မြေယာဆိုင်ရာပြဿနာများကို ကိုင်တွယ်ရာတွင်သတိပြုဆောင်ရွက်ရန်လိုအပ် - Property News in Myanmar from iMyanmarHouse.com
787 Views

မြေယာဆိုင်ရာပြဿနာများကို ကိုင်တွယ်ရာတွင်သတိပြုဆောင်ရွက်ရန်လိုအပ်

မြေယာဆိုင်ရာပြသနာများကို ထိထိရောက်ရောက် ဖြေရှင်းပေးရန်နှင့် မြေယာသိမ်းဆည်းခံလယ်သမားများ၏ လက်ဝယ်သို့ မြေယာများအမှန်တကယ် ပြန်လည်ရောက်ရှိရန် လိုအပ်လျက်ရှိသည့်အပြင်
မြေယာပြသနာများကြောင့် မလိုလားအပ်သည့် ဆူပူမှုမျိုး ဖြစ်ပွားခြင်းမရှိအောင် နည်းစနစ်ကျကျုဖြင့်
လုပ်ဆောင်သွားရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ကပြောသည်။

မြေယာဆိုင်ရာ အငြင်းပွားမှုများ နှင့် ခေတ်အဆက်ဆက်တွင် မတရားမြေယာသိမ်းဆည်းခံခဲ့ရသည့်
ပြည်သူများအတွက် မှန်ကန်သည့်နည်းလမ်းများဖြင့် အရေးယူဆောင်ရွက်ပေးမှုများအပြင် အစိုးရမှ
ဝင်ရောက်ညှိနှိုင်းပေးခြင်း၊ မြေယာများကို သိမ်းဆည်းခဲ့သည့် ကုမ္မဏီင်္များအကြား ကြားဝင်စေ့စပ်ပေး
ခြင်း ကိုလုပ်ဆောင်ပေးရန် လိုအပ်လျက်ရှိသည်။

မြေယာ ဈေးနှုန်းများကြီးမြင့်လာမှု၊ စီင်္းပွားရေးဆိုင်ရာ မျှော်လင့်ချက်များ ထားရှိလာနိုင်သည့် ယနေ့အချိန်တွင် မြေယာသိမ်းဆည်းမှု ပြသနာများကို ယခုအစိုးရလက်ထက်တွင် ပြီးပြတ်အောင် ဖြေရှင်းပေး
နိုင်သည့် အခြေအနေများကို တွေ့မြင်ရခြင်း မရှိဘဲ၊ မိမိလယ်ယာမြေများကို ပြန်လည်ရယူလိုသည့်
အတွက် ဆန္ဒဖော်ထုတ်သည့် လယ်သမားများ၊ မိမိပိုင်လယ်ယာမြေ ဟောင်းများပေါ်တွင် ထွန်းတုံး
တိုက်ပွဲဝင်ခဲ့သည့် လယ်သမားအချို့ကို ဖမ်းဆီးထောင်ချမှု များ အထိ သက်ဆိုင်ရာအာဏာပိုင်
များက ပြုလုပ်ခဲ့ကြသည်။

၂၀၁၅ ခုနှစ်အတွင်း ရှမ်းပြည်နယ်တွင်လည်း မိမိပိုင်လယ်မြေ များပြန်လည်ရရှိစေ၇န် အတွက် မိမိ
ကိုယ်ကို မီးရှို့ဆန္ဒပြခဲ့သည့် လယ်သမား တစ်ဦး အသက်ဆုံးရှုံးရသည် အထိဖြစ်ပွားခဲ့ပြီး ပုဂလိကပို်င်
သတင်းစာများတွင် ယင်းသတင်းနှင့် ပက်သက်ပြီး အကျယ်တ၀င့် ဖော်ပြခဲကြသလို အင်တာနက် နှင့်
လူမှု ကွန်ယက်များဖြစ်သည့် Facebook တို့တွင်လည်း သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ၏
ဆောင်ရွက်ချက်များနှင့် ပက်သက်ပြီး ရှုံးချဝေဖန်မှုများ အများအပြား ပေါ်ထွတ်လာခဲ့သည်။

“ဒီပြသနာတွေကို ပြေလည်ဖို့နဲ့ ကျေနပ်မှု ရှိအောင် ၀ိုင်းဝန်းစဉ်းစားဖို့လိုတယ်” ဟုသီပေါမြို့နယ်
မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

