စတော့ဈေးကွက်သို့ဝင်ရောက်ရန် အခြေခံသိကောင်းစရာများ - Property News in Myanmar from iMyanmarHouse.com
1222 Views

စတော့ဈေးကွက်သို့ဝင်ရောက်ရန် အခြေခံသိကောင်းစရာများ

ပြီးခဲ့သည့် ၂ဝ၁၅ ခု ဒီဇင်ဘာ ၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်စတော့အိပ်ချိန်းတွင် ပထမဦးဆုံးသော စာရင်းဝင်ကုမ္ပဏီအဖြစ် FMI ကုမ္ပဏီကို ၂ဝ၁၆ ခုနှစ် မတ် ၂၅ ရက်တွင် စတင်လက်ခံခဲ့ပြီး အရောင်းအဝယ်ဈေးကွက် (trading market)ကို စတင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ကုမ္ပဏီများအနေနှင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများချဲ့ထွင်ရန် လိုအပ်သည့်ကာလ ရှည် ငွေကြေးအရင်းအနှီးရရှိရေးအတွက် စတော့ရှယ်ယာများထုတ်ဝေကာ အများပြည်သူသို့ ကမ်းလှမ်းရောင်းချလေ့ရှိပါသည်။ ဤသည်ကို (Initial Public Offering, IPO) လုပ်သည် ဟု ခေါ်ဆိုပါသည်။ ယင်း IPO အဆင့်တွင် ရှယ်ယာဝယ်ယူခွင့်ရရှိသူများသည် ယင်းကုမ္ပဏီမှ အမြတ်အစွန်းရရှိသည့် အချိန်တွင် ခွဲဝေပေးသည့် အမြတ်ဝေစု (dividend) ကို ခံစားနိုင်သလို ရှယ်ယာဈေးနှုန်းများ မြင့်တက်လာသည့်အချိန်တွင် ပြန်လည်ရောင်းချခြင်းမှ အမြတ်အစွန်း (capital gain) ကိုလည်း ရရှိနိုင်ပါသည်။

ပုံမှန်အားဖြင့် ရှယ်ယာများ စတင်ထုတ်ဝေရာတွင် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ (Securities Co) များက ကြားမှ တာဝန်ယူကာ အများပြည်သူသို့ ဖြန့်ချိရောင်း ချပေးလေ့ရှိပါသည်။ Securities ဆိုသည့်စကားလုံးကို လုံခြုံရေးဟု အဓိပ္ပာယ်ရသည့် security နှင့် အမှတ်မမှားစေလိုပါ။ securities ဆိုသည်မှာ နိုင်ငံတော်အစိုးရအပါအဝင် ကုမ္ပဏီများမှ ထုတ်ဝေသည့် စတော့၊ ရှယ်ယာ၊ ငွေချေး စာချုပ်၊ ငွေတိုက်ဘီလ် အစရှိသော ရင်းနှီးမြှုပ်နှံမှုစာချုပ်စာတမ်းများကို ဆိုလိုခြင်းဖြစ်ပါသည်။

