မဆောက်သေးတဲ့ တံတားကြီးနဲ့အတူ တရှိန်ထိုး တက်လာတဲ့ ဒလ အိမ်ခြံမြေဈေး - Property News in Myanmar from iMyanmarHouse.com
2836 Views

မဆောက်သေးတဲ့ တံတားကြီးနဲ့အတူ တရှိန်ထိုး တက်လာတဲ့ ဒလ အိမ်ခြံမြေဈေး

ရန်ကုန်-ဒလ တံတားဆောက်မယ့် စီမံကိန်းအတွက် ကိုရီးယားနိုင်ငံက ငွေချေးဖို့ လွှတ်တော်မှာ အတည်ပြုပြီးတဲ့နောက် ဒလရဲ့အိမ်ခြံမြေဈေးကွက် အခြေအနေဟာ ဝယ်လက်တွေများနေပြီး အိမ်ခြံမြေအကျိုးဆောင်နဲ့ လမ်းလျှောက်ပွဲစားတွေ မြေကွက်ရဖို့ ခက်ခက်ခဲခဲ ရှာနေရပါတယ်။ ကျူးကျော်ပြဿနာတွေပါရှိနေတဲ့ ဒလဘက်က အိမ်ခြံမြေဈေးကွက် ဘယ်လိုဆက်ဖြစ်မှာလဲ။

အရင်ကတော့ ဒလဘက်မှာ သောက်သုံးရေရှားပါးလို့ စိတ်ဝင်စားတဲ့သူ နည်းပေမယ့် ၂ဝ၁၃ ခုနှစ်အတွင်း ရန်ကုန်ဒလစီမံကိန်းအသံတွေထွက်လာပြီးတဲ့နောက် အိမ်ခြံမြေဈေးကစားသူတွေရဲ့ မျက်စိကျစရာ ဖြစ်လာတယ်လို့ Yangon City အိမ်ခြံမြေအကျိုးဆောင် ဦးသန်းထွန်းကပြောပါတယ်။

တံတားဆောက်မယ်ဆိုတဲ့ စီမံကိန်းက ရပ်ဆိုင်းလိုက် ပြန်လှုပ်လာလိုက် ဖြစ်နေပေမယ့် မေလနောက်ဆုံးအပတ်က ပြည်သူ့လွှတ်တော်မှာ တံတားတည်ဆောက်ဖို့ ချေးငွေအတည်ပြုပြီးတဲ့နောက်မှာတော့ ဒလဘက်က အိမ်ခြံမြေဈေးတွေလည်း တရှိန်ထိုးပြန်တက်လာတယ်လို့ ရှင်းပြပါတယ်။

လက်ရှိအရောင်းဝယ်အဖြစ်အများဆုံးတွေကတော့ တံတားခြေဆင်းမယ့်အပိုင်းက ရပ်ကွက်တွေဖြစ်တဲ့ ကျန်စစ်သား၊ ရာဇသင်္ကြန်နဲ့ ညောင်ကုန်းရပ်ကွက်တွေဖြစ်ပြီး ကျန်စစ်သားရပ်ကွက် လမ်းမဘေး မြေကွက်တွေဟာ ခေါ်ဈေး ကျပ်သိန်းသုံးထောင် ရှိနေပါတယ်။

ဒလမြို့နယ်မှာ ရပ်ကွက် ၂၃ ခုရှိပြီး လက်ရှိ မြို့ပေါ်မှာ နေထိုင်တဲ့သူတွေက ဈေးကောင်းရလို့ အိမ်တွေရောင်းပြီး ပါမစ်မရှိ၊ ဂရမ်မရှိတဲ့ရပ်ကွက်တွေကို ပြောင်းနေကြတယ်လို့ ဦးသန်းထွန်းကပြောပါတယ်။

ပါမစ်မြေနဲ့ဂရမ်မြေမှာတော့ ဂရမ်မြေကတော့ခိုင်ပေမယ့် အမည်ပြောင်းရင် ရုံးကိစ္စအလုပ်ရှုပ်တာတွေ အခွန်ရှောင်ချင်တာတွေကြောင့် လုပ်ရကိုင်ရလွယ်တဲ့ ပါမစ်မြေက ဈေးပိုကောင်းနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

မြေကွက်တွေဝယ်ယူပြီး ပစ်ထားကြတော့ ကျူးကျော်နေထိုင်သူတွေရှိနေပြီး အရောင်းအဝယ်တစ်ခုဖြစ်တိုင်း ကျူးကျော်ရှင်းရတာပြဿနာတစ်ခုလို့ ပြောပြပါတယ်။

Credit : Kamayut Media

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ

Upcoming Property Events

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

Jade Palace Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service