တပ်မတော်၊ အစိုးရဌာနများအတွက် လိုအပ်သည့် မြေယာ များကို လုပ်ငန်းစီမံချက် အမျိုးမျိုး ၊စီမံကိန်းအမျိုးမျိုးတို့ဖြင့် ခေတ်အဆက်ဆက်တွင် သိမ်းဆည်းခဲ့ကြသလို ဌာနဆိုင်ရာပိုင်းမှ ပုဂ္ဂိုလ်ရေးအရသိမ်းယူထားခဲ့သည့် မြေယာများကိုလည်း လုပ်နိုင်ကိုင်နိုင်မရှိပါက နိုင်ငံတော်သို့ ပြန်လည်ပေးအပ်သင့်ကာ အမှန်တကယ်လုပ်နို်င်ကိုနိုင်သူများ ၊မူလပိုင်ရှင်များကိုလည်းစီစစ်ပြီး ပြန်လည်ပေးအပ်ရန်လိုအပ်သလို၊ မြေယာဈေးများ
မြင့်တက်လာသည့် အတွက် လယ်သမားများ၏ တရားမဲ့တောင်းဆိုမှုများကိုလည်း မှန်ကန်သောနည်းလမ်းများဖြင့်စုံစမ်းဖြေရှင်းပေးရန် လိုအပ်သလို စီးပွားရေးလုပ်ငန်းလုပ်ကိုင်သည့် ကုမ္မဏီကြီးများမှ ရယူထားသည့်မြေယာများကိုလည်း အမှန်တကယ်လုပ်ငန်းများလုပ်ကိုင်နိုင်စွမ်းမရှိပါက
နိုင်ငံတော်သို့ပြန်လည် အပ်နှံစေပြီး မူလပိုင်ရှင် လယ်သမားများလက်ဝယ်သို့အရောက်ပြန်
လည်ပေးအပ်ခြင်းဖြင့်
ပြသာနာများကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းပေးရာ လည်း ရောက်မည်ဖြစ်သည်။

“အခုဆိုရင်လယ်ယာ သိမ်းတဲ့ ကုမ္မဏီတွေက လာပြီးလုပ်ကိုင်ကြမယ့် စိုက်ပျိုးရေးသမားတွေ၊ စက်
ရုံအလုပ်ရုံလုပ်မယ့်သူတွေကို မြေဌားဖို့ တောင်အဆင်
သင့်ဖြစ်နေကြပြီ” ဟုလယ်သမားအရေး
ဆောင်ရွက်နေသည့် ရှေ့နေဦးဖိုးဖြူက ဆိုသည်။

အချို့သောလယ်ယာမြေ သိမ်းဆည်းခံထားရသူများမှာ လွန်ခဲ့သည့် ဆယ်စုနှစ်တာကာလအတွင်း
ဈေးကွက် ပေါက်ဈေးအတိုင်းကုမ္ပဏီများသို့ ရောင်းချထားပြီး
ဖြစ်သော်လည်း ယနေ့လယ်မြေ
ဈေးနှုန်းမြင့်တက်လာသည့် အချိန်တွင် ရောင်းချထားပြီးဖြစ်သည့် လယ်မြေများကိုပြန်လည်ရယူ
လိုမှုများကြောင့် ပဋိပက္ခအသွင် ဖန်းတီးမှုများ ရှိလာနိုင်သည့် အပြင် အချို့သောလယ်ယာမြေ
သိမ်းဆည်းခံခဲ့ရသူများမှာလည်း လျော်ကြေးငွေတစ်ပြားတစ်ချပ်မှ မရရှိသည့် လယ်သမားများလည်း
အများအပြားရှိနေဆဲဖြစ်သည့် အတွက် မြေအစားပြန်ပေးခြင်း၊ လျော်ကြေးငွေပေးအပ်သည့် ကိစ္စများကိုဆောင်ရွက်ရာတွင် အသေအချာ စုံစမ်းစစ်ဆေးပြီးမှ လုပ်ဆောင်ရန်လိုအပ်သည်။

ယခင်အစိုးရ လက်ထက်တွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် အတွက် နိုင်ငံတော်စီမံကိန်းနယ်
မြေအဖြစ်လုပ်ကိုင်ရန်အတွက်လယ်ဧက နှစ်သန်းကျော်ရှိပြီး လက်တွေ့အားဖြင့် ဧက ၄၀၀၀၀ ကျော် သာ အမှန်တကယ် စိုက်ပျိုးရေး လုပ်ငန်းများအတွက် အသုံးချမှုရှိကြောင်း လွှတ်တော်သို့တင်သွင်းခဲ့သည့် လယ်ယာမြေသိမ်းဆည်းခံရမှု အစီရင်ခံစာများတွင် ဖော်ပြထားသည်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service