ဒေါ်လာ နှင့် ရွှေဈေး ဂယက်ကြောင့် အိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်ရှားနိုင် - Property News in Myanmar from iMyanmarHouse.com
3051 Views

ဒေါ်လာ နှင့် ရွှေဈေး ဂယက်ကြောင့် အိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်ရှားနိုင်

ရန်ကုန်၊ ဝယ်ရောင်းသမားများ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်နေသော ရွှေဈေး၊ ဒေါ်လာ ဈေးနှုန်းများ အတက်အကျ မညီခြင်းကြောင့် ငွေကြေးဖောင်းပွမှုများ ဖြစ်စေနိုင်သည့်အ တွက် တည်ငြိမ်မှုရှိနေသည့် အိမ်ခြံမြေဈေး ကွက် ပြန်လည်လှုပ်ခတ်မှု ရှိလာနိုင်ကြောင်း အိမ်ခြံမြေ အသိုင်းအဝိုင်းမှ သိရသည်။

''အိမ်ခြံမြေဈေးကွက်က ဈေးကွက်လှုပ်လာမယ်ဆိုတာက အရောင်းအဝယ်ဈေးကွက်နဲ့ အငှားဈေးကွက် လှုပ်လာနိုင်တယ်။ ဈေးနှုန်းကတော့ မလှုပ်နိုင်ပါဘူး''ဟု ရွှေကံမြေအကျိုး ဆောင်မှ ဦးခင်မောင်အေး က ပြောသည်။

အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် အေးနေခဲ့သည်မှာ ရွှေနှင့် ဒေါ်လာဈေးကွက်ဘက်သို့ လှည့်သွားခြင်းများကြောင့်ဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံ သည့် ဈေးကွက်များမှ တည်ငြိမ် မှုနည်းနေသဖြင့် ဈေးမာနေသေးသည့် အိမ် ခြံမြေကို ပြန်လှည့်ကာ ရင်းနှီးမြှုပ်နှံခြင်းများ ရှိလာနိုင်ကြောင်း သိရသည်။

''ဈေးကွက်ထဲကို အရင်ရက်ပိုင်းတွေကတည်းက ဈေးစုံစမ်းတာတွေ များလာတယ်။ အိမ်ခြံမြေဆိုတာ အရင်ကတည်းက ဝယ်ထားရင် မြတ်တဲ့ဈေး ကွက်ပဲလေ။ ဒီဈေးကွက်ထဲမှာ ရင်းနှီးမြှုပ်နှံထားကြတဲ့ သူတွေကတော့ ပုံမှန်ပါပဲ။ ဈေးကွက်လှုပ်ရာပြောင်းပြီး ဈေး ကစားချင်သူတွေ ကတော့ ပြောင်းလာနိုင် တယ်''ဟု အိမ်ခြံမြေအကျိုးဆောင် ဦးလှမြင့် ကဆိုသည်။

ယခင်နှစ်များကလည်း ယခုကဲ့သို့ ရွှေ ဈေးနှင့် ဒေါ်လာဈေးမဟုတ်ဘဲ ဒေါ်လာဈေး အပြောင်းအလဲ တစ်ခုတည်းနှင့် အိမ်ခြံမြေ ဈေးကွက်ကို လှည့်လာခြင်းများ ရှိခဲ့ကြောင်း သိရသည်။ အိမ်ခြံမြေ ခေတ်ကောင်းခဲ့သည့် ၂ဝ၁၂ ခုနှစ်က ငွေတတ်နိုင်သူများ ဈေးကွက်အတွင်း စုပြုံဝင်ရောက်လာကာ ၂ဝ၁၅ ခုနှစ် ဈေးကွက် ပြန်လည် ငြိမ်သက်ချိန်တွင် ဝယ်လက်ပျောက် လုနီးပါး ဖြစ်ခဲ့ခြင်းမျိုးကို အထိုက်အလျောက် ထိန်းချူပ်ထားနိုင်ရန် လိုအပ်သည်ဟု ၄င်း က ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) အနေဖြင့် အိမ်ခြံမြေလောကအတွင်း အိမ်ခြံမြေဈေးနှုန်း မတည်ငြိမ်ခြင်းများ၊ ရောင်းမှားဝယ်မှား မဖြစ်စေရန်နှင့် ကောင်းမွန်သော မူဝါဒများနှင့် ဖွံ့ဖြိုးတိုးတက်လာ စေရန် အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းဆိုင် ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်သို့ တင်ပြ ထားကြောင်းလည်း သိရသည်။


Credit: Yangon Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service