အိမ်ငှား အိမ်ရှင် အမေရိကားတစ်ခွင် - Property News in Myanmar from iMyanmarHouse.com
1488 Views

အိမ်ငှား အိမ်ရှင် အမေရိကားတစ်ခွင်

အမေရိကားမှာ အိမ်ငှား နေထိုင်ဖို့အတွက် ကိုယ်လိုချင်တဲ့ အခန်း- Apartment တွေ့တာနဲ့ ငှားပေးမယ့် ကုမ္ပဏီမှာ လိုအပ်တဲ့စာရွက်စာတမ်း
ဖြည့်စွက်၊ ကိုက်ညီတာနဲ့ ငွေရှင်းပြီး သော့အပ်ပါတယ်။ အိမ်ငှားခ လစဉ်မှန်မှန် ပေး နိုင်ကြောင်း အတည်တကျအလုပ်ရှိတဲ့ အထောက်အထားတော့ ပြနိုင်ဖို့လိုပါတယ်။
လုံးချင်းအိမ်- Single House ရဖို့ ကံအပေါ် မူတည်ပါ တယ်။ အိမ်ရှင်က အိမ်ဖွင့် ပြမယ့်နေ့- Open House သွားကြည့်ပြီး အိမ်ကို ဘယ်လိုထိန်း သိမ်းမယ်ဆိုတာပေါ် မူတည်ပြီး ဆက်ဆွေးနွေးကြရပါမယ်။ ကိုယ့် လိုပဲ ကြိုက်နေသူရှိနေရင် အိမ်ရှင် က အိမ်ငှားခ မပျက်မကွက် ပေး နိုင်မယ့်သူကို ရွေးပါလိမ့်မယ်။ တစ် ခါတစ်ရံ ပွဲစားပါမှ အဆင်ပြေတာလည်း ရှိပါတယ်။

အလုပ်ဖြစ်ပြီဆိုရင် အိမ်လခ ၁ လစာနဲ့ စပေါ်ငွေ ၁လစာ စုစုပေါင်း ၂ လစာ အရင်ချပေးထားရပါတယ်။ အိမ်ငှား ထွက်သွားတဲ့အချိန် အိမ်မှာ အပျက်အစီးမရှိရင် စပေါ်ငွေကို
ဥပဒေအရ ပြန်အမ်းရမှာပါ။ အပျက်အစီး ရှိခဲ့ရင်လည်း ကျ သင့်ငွေ နုတ်ပြီး ပိုငွေပြန်အမ်းပါ လိမ့်မယ်။ အိမ်က ပြောင်းထွက်ချင်ရင် ၁ လကြိုတင် အကြောင်းကြားထားရပါတယ်။
အိမ်ငှားခကို သက်တမ်း ၁ နှစ်စာ စာချုပ်လေ့ရှိ ပြီး လချင်းပေးစနစ်ပါ။ မြန်မာပြည်ကလို တစ်နှစ်စာ ကြိုပေးတာမျိုး မတွေ့ရပါဘူး။ ဈေးနှုန်းတက် မယ်ဆိုရင် အိမ်ငှားကုမ္ပဏီမှ မန်နေဂျာ Superintendence က ၁ လ ကြိုတင် အကြောင်းကြားပါ လိမ့်မယ်။ အိမ်ငှားနေရင်းနဲ့အိမ်သာပိတ်၊ ရေယို၊ ရေပိုက်ပျက် စတဲ့ အခက်အခဲများကို ကိုယ်တိုင်ပြင် စရာ မလိုပါဘူး။
မန်နေဂျာရုံးကို အကြောင်းကြားရင် ပြင်ပေးရမှာ က သူတို့တာဝန်ပါ။