ရှယ်ယာများထုတ်ဝေရောင်းချထားသည့် အများပိုင်ကုမ္ပဏီများသည် ရန်ကုန်စတော့ အိပ်ချိန်းမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်း (၁၇) ချက်နှင့်ပြည့်မီသည့်အချိန်တွင် စတော့ အိပ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီအဖြစ် လျှောက်ထားနိုင်ကာ ယင်းတို့၏ ရှယ်ယာများကို ရောင်းဝယ်ဖောက် ကားနိုင်ကြပါသည်။ ဤသို့ စတော့အိပ်ချိန်းသို့ စာရင်းဝင်ရာတွင် နည်းလမ်းနှစ်မျိုး ရှိပါသည်။ ပထမနည်းမှာ မူလထုတ်ဝေရောင်းချပြီးသော ရှယ်ယာအရေအတွက်ကိုသာ စာရင်းဝင် ရှယ်ယာများအဖြစ် မှတ်ပုံတင်ကာ ဝင်ရောက်ခြင်းဖြစ်ပြီး ယင်းစနစ်တွင် ရှယ်ယာအသစ်များ ထပ်မံထုတ်ဝေရောင်းခြင်းမရှိပါ။ (ဥပမာ-မူလထုတ်ဝေထားသည့် ရှယ်ယာအစောင်ရေ တစ်သန်းကို စာရင်းဝင်ခြင်း)၊ ဒုတိယနည်းစနစ်မှာ စာရင်းဝင်လျှောက်လွှာတင်ခြင်းနှင့်အတူ ရှယ်ယာအသစ်များ ထပ်မံထုတ်ဝေရောင်းချသည့် နည်းဖြစ်ပါသည်။ (ဥပမာ-မူလက ထုတ်ဝေထားသည့် ရှယ်ယာတစ်သန်းနှင့် ထပ်မံထုတ်ဝေသည့် ငါးသိန်းကို စာရင်းဝင်ခြင်း) ဤနည်းဖြင့်ထုတ်ဝေရောင်းချသည့်အချိန်တွင် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ရှယ်ယာ အသစ်များကို သတ်မှတ်ဈေးဖြင့် ဝယ်ယူနိုင်ခွင့်ရှိပါသည်။

ဤနေရာတွင် ပြည်သူအချို့နှင့် မီဒီယာအချို့အမှတ်မှားနေသည့် အချက်တစ်ခုရှိပါသည်။ ယခု FMI ကုမ္ပဏီ၏ စာရင်းဝင်နည်းစနစ်မှာ ပထမနည်းဖြစ်သည့် နဂိုရှိပြီးသား ရှယ်ယာအရေ အတွက်ကိုသာ စတော့အိပ်ချိန်းတွင် စာရင်းဝင်အဖြစ် မှတ်ပုံတင်သည်ဖြစ်၍ ဝယ်ယူရင်းနှီးမြှုပ်နှံ လိုသူများအနေဖြင့် ရှယ်ယာအသစ်များကို ဝယ်ယူနိုင်ခွင့်ရှိမည် မဟုတ်ပါ။ ရှယ်ယာများ အသစ်ထုတ်ရောင်းခြင်း မရှိပါ။ ဝယ်ယူလိုသူများမှာ စတော့ဈေးကွက် ၏ ရောင်းဝယ်ရေးဈေး ကွက် (Secondary Market) မှတစ်ဆင့်သာ ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။

ယင်းသို့ စတော့များကို ဝယ်ယူနိုင်ရန်အတွက် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက် မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) မှ အသိအမှတ်ပြုလက်မှတ်ထုတ်ပေး ထားပြီး ဖြစ်သည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ တစ်ခုခုထံသို့ သွားရောက်စာရင်း ဖွင့်လှစ်ကာ ရောင်းဝယ်နိုင်ကြပါသည်။ ရန်ကုန်စတော့အိပ်ချိန်းသို့ ရင်းနှီးမြှုပ်နှံလိုသူများ တိုက်ရိုက်လာရောက် ဝယ်ယူ၍မရပါ။

ရှယ်ယာဝယ်ယူလိုသူများသည် အဆိုပါ တရားဝင်လိုင်စင်ရ ငွေချေးသက်သေခံ လက်မှတ် ကုမ္ပဏီတစ်ခုခုသို့ သွားရောက်ကာ ဖောက်သည်စာရင်းတစ်ခု ဖွင့်လှစ်ရမည်ဖြစ်ပါသည်။ ဖွင့်လှစ်ရာ တွင်မိမိ၏ မှတ်ပုံတင်လက်မှတ် နှင့် ဘဏ်စာရင်းစာအုပ်မိတ္တူတို့ကို ယူဆောင်သွား ရန်လိုအပ်ပါသည်။ ဖောက်သည်စာရင်းဖွင်လှစ်ပြီးနောက် မိမိဝယ်ယူလိုသည့် ရှယ်ယာအရေ အတွက်၊ မိမိဝယ်ယူလိုသည့်ဈေးနှုန်းတို့ကို အဆိုပါငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီသို့ အမှာလွှာပေးနိုင်ပါသည်။

