ရန်ကုန်မြို့ မြေအောက်ရေသုံးစွဲမှု လာမည့် ၂၄ နှစ်အတွင်း ရပ်ဆိုင်းမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1816 Views

ရန်ကုန်မြို့ မြေအောက်ရေသုံးစွဲမှု လာမည့် ၂၄ နှစ်အတွင်း ရပ်ဆိုင်းမည်ဟုဆို

ရန်ကုန်မြို့၏ သောက် သုံးရေလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနေသည့် မြေအောက်ရေသုံး စွဲမှုကို လာမည့် ၂၀၄၀ ပြည့်နှစ် တွင် ရပ်ဆိုင်းမည်ဟု ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီက မြန်မာရေနေ့ အခမ်းအနား၌ ပြောကြားခဲ့သည်။

ရန်ကုန်မြို့ Myanmar Event Park ၌ အောက်တိုဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည့် အစိမ်းရောင်စွမ်းအင် ထုတ်ယူခြင်းနှင့် ရေအရင်းအမြစ် ထိန်းသိမ်းရေး နေ့ အခမ်းအနား စာတမ်းဖတ်ပွဲ၌ ရေနှင့်သန့်ရှင်းမှု အင်ဂျင်နီယာဌာနက ပြောကြားခဲ့ခြင်းဖြစ် သည်။

ရန်ကုန်မြို့၏ သောက်သုံး ရေ လိုအပ်ချက်များကို မြစ်ရေနှင့် ဆည်ကြီးများဖြင့် ဖြည့်ဆည်းရန် စီမံကိန်းများရှိနေ၍ မြေအောက် ရေသုံးစွဲမှု ရပ်ဆိုင်းမည်ဖြစ်သည်။

လူနေမှုပုံစံ ပြောင်းလဲလာ ခြင်းနှင့် မိုးရေရရှိမှု လျော့နည်း လာသောကြောင့် မြေအောက်ရေ ထုတ်ယူမှုပမာဏ လျော့ကျလာ ကာ မြေအောက်ရေသုံးစွဲမှုအစီ အစဉ်ကို ရပ်ဆိုင်းရန် ထည့်သွင်း ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ဆို သည်။

ရန်ကုန်မြို့၏ သောက်သုံး ရေလိုအပ်ချက်ကို ဆည်စီမံကိန်း လေးခု၊ မြစ်နှစ်စင်းတို့မှ ဖြည့် ဆည်းရန် လျာထားပြီး ဆည်စီမံ ကိန်းများမှာ ဂျိုးဖြူစီမံကိန်း၊ ငမိုး ရိပ်စီမံကိန်းအပိုင်း တစ်နှင့် နှစ်၊ ကုက္ကိုင်ဝစီမံကိန်း၊ လဂွမ်းပြင်စီမံ ကိန်းတို့ဖြစ်ကာ မြစ်နှစ်စင်းသည်ကုက္ကိုင်ဝမြစ်နှင့် တိုးမြစ်တို့ဖြစ်ကြ သည်။

ကုက္ကိုင်ဝမြစ်နှင့် တိုးမြစ်မှ သောက်သုံးရေထုတ်ယူမည့် စီမံ ကိန်းနှစ်ခုနှင့် လဂွမ်းပြင်ဆည်စီမံ ကိန်း၊ ကုက္ကိုင်ဝဆည်စီမံကိန်းနှစ် ခုတို့သည် ခွင့်ယူချက်ရယူနေပြီး ကျန်ဆည်စီမံကိန်းနှစ်ခုသည် လုပ်ငန်းပြီးစီးနေပြီဖြစ်သည်။ ရန်ကုန်မြို့သို့ ရေပေးဝေမှုသည် ရေဂါလန်ပေါင်း ၂၀၁ သန်းရှိသည့်အနက် ၁၆ သန်းကို မြေအောက်ရေမှ ထုတ်ယူနေခြင်းဖြစ်သည်။

နောင်လာမည့် ၂၀၄၀ တွင် တိုးတက်လာမည့် လူဦးရေကို ခန့် မှန်းတွက်ချက်ပြီး တစ်ရက်လျှင်ရေဂါလန် သန်း ၆၀၀ ဖြန့်ဖြူးပေးရန် တိုးမြစ်နှင့် ကုက္ကိုင်ဝမြစ်တို့၏မြစ်ရေတင်စီမံကိန်းနှစ်ခုမှ သန့်စင်သည့် နည်းလမ်းဖြင့် ရေဂါလန်ပေါင်း လေးရာကျော် ထုတ်ယူ မည်ဖြစ်သည်။

ဌာနက ကောက်ယူရရှိသော စာရင်းများအရ တိုးမြစ်မှ ရေဂါ လန်ပေါင်း ၂၀၈ သန်းနှင့် ကုက္ကိုင်ဝမြစ်မှ ၂၂၅ သန်းထုတ်ယူနိုင်သည့် အခြေအနေရှိသည်။ တစ်နှစ် ထက်တစ်နှစ် တိုးတက်လာမည့် လူဦးရေ အခြေအနေကို စောင့် ကြည့်လေ့လာကာ ရေပေးဝေရေး စီမံကိန်းများမှ နှစ်အလိုက် ထုတ် ယူဖြန့်ဖြူးမည်ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော် မတီက သတင်းထုတ်ပြန်ထား သည်။

ရန်ကုန်မြို့၏ ရေလိုအပ် ချက်သည် တစ်နှစ်ထက်တစ်နှစ် မြင့်မားလာမည်ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်တွင် ရေပြဿနာကြီးမားလာနိုင်ကြောင်း ဖရီဒါအသင်းမှသဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးပညာရှင် ဦးအုန်းက ၂၀၁၂ ခန့်က ခန့် မှန်းပြောဆိုခဲ့သည်။

လက်ရှိတွင် ၂၀၁၄ သန်း ခေါင်စာရင်းအရ ရန်ကုန်မြို့၌ နေထိုင်သူ လူဦးရေခုနစ်သန်း ကျော်ရှိပြီး လာမည့် ၂၀၄၀ တွင် လူဦးရေ ၁၀ သန်းခန့် တိုးလာမည် ဖြစ်သောကြောင့် တစ်နေ့လျှင် ရေဂါလန် သန်းခြောက်ရာကျော် ဖြန့်ဖြူးပေးနိုင်သည့် စီမံကိန်းတစ် ခုကို ဂျပန်နိုင်ငံ၏ ချေးငွေအကူ အညီဖြင့် အကောင်အထည်ဖော် နေသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး

Upcoming Property Events

From 25 Oct To 26 Oct

Magical World Apartment

Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service