House for Rent

လုံးချင်းအိမ်မှာ တစ်ခန်းတည်း ငှားနေရတာကတော့ ရှင်းပါတယ်။ အိမ်ရှင်နဲ့ အပေးအယူတည့်ရင် တက်နေရုံပါပဲ။ အိမ်ပိုင်ရှင် က မြန်မာ ဆိုရင် ပိုပြီး ပြောလို့ဆိုလို့ ကောင်းသွားပါပြီ။
သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာမယ်၊ သတ်မှတ်ချိန်ထက် အိမ်ပြန်နောက်မကျဘူးဆိုရင် အဲဒီအိမ်မှာမြဲအောင် နေနိုင်ပါပြီ။ စီးကရက် မသောက်တတ်ရင် ပိုကောင်းတာ ပေါ့ ဗျာ။ ခွေးမွေး၊ ကြောင်မွေး ကိစ္စတွေ ပါလာရင်တော့ မငှားခင်က တည်းက ကြိုတင်ဆွေးနွေးထားမှ ရပါလိမ့်မယ်။ ပြီးတော့ တစ်ခန်း တည်း Room Share ငှားနေရင် ကိုယ့်လိုမျိုး
ဘဝတူတွေနဲ့ မျှနေ၊ မျှသုံးစရာတွေရှိတော့ တော်တော် ကိုယ်ချင်းစာတတ်ရမှာပါ။ ဥပမာ ရေခဲသေတ္တာထဲကိုယ်ဝယ်ထည့်ထားတဲ့အစားအသောက် နောက်တစ်ရက်မနက်ကျတော့
ရှာမတွေ့တော့တာ မျိုး၊ ရေချိုးခန်း၊ အိမ်သာ မအားတာမျိုးတို့ကို ဆိုလိုတာပါ။ ကိုယ့်လွတ်လပ်ခွင့် ဆုံးရှုံးနိုင်တာက လည်း သည်းခံစရာအကြောင်းတစ် ခုပါ။ အိမ်ရှင်က ခဏခဏ
အိမ် ကို လာစစ်ဆေးရင်လည်း စိတ်ရှည်ရပါမယ်။ အခန်းဖော်- Room Mate မှာ ကလေးငယ်ရှိလို့ ဆူညံရင်လည်း အလိုက်သင့် နေနိုင်ရပါမယ်။
အလုပ်ကအပြန် ပင်ပန်းလို့ နားချင်ရင်တော့ ဘယ်သူ့ကိုမှ အားမနာပါနဲ့။ ဝင်သာအိပ်လိုက် ပါတော့။

အိမ်သာသန့်ရှင်းရေးလုပ်၊ ရေချိုးခန်းတိုက်၊ အမှိုက်ပုံး အိမ်ရှေ့ထုတ် စတဲ့ အလှည့်ကျ တာဝန်များကို အိမ်ခန်းဖော်နဲ့ သူတစ်လှည့်၊ ကိုယ်တစ်လှည့် လုပ်နိုင်ရင်တော့ မြန်မာဖြစ်မှ
မဟုတ်ပါဘူး။ လူမျိုးခြားနဲ့လည်း အဆင်ပြေအောင် အတူတွဲနေထိုင်နိုင်ပါ တယ်။ နှစ် ထပ်အိမ်ဆိုရင် တက်လိုက် ဆင်းလိုက် လုပ်ရပေမယ့် အပေါ်ထပ်ကို ယူတာ
ညဘက် ကောင်းကောင်း အိပ်ရပါတယ်။ အနှစ် ၄ဝ လောက်က ဆောက် ထားတဲ့ အိမ်ဆိုရင် အောက်ထပ်က မှိုတက်၊ ခြစားတာမျိုး ရှိတတ်ပြီး အရမ်းအေးတဲ့ အခန်းမျိုးနဲ့လည်း တိုးတတ်တယ်ဆိုတာကိုလည်း သတိထားရပါမယ်။