ရှယ်ယာရောင်းချလိုသူများသည်လည်း မိမိနီးစပ်ရာ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ တစ်ခုသို့ သွားရောက်ကာ မိမိပိုင်ဆိုင်သည့် စတော့အရေအတွက်၊ စတော့အမျိုး အစား၊ မှတ်ပုံ တင်လက်မှတ်၊ ဘဏ်စာရင်းတို့နှင့်အတူ ဖောက်သည်စာရင်းဖွင့်လှစ်နိုင်ပါသည်။

ဤနေရာတွင် ယခု ရန်ကုန်စတော့အိတ်ချိန်း၏ ရောင်းဝယ်ရေးစနစ်ကို အနည်းငယ် တင်ပြလိုပါသည်။ ယခုကျင့်သုံးနေသည့်စနစ်မှာ ရှယ်ယာလက်မှတ်များ ကိုင်ဆောင်ရောင်းဝယ်ခြင်း မပြုသည့်စနစ် (Dematerialization) ကို ကျင့်သုံးခြင်းဖြစ်သောကြောင့် ပြည်သူတို့အနေနှင့် ရှယ်ယာလက်မှတ်များ သယ်ဆောင်ကာ ရောင်းဝယ်သည့်စနစ် မရှိတော့ပါ။ ရှယ်ယာရောင်းလိုသူသည် မိမိဝယ်ယူထားသည့် ကုမ္ပဏီမှထုတ်ပေးလိုက်သည့် ရှယ်ယာပိုင်ဆိုင်သည့်အထောက်အထား စာရွက်ကိုပြသကာဖောက်သည် စာရင်းကို ဖွင့်လှစ်နိုင်ပါသည်။ ထိုသို့စာရင်းဖွင့်လှစ်ပြီးနောက် မိမိပိုင်ဆိုင်ထားသည့် ရှယ်ယာများထဲမှ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ အကုန်ဖြစ်စေရောင်းချနိုင် သလို မရောင်းဘဲနေ၍လည်း ရပါသည်။ ရောင်းချလိုပါက မိမိရောင်းချလိုသည့် ရှယ်ယာအရေအတွက်၊ ရရှိလိုသည့်ဈေးနှုန်းတို့ဖြင့် အရောင်းအမှာလွှာ တင်နိုင်ပါသည်။

ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများသည် မိမိတို့ထံသို့ရောက်ရှိလာသည့် အရောင်း၊ အဝယ် အမှာလွှာများကို အချိန်နှင့်တစ်ပြေးညီ စတော့အိပ်ချိန်းသို့ပေးပို့ရပါသည်။ စတော့အိပ်ချိန်းသည် ရောက်ရှိလာသည့် အဝယ်၊အရောင်း အမှာလွှာအသီးသီးကို အမှန် ကန်ဆုံး၊ အမျှတဆုံးဈေးနှုန်းရရှိစေရန် ရောင်းဝယ်မှု (trading) ကိုပြုလုပ်ပေးပါသည်။ အရောင်းအဝယ်ပြီးမြောက်သည့် အမှာလွှာများကို သက်ဆိုင်ရာ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများသို့ ချက်ချင်းပြန်လည်အကြောင်း ကြားရပါသည်။

