လူသွားလူလာကျဲနေသေးသည့် တရုတ်နိုင်ငံက မန်ဟက်တန်
တစ်ဝက်တစ်ပျက် ဆောက်လုပ်ထားသည့် မိုးမျှော်တိုက်များနှင့် လူသွားလူလာမရှိသည့်
လမ်းမကျယ်များတွင် တ၀ှီးဝှီးတိုက်ခတ်နေသည့် လေများသာဖြတ်သန်းသွားလာနေ သည့်အတွက်
တစ်ခါတစ်ရံ တရုတ်နိုင်ငံ၏ မန်ဟက်တန်ရပ်ကွက်ဟု သတ်မှတ်ကြေငြာ ကြသည့် ဆောက်လုပ်ရေး
စီမံကိန်းကြီးတစ်ခုသည် လူအချို့ ကင်ပွန်းတပ်ပေးထားသည့် နာမည်အတိုင်းပင် 'တစ္ဆေမြို့'
တစ်မြို့အဖြစ် ရပ်တည်လျက်ရှိသည်။
ယွီကျာ့ဖု စီးပွားရေးခရိုင်ရှိ မိုးမျှော်တိုက် များသည် နယူးယော့ခ်ရှိ ဝေါလ်စထရိ သို့မဟုတ် လန်ဒန်ရှိ
ကန်နရီဝှပ်ဖ် (Canary Wharf) တို့နှင့် ယှဉ်ပြိုင်မည့် ကုန်သွယ်ရေးစင်တာတစ်ခုအဖြစ် တစ်ချိန်ချိန်တွင်
ဖြစ်လာ လိမ့်မည်ဟု တရုတ်အာဏာပိုင်များက မျှော်လင့်ထားကြသည်။ သို့သော် ဆောက်လုပ်ရေးစီမံကိန်း
စတင် ခဲ့သည်မှာ သုံးနှစ်ကျော်လာပြီ ဖြစ်သော်လည်း တရုတ်နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့ တီယန်ကျင်းတွင်
ဆောက်လုပ်ရန်စီစဉ်ထားသည့် အဆောက်အအုံများအနက် တစ်ခုမှာ အခြား အဆောက်အအုံများ
ရှိရမည့်မြေလွတ်များ ဘေးတွင် တစ်ခုလုံးနီးပါး အပြီးအစီးမဆောက် လုပ်နိုင်သည့် အခြေအနေဖြင့်သာ
တွေ့ရှိနေ ရသေးသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု သည် ဆယ်စုနှစ်တစ်ခုခန့်တိုးတက်ဖြစ်ထွန်း ခဲ့ပြီးနောက် နှေးကွေးလာသည့်အတွက် ပေကျင်းမှ ကီလိုမီတာ ၁၅၀ ခန့်အကွာတွင် ရှိကာ အပြင်ပိုင်းနံရံများ
မရှိသေးသော အဆောက်အအုံအများစုကြောင့် စုစုပေါင်း ယွမ် ဘီလျံ ၂၀၀ (ဒေါ်လာ ၃၂ ဘီလျံ) ကုန်ကျမည်ဟု
နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထား သည့် ယင်းစီမံကိန်းကြီးကို ပြီးစီးအောင်ဆောက်လုပ်နိုင်မည့်အလားအလာရှိ မရှိ မေးခွန်းထုတ်စရာဖြစ်လာသည်။
အာရှရှိ အကြီးဆုံးဟိုတယ်ဟု သတ်မှတ် ထားသည့် Country Garden Phoenix ဟိုတယ်သည် အခွံလွတ်ကြီးသာဖြစ်နေပြီးအခုံးအ၀ိုက်များပါသည့် ယင်း၏ အပြင်ပိုင်း နံရံအနီးတွင် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ဆောင်နေသူ တစ်ဦးတလေမျှမတွေ့ ရချေ။ သို့သော် ဟိုက်မြစ်အတွင်းသို့ ငေါထွက် နေသည့် ပုံစံမျိုးစုံဖြင့် ဆောက်လုပ်ထားသော မိုးမျှော်တိုက်တစ်ဒါဇင်ကျော် ပြွတ်သိပ် တည်ရှိရာ မြေနေရာတော်တော် များများ ရှိသည့် ယွီကျာ့ဖုတွင်သာ ဆောက်လုပ်ရေးလုပ်ကိုင်သူအချို့ကို တွေ့ရသည်။
အဆိုပါနေရာတွင် လုပ်ငန်းခွင်သုံးဦးထုပ် အမာများဆောင်းထားပြီး ဆောက်လုပ်ရေးဝတ်စုံများ ၀တ်ဆင်ထားသည့်