တချို့ ဒေသခံလူမျိုးတွေနဲ့ ပင်စင်စားတွေက သူတို့ကိုယ်တိုင် အိမ်မှာလည်း မနေနိုင်၊ အပန်းဖြေခရီးလည်း မကြာမကြာ ထွက် လိုတော့ အိမ်ကို မနေဘဲ ပစ်ထားရမယ့် အတူတူ ဈေးနည်းနည်း လျှော့ရင် လျှော့ပေးပါရစေ။ ပြု ပြင်ထိန်းသိမ်းမှု- Maintenance လုပ်တတ် ကိုင်တတ်သူကို ရှာလေ့ရှိပါတယ်။ ကိုယ်ကလည်း အဲဒီလိုမျိုး အိမ်ရှင်နဲ့ တွေ့ရင်တော့ ငြိမ်နေလို့ရပါပြီ။ တစ်ပတ်တန် သည် တစ်လတန်သည် သန့်ရှင်းရေး လုပ်ထားပြီးတဲ့ ဓာတ်ပုံတွေကို အီး မေးကနေ မှန်မှန်ပို့နေရုံပါပဲ။ တစ် လ ဒေါ်လာ ၂ဝဝဝ တန် အိမ်တစ်လုံးကို သူငယ်ချင်း ၅ ယောက်လောက် စုပြီး အပြတ်ငှားလိုက်တော့ တစ်ယောက်ကို ၄ဝဝ လောက်ပဲ ကျတော့တာမျိုး လည်း ရှိသေးတယ်။ ရေဖိုး၊ မီးဖိုး၊ အမှိုက် ပုံးခ၊ အင်တာနက် အားလုံးမျှရှယ် လိုက်တဲ့အခါ အိမ်ကောင်းကောင်း လည်း နေရတယ်။ စိတ်တိုင်းလည်း ကျတယ်။ တစ်ယောက်ကို ၄၈ဝ လောက်ပဲ ကျတဲ့ အငှားအရမ်းမျိုး ကိုလည်း ကြားဖူးပါတယ်။

Microwave Oven

တန်းလျား၊ ကွန်ဒိုမီယမ်မှာ အဝတ်လှန်းခွင့် မရှိတာက မြန်မာတွေအတွက် ပြဿနာပါ။ အများသုံး အကြွေစေ့ အဝတ်လျှော်စက် မှာပဲ သွားလျှော်ရပါတယ်။ တီဗွီအင်တာနာကို အပြင် လူမြင်ကွင်းမှာ ပေးမထောင်ပါဘူး။ Indoor Antena ကို အိမ်တွင်းမှာပဲ ထားရပါတယ်။ မီးဖိုချောင်မှာ မိုက်ခရိုဝေ့အာဗင်–Microwave Oven ၁ လုံးနဲ့ ၂ ထပ်ရေခဲသေတ္တာ
၁ လုံး အဆင်သင့် ပါပြီးသား ပါ။ ရေဖိုးမပေးရတဲ့အခန်းမျိုး ရှိသလို ၁ လ ရေဖိုး ဒေါ်လာ ၇ဝ လောက်ကုန်တဲ့ အခန်းမျိုးလည်း ရှိတယ်။ အမှိုက်ပုံးကြေး မပေးရပေ မယ့် မီတာခ၊
အင်တာနက်ခ၊ ကြိုးဖုန်းခ (သုံးခဲ့ရင်) တွေကို ကိုယ်တိုင် အကုန်အကျခံရမှာပါ။ ကားပါ ကင်ခ မပေးရသလို ဧည့်သည် အတွက် Guest Parking တွေထားရှိပေးပါတယ်။
သူများပါကင်မှာ ခဏလေးရပ်တာပဲ ဘာမှမဖြစ်ပါဘူးဆိုပြီး သွားတော့ မရပ်လိုက် ပါနဲ့။ မန်နေဂျာသိအောင် တစ်ယောက်ယောက်က သွားတိုင်လိုက်လို့ ကားဆွဲတဲ့ကား-Tow Truck
နဲ့ ဆွဲသွားရင် နီးစပ်ရာလေဆိပ် တစ်ခုခုမှာ ဒေါ်လာ ၃၉ဝ ပေးပြီး ပြန်သွားရွေးရဖွယ် ရှိပါတယ်။ ငှားခအနေနဲ့ အိပ်ခန်း ၃ ခန်း၊ အိမ်သာ + ရေချိုးခန်း ၂ ခန်းဆို ရင် ၁ လကို
၁၅၅ဝ ဒေါ်လာရှိပြီး လုံခြုံရေးခြံဝန်းတံခါး- Security Gates ပါတဲ့ Apartment ဆိုရင် ဒေါ်လာ ၅ဝ ခန့် ပိုပေးရပါလိမ့်မယ်။

