ် သန်း တည်ဆောက်ပြီးစီးရေးသည်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက် တစ်ခုဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနက ပြီးခဲ့သော ရက်သတ္တပတ် အတွင်းထုတ်ပြန်ထားပါတယ်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကမြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းဥပဒေ မူကြမ်းနှင့် အမျိုးသားအိမ်ရာ ဖွံ့ဖြိုးရေးဥပဒေ မူကြမ်းများကို ရေးဆွဲလျက် ရှိပြီး နိုင်ငံတစ်ဝန်းတွင် အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းများကို ဆောင်ရွက်မည်ြ ဖစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါ တယ်။

''နိုင်ငံသားတွေ အားလုံးရဲ့ လူနေမှုဘဝ မြှင့်တင်စေမယ့် အိမ်ရာတွေမှာ နေ ထိုင်နိုင်ရေးကို ဆောက်လုပ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေပါတယ်။ အမျိုးသားအဆင့် မြို့ပြမူဝါဒနှင့် အိမ်ရာမူဝါဒတွေ ပြဋ္ဌာန်းပြီးနိုင်ငံအနှံ့မှာ လို အပ်နေတဲ့ အိမ်ရာစီမံကိန်းတွေ အကောင်အထည် ဖော်ခြင်းတွေ အပြင် အ မျိုးသားအဆင့် အိမ်ရာကဏ္ဍ ငွေကြေးစနစ်တစ်ခု တည်ထောင်နိုင်ဖို့
ဆက်နွယ်နေတဲ့ဝန်ကြီးဌာနတွေ၊ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးေ ပါင်းပြီး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြီးခဲ့သော ရက် သတ္တပတ်က ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တစ်နှစ်တာ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါတယ်။

ထို့ပြင် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်နေသော ဥပဒေ၊ စည်းမျဉ်း၊ စံချိန်စံညွှန်း၊ အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ ထုတ်ပြန်ြ ခင်း၊ သုတေသနများ ပြုလုပ်ခြင်းအပြင် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်သော အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းကိုလည်းေ ဆာင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍတွင် လိုအပ်နေသော ''မြန်မာနိုင်ငံ အဆောက်အအုံ ဆိုင်ရာ စည်းမျဉ်းများ''ကို UN Habitat ၏ အထောက်အ ပံ့ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဦးဆောင်ကာ ပြည်တွင်း၊ ပြည်ပမှ ပ ညာရှင်များ၊ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ ပူးပေါင်းပြီး ၂ဝ၁၆ ခုနှစ် တွင် ထုတ်ဝေခဲ့သည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုချက် ရ ယူကာ ဆောက်လုပ်ရေးနယ်ပယ်တွင် တစ်နိုင်ငံလုံး တပြေးညီ လိုက်နာ
ကျင့်သုံးရမည့် ''အဆောက်အအုံနှင့် ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးရေးဥပဒေ'' ကိုလည်း ရေးဆွဲလျက်ရှိသည်။


Credit: Myanmar Time
လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ လိုလာတဲ့ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service