ဘားအံမြို့ရှိ လှာကမြင် တိုးချဲ့ကွက်သစ်တွင် အိမ်ခြံမြေဈေး ဦးမော့ကာ အရောင်း အဝယ်ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
3001 Views

ဘားအံမြို့ရှိ လှာကမြင် တိုးချဲ့ကွက်သစ်တွင် အိမ်ခြံမြေဈေး ဦးမော့ကာ အရောင်း အဝယ်ဖြစ်နေ

ကရင်ပြည်နယ် ဘားအံမြို့ရှိ လှာကမြင် တိုးချဲ့ကွက်သစ်တွင် အိမ်ခြံမြေ
ဈေးဦးမော့ကာ အရောင်းအဝယ် ဖြစ်နေကြောင်း ဘားအံမြို့နယ်အတွင်းရှိ အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။ အဆိုပါကွက်သစ်သည် ကရင်ြ ပည်နယ် အစိုးရအဖွဲ့မှ ၂ဝ၁၂ ခုနှစ်တွင် လုပ်သက် (၃ဝ)နှစ်နှင့်အထက် ဝန် ထမ်းများ၊ သက်ကြီး အိမ်ရာမဲ့ဝန်ထမ်းများ အဆင်ပြေစွာ နေထိုင်နိုင်ရေး အ တွက် မြို့သစ်စီမံကိန်းအဖြစ် ဖော်ဆောင်ခဲ့ခြင်းကြောင့် အိမ်ခြံမြေဈေးများ ဦးမော့လာခြင်းဖြစ်ကြောင်း သိရသည်။

''လှာကမြင်မြို့သစ် အိမ်ခြံမြေက ဈေး ဦးမော့ပြီး တန်းနေတာပေါ့ဗျာ။ ၄ဝ x ၆ဝ (ဂ)တန်းမှာတောင် ကျပ်သိန်း ၅ဝ နဲ့ ၁၅ဝ ကြားမှာရှိတယ်။ လမ်းမတန်း ဘက်က ဈေး မြင့်တယ်။ လမ်းကြားတန်းဘက်ကတော့ ကျပ်သိန်း ၅ဝ ဝန်း ကျင် ၆ဝ လောက်ပေါ့။ ပုံမှန် အရောင်းအဝယ်တော့ ရှိတယ်။ ဘာလို့လဲ ဆိုေ တာ့ အစိုးရချထားပေးတဲ့ စီမံကိန်းဖြစ်တော့ မြေရာဇဝင် အရှုပ်အရှင်းနည်း တယ်။ ဝယ်သူကြိုက်တာပေါ့''ဟု ဘားအံ မြို့အိမ်ခြံမြေ အကျိုးဆောင် လုပ် ငန်းမှ တွဲ ဖက်အတွင်းရေးမှူး ဦးအောင်ဇော်မိုးက ပြောသည်။ လှာကမြင် ကွက်သစ် မြို့ပြစီမံကိန်းတွင် အစိုးရဌာနဆိုင်ရာ ရုံးများ၊ လမ်းမလမ်းသွယ် များ၊ ဈေး၊ အားကစားကွင်းနှင့် ကျောင်း၊ ရေမီး စသည့် မြို့ပြအင်္ဂါရပ် အပြည့် အစုံ တည်ဆောက်ထားရှိပြီး ဖြစ်သည့်အတွက် အမှန်တကယ် နေထိုင်လို သူများ အပြင် ရင်း နှီးမြှုပ်နှံလိုသူများကပါ ဝယ်ယူနေကြကြောင်း သိရသည်။

''တချို့လဲ နီးစပ်ရာပွဲစားတွေနဲ့ ခြံတွေ လာလာကြည့်တာ တွေ့ရတယ်။ တချို့ က တော့ နောင်ရေးအတွက် နေထိုင်ဖို့ ဝယ်တာ ရှိသလို တချို့ကတော့ ရင်းနှီးမြှုပ်နှံတဲ့ သ ဘောနဲ့ဝယ်ကြတာလဲ တွေ့ရတယ်။ ကျွန်မနဲ့ ကပ်လျက် ခြံဆို ပေ ၄ဝ x ၆ဝ ပေါ့ ကျပ်သိန်း ၁၄ဝ ဆိုပြီး ခေါ်ထားတာ ရှိတယ်။ နေ့ တိုင်းလိုပါပဲ။ လာကြကြည့်ကြ ရောင်းဝယ် နေကြတာတော့ရှိတယ်''ဟု လှာ ကမြင်ကွက်သစ်တွင် နေထိုင်သည့် မချယ်ရီက ပြောသည်။

ဘားအံမြို့ပေါ် ရပ်ကွက်တွင် အိမ်ခြံ မြေဈေးနှုန်းများမှာ ရပ်ကွက်များအ လိုက် ဈေးအမျိုးမျိုးရှိကာ ပေ ၆ဝx၈ဝ တစ်ကွက်လျှင် အနိမ့်ဆုံး ကျပ်သိန်း ၅ဝဝ နှင့် ကျပ်သိန်း ၁ဝဝဝ အထက်ရှိနေပြီး မြို့ပြင် အိမ်ခြံ မြေဈေးကွက်များ မှာ ပေ ၆ဝx၈ဝ တစ်ကွက်လျှင် ကျပ်သိန်း ၄ဝ မှ ကျပ်သိန်း ၆ဝ ဝန်းကျင် သာ ရှိသော်လည်း အရောင်းအဝယ် အေးနေကြောင်း သိရသည်။ လှာကြ မင်မြို့သစ်ရှိ အိမ်ခြံမြေဈေးကွက်သည် ၂ဝ၁၆ နိုဝင်ဘာအထိ အမြင့်ဆုံး ကျပ်သိန်း ၁၂ဝ သာ ဈေးပေါက်ခဲ့သော် လည်း ၂ဝ၁၇ မတ်လ ပေါက်ဈေး အ ရ ပေ ၄ဝx၆ဝ (ဂ)တန်းမှာ ကျပ်သိန်း ၅ဝ မှ ၁၅ဝ အထိ ဈေးပေါက်နေေ ကြာင်း သိရသည်။


Credit: The Yangon Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service