ဆောက်လုပ်ရေးလုပ်သားများသည်အဆောက်အအုံအချို့အတွက်မှန်များကိုတိုင်းတာနေကြပြီး ဈေးဝယ်စင်တာတစ်ခုတွင်လည်းဈေးဝယ်သူအချို့ရှိသည်ကို တွေ့ခဲ့ရသည်။ သို့သော် ဈေးဝယ်စင်တာမှလွဲ၍ အခြား မည်သည့်အဆောက်အအုံမှ အပြီးသတ် မဆောက်ရသေးသည်ကို တွေ့ရသည့်အတွက်အဆိုပါစီမံကိန်းကြီးကိုပြီးခဲ့သည့် နွေရာသီတွင်ဖွင့်လှစ်နိုင်မည်ဟု
မျှော်မှန်းထားကြသည်ဟုဆိုသည့် ဒေသအာဏာပိုင်များမှာ စီမံကိန်းအလားအလာနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြဖွယ်ရာရှိသည်။
မြစ်ကမ်းတစ်ဖက်တစ်ချက်ရှိ Conch Bay ဆောက်လုပ်ရေးစီမံကိန်းတွင် လက်စမသတ်ရသေးသည့် အဆောက်အအုံများမှာခြံစည်းရိုးခတ်ထားပြီး လမ်းမများပေါ်တွင်လည်း လူသွားလူလာ မရှိသလောက်နီးပါး ဖြစ်နေသည်ကို တွေ့ရသည်။ယွီကျာ့ဖုရှိ မန်ဟက်တန် ပုံတူဆောက်လုပ်နေသည့် စီမံကိန်းကြီး ကို သတင်းအချို့တွင် 'တစ္ဆေမြို့တော်' အဖြစ်သမုတ်ထားကြသည်။
သို့သော် ၁၉၉၀ ပြည့်လွန်နှစ်များတွင် စတင်အကောင်အထည်ဖော်ခဲ့ချိန်က ငွေဖြုန်း သည့်အလုပ်အဖြစ်
သတ်မှတ်ခဲ့သည့် ရှန်ဟိုင်း၏ စည်ကားဖွံ့ဖြိုးနေသည့် ဖုတုန် ခရိုင်ရှိ ဆောက်လုပ်ရေး စီမံကိန်းများကို ကိုးကားပြီး
အဆိုပါစီမံကိန်းသည် အချိန်မီ ရည်မှန်းချက် ပြည့်မီလာနိုင်ကြောင်း အချို့က ပြောသည်။ ၂၀၁၂ ခုနှစ်တွင်
တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေး ဦးဆောင်အဖွဲ့အမြဲတမ်းကော်မတီ သို့ ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရသည့် မြို့တော်၏
ထိပ်တန်းအရာရှိဟောင်း ကျန်းကောင်းလီ က အဆိုပါ တီယန်ကျင်းစီမံကိန်းကို အပြည့် အ၀ထောက်ခံထားသည်။ ယင်းစီမံကိန်း၏ အောင်မြင်မှုသည် ပေကျင်းနှင့် တီယန်ကျင်းကို ဆက်သွယ်ပေး မည့် 'စီးပွားရေးစင်္ကြံလမ်း'
တစ်ခုအဖြစ် ဖန်တီးရန် ဗဟိုအစိုးရ၏စီမံကိန်း တစ်စိတ် တစ်ပိုင်းပေါ်တွင် မူတည်လိမ့်မည်ဟု လေ့လာသူအချို့က
ပြောသည်။
"တကယ်လို့ ဒီမြို့နှစ်မြို့ကို မူဝါဒရေးရာနဲ့ စီးပွားရေးအရ လက်တွေ့ကျကျ ပေါင်းစည်းဖို့ လုပ်ဆောင်လာနိုင်မယ်
ဆိုရင်တော့ ယွီကျာ့ ဖုဟာ တကယ့်ကို အလားအလာကောင်းတဲ့ နေရာတစ်ခုဖြစ်လာမှာကတော့ မလွဲပါဘူး"ဟုပီကင်း
တက္ကသိုလ်၏ ကွမ်ဟွာကျောင်း စီမံခန့်ခွဲရေးဌာနက ကျူးကောင်းကျုံးက ပြောသည်။ ယွီကျာ့ဖုရှိ လက်စမသတ်ရသေးသည့် မိုးမျှော်တိုက်တစ်ခု၏ ဘေးတစ်ဖက်တွင် ဖုန်းနံပါတ်တစ်ခုကို ဖော်ပြထားသည့်စာတန်း ကြီးတစ်ခုကို ကပ်ထားရာရုံးခန်းနေရာ အတွက် စုံစမ်းမေးမြန်းနိုင်သည့် အဆက် အသွယ်တစ်ခုဟု ထင်ရသည်။ အဆိုပါဖုန်းနံပါတ်ကိုအေအက်ဖ်ပီက ဆက်သွယ်ခဲ့ရာ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းတစ်ခု၏ ဖုန်းနံပါတ်ဖြစ်နေပြီး စီမံကိန်း အကြောင်းကိုမေးမြန်းကြည့်ခဲ့ရာ အဆိုပါ စီမံကိန်းကို မသိကြောင်း ပြန်လည်ဖြေကြား သွားသည်။
Credit: mmtimes