ရှယ်ယာဝယ်ယူရောင်းချလိုသူများသည် မိမိတို့ရောင်းလိုသည့် စတော့အတွက် ဈေးကွက် တွင် လောလောဆယ်ဖြစ်နေသည့် မည်သည့်ဈေးနှုန်းနှင့်မဆို ရောင်းဝယ်လိုသည့်အမှာလွှာ (market order) ကိုပေးနိုင်သလို မိမိကြိုက်နှစ်သက်သည့်ဈေးနှုန်းကို ကန့်သတ်ထားသည့် (limit order) ဖြင့်လည်း အမှာလွှာပေးနိုင်ပါသည်။ သို့သော် သတိချပ်ရမည့်အချက် မှာ ဈေးကွက်အတွင်းတွင် မည်သည့်ဈေးနှင့်မဆို ရောင်းမည်၊ ဝယ်မည်ဆို သည့် (market order) သည် စတော့ဈေးကွက်တွင် ကန့်သတ်ဈေး အမှာလွှာ (limit order) ထက် ဦးစားပေးအဆင့် ပို၍မြင့်သည်ကို ဂရုပြုရန် လိုအပ်ပါသည်။

ဆက်လက်၍ ဝယ်ယူခွင့်ရရှိသူ၏ ငွေစာရင်းမှ ရောင်းချသူ၏ ငွေစာရင်းသို့ ငွေသားများ သတ်မှတ်ချိန်အတွင်း ရောက်ရှိရေး၊ ရောင်းချသူ၏ စတော့စာရင်းမှ ဝယ်ယူသူ၏ စတော့စာရင်းသို့ အချိန်မီရောက်ရှိရေးကိုဆောင်ရွက်ပေးရပါသည်။

ရန်ကုန်စတော့အိပ်ချိန်းသည် အရောင်းအဝယ်ဖြစ်ပြီးသည့် ရှယ်ယာများ အတွက် ငွေစာ ရင်းရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် KBZ ဘဏ်ကို စာရင်းရှင်းလင်းရေး ဘဏ်အဖြစ် ခန့်အပ်ခဲ့ပါသည်။

အရောင်းအဝယ်ဖြစ်ပြီးသည့် အရောင်းအမှာလွှာများအတွက် သက်ဆိုင်ရာ ဖောက်သည်၏ စာရင်းသို့ အရောင်းအဝယ်ဖြစ်ပြီး သုံးရက်မြောက်နေ့ (T+3) တွင် ငွေသား များ ရောက်ရှိ သွားမည်ဖြစ်သလို ဝယ်ယူသူ၏ စတော့စာရင်းသို့လည်း (T+3) နေ့တွင် စတော့ များ ရောက်ရှိသွားမည်ဖြစ်ပါသည်။ (ဥပမာ-ဧပြီ ၁ဝ ရက်တွင် အရောင်းအဝယ်ဖြစ်ပါက သက်ဆိုင်ရာစာရင်းများသို့ ဧပြီ ၁၃ ရက်တွင် ရောက်ရှိသွားခြင်းဖြစ်ပါသည်)။

နောက်ဆုံးဖောက်သည်ချလိုသည်မှာ ရှယ်ယာ ဝယ်ယူ၊ ရောင်းချလိုသူများ သည် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) မှ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားပြီးဖြစ်သည့် ငွေချေး သက်သေခံလက်မှတ် ကုမ္ပဏီများဖြစ်သည့် (က)MSEC Co. (ခ)KBZ SC (ဂ) CB Securities (ဃ) AYA Trust Co. နှင့် (င)KTZ RH Co. တို့ထံတွင် သွားရောက်စာရင်းဖွင့်လှစ်ကာ လုပ်ငန်း များဆောင်ရွက် နိုင်ကြပြီဖြစ်ပါသည်။

ရှယ်ယာဝယ်ယူ ရောင်းချခြင်းမပြုမီ မိမိစာရင်းဖွင့်လှစ်ထားသည့် အထက်ပါကုမ္ပဏီများထံမှ အကြံဥာဏ်များရယူခြင်း၊ ဈေးနှုန်အတက်အကျများကို ဆင်ခြင်သုံးသပ်ခြင်း၊ မိမိဝယ်ယူမည့် ကုမ္ပဏီ၏ သတင်းအချက်အလက်များကို အချိန်ယူ လေ့လာခြင်းဖြင့် ရောင်းမှား ဝယ်မှားဖြစ်ခြင်း မှ ကင်းဝေးနိုင်ကြမည်ဖြစ်ပါသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service