ကောင်းကွက်ချည်းပဲ ပြောနေလို့ မဖြစ်ပါဘူး။ ဆင်ခြင်ဖို့ ကိစ္စလေးတွေရှိပါတယ်။ ဒီမိုကရေစီနိုင်ငံမို့လို့ ငါလုပ်ချင်သလို လုပ်လို့ရ တယ်။ ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာ မလိုဘူးလို့
အပိုင် တွက်ထားလို့ မရပါ။ ကိုယ့်အခန်း မှာကိုယ် လူစုံစားသောက်ပွဲ- Party လုပ်တဲ့အခါမျိုး၊ တစ်ယောက်ကို ဟင်းတစ်မျိုးစီ ယူလာပြီး စုပေါင်း စားသောက်ပွဲ- Potluck
လုပ်တဲ့ အခါမျိုး၊ အသားကင်- Barbecue လုပ်တဲ့အခါမျိုး၊ လူအများလာနိုင်တဲ့ မွေးနေ့ပွဲကျင်းပတဲ့အခါမျိုးမှာ နေ့လယ်နေ့ခင်းဘက်ဆိုရင် ပြဿနာမရှိပါဘူး။ ညနက်နိုင်တဲ့ အခြေအနေရှိရင်
တိုက်ခန်းတွဲ မန်နေဂျာနဲ့ ဘေးအိမ်နီးချင်းတွေကို ကြိုတင်အသိပေး ခွင့်တောင်းသင့်ပါတယ်။ အသံဆူဆူ မလုပ်ရဘူးလို့ မှာထားတဲ့ စည်းကမ်းကြီး မန်နေဂျာတွေ ရှိတယ်လို့ ကြားဖူးပါတယ်။
ထစ်ခနဲဆို တိုင်တတ်၊ ရစ် တတ်တဲ့ အခန်းနီးနားချင်းတွေ ရှိရင်လည်း သတိထားရပါမယ်။ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး ဖြေရှင်းနည်းကတော့ ဆူညံပွဲလုပ် မယ်ဆို ရင် သူတို့ကို
ကြိုတင် အကြောင်းကြားရင်းနဲ့ အစားအသောက် အရင်ပို့ပေးတဲ့နည်းပါပဲ။

ကိုယ်ပိုင်အိမ်နဲ့ နေဖို့က အခြေချနေထိုင်သူအားလုံးရဲ့ အနာဂတ်အိပ်မက်ပါ။ အိမ် ၁ လုံး ဒေါ်လာ ၄၊ ၅ သိန်းဆိုတော့ တော်ရုံတန်ရုံ မဝယ်နိုင်ကြပါဘူး။ အနှစ် ၃ဝ ချေးငွေ- Fiancing and Mortgage Payment နဲ့ ဝယ်နိုင်ဖို့ လိုအပ်ချက်- Requirment တော်တော် များတာမို့လို့ အငှား ဘဝနဲ့ပဲ ကျေနပ်ကြရတဲ့ မြန်မာ များအဖို့တော့ အိပ်မက်လို့သာ ဆိုလိုက်ချင်ပါတော့တယ်။

Credit: Myanmar